မန္တလေးတွင် နေအိမ်ရှေ့ ထိုင်နေသည့် မိသားစုဝင်သုံးဦး ကားကြိတ်ခံရ

ဓာတ္ပံု - Mandalay Indepth News

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်းတွင် ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာမှ နေအိမ်ရှေ့ လမ်းမပေါ်တွင် ထိုင်နေသည့် မိသားစုသုံးဦးအပေါ် ပိမိပြီး (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

နိုင်ဝင်ဘာ ၂၂ ရက် နေ့လယ်က မန္တလေးမြို့ ကန်တော်ကြီးပတ်လမ်း နှလုံးသားဥယျာဉ် မြောက်ဘက်ပေါက် အနီးတွင် ဒိုင်နာကား(သဲကား)တစ်စီး လမ်းကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ နေအိမ်ရှေ့ လမ်းဘေးတွင် ထိုင်နေသည့် အသက်(၂၅)နှစ်၊ အသက်(၄)နှစ်နှင့် အ သက်(၁)နှစ်အရွယ် သားအမိသုံးဦးအပေါ် ပိမိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်း၌ ဖော်ပြထား သည်။

အဆိုပါ ယာဉ်တိမ်းမှောက်ပိမိမှုကြောင့် အသက်(၄)နှစ်အရွယ် မိန်းကလေးငယ် နေရာတွင် သေဆုံးခဲ့ပြီး အသက်(၂၅)နှစ်အရွယ် အမျိုးသမီးနှင့် (၁)နှစ်အရွယ် ကလေးငယ်တို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ မန္တလေးမြို့ မင်းတဲအီကင်းရပ်နေ အသက်(၆၅)နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ယာဉ်အမှုစစ်ဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မှုများကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက် ရှိသည်။

#Zawgyi

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်းတွင် ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာမှ နေအိမ်ရှေ့ လမ်းမပေါ်တွင် ထိုင်နေသည့် မိသားစုသုံးဦးအပေါ် ပိမိပြီး လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

နိုင်ဝင်ဘာ(၂၂)ရက် နေ့လည်ပိုင်းက မန္တလေးမြို့ ကန်တော်ကြီးပတ်လမ်း၊ နှလုံးသားဥယျာဉ် မြောက်ဘက်ပေါက်အနီးတွင် ဒိုင်နာကား(သဲကား)တစ်စီး လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ နေအိမ်ရှေ့ လမ်းဘေးတွင် ထိုင်နေသည့် အသက်(၂၅)၊ အသက်(၄)နှစ်နှင့် အသက်(၁)နှစ်အရွယ် သားအမိသုံးဦးအပေါ် ပိမိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိမ်းမှောက် ပိမိမှုကြောင့် အသက်(၄)နှစ်အရွယ် မိန်းကလေးငယ်မှာ နေရာတွင် သေဆုံးခဲ့ပြီး အသက်(၂၅)နှစ်အရွယ် အမျိုးသမီးနှင့် (၁)နှစ်အရွယ် ကလေးငယ်တို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ မန္တလေးမြို့ မင်းတဲအီကင်းရပ်နေ အသက်(၆၅)နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ယာဉ်အမှုစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မှုများကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျှက်ရှိသည်။