ဖင်လန်နိုင်ငံကမ်းခြေတစ်ခုမှာ ဘောလုံးတစ်လုံးအရွယ် ထောင်နဲ့ချီတဲ့ ရေခဲဥတွေလွှမ်း

Photo: Risto Mattila, Sirpatero, Tarjuliini

ဖင်လန်နိုင်ငံက ကမ်းခြေတစ်ခုမှာ ထောင်နဲ့ချီတဲ့ ရေခဲလုံး ရေခဲဥတွေလွှမ်းနေတာတွေ့ရတာကြောင့် သုတေသီတွေ စိတ်ဝင်စားနေကြပါတယ်။

ဒီရေခဲလုံး ရေခဲဥတွေကို စတင်တွေ့ရှိခဲ့တာကတော့ သုတေသီတွေမဟုတ်ပဲ သာမန်အရပ်သားတစ်ဦးသာဖြစ်ပါတယ်။ ရစ္စတို မက်တီလာဆိုသူနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ တနင်္ဂနွေနေ့က ဖင်လန်နိုင်ငံ ဟိုင်လူအိုတို ကျွန်းက မာဂျန်နီမီကမ်းခြေတလျှောက်မှာ လမ်းလျှောက်ရင်း အဲဒီ ရေခဲဥတွေကိုတွေ့တာကြောင့် ဓာတ်ပုံမှတ်တမ်းတင်ခဲ့တာပါ။ ရေခဲဥတွေဟာ ကမ်းခြေတလျှောက် ၉၈ ပေလောက်ဖုံးလွှမ်းနေပါတယ်။

Photo: Risto Mattila, Sirpatero, Tarjuliini
Photo: Risto Mattila, Sirpatero, Tarjuliini

အကြီးဆုံးဥတွေဟာ လူတွေကန်တဲ့ ဘောလုံးတစ်လုံးအရွယ်လောက်ရှိတယ်ဗျ။ အံ့သြစရာမြင်ကွင်းတစ်ခုပါပဲ။ ကျွန်တော် တစ်ခါမှ ဒါမျိုးမမြင်ဖူးခဲ့ဘူး”လို့ မက်တီလာကပြောပါတယ်။ မက်တီလာဟာ အပျော်တမ်း ဓာတ်ပုံဆရာတစ်ယောက်လဲဖြစ်ပါတယ်။

Photo: Risto Mattila, Sirpatero, Tarjuliini

ဖင်လန်နိုင်ငံ မိုးလေ၀သနဲ့ဇလဗေဒဌာနက ရေခဲကျွမ်းကျင်သူ ဂျိုနီဗီယာနီယိုကတော့ ခုအဖြစ်အပျက်ဟာ သာမန်မဟုတ်ပေမယ့် ရာသီဥတုအခြေအနေအရ တခါတစ်လေတော့ ဒါမျိုးဖြစ်လာနိုင်ပါတယ်လို့ဆိုပါတယ်။

သုညဒီဂရီအောက်လေထုအပူချိန်နဲ့ ရေခဲမှတ်နားနီးတဲ့ ရေအပူချိန်တို့ အရ ကမ်းစပ်ကိုရိုက်ခတ်လာတဲ့လှိုင်းတွေဟာ ရေခဲဥတွေဖြစ်သွားနိုင်ချေရှိပါတယ်”လို့ သူကပြောပါတယ်။

Photo: Risto Mattila, Sirpatero, Tarjuliini

Ref: Thousands of rare ‘ice eggs’ found on beach in Finland


#Zawgyi Version

ဖင္လန္ႏိုင္ငံက ကမ္းေျခတစ္ခုမွာ ေထာင္နဲ႔ခ်ီတဲ့ ေရခဲလုံး ေရခဲဥေတြလႊမ္းေနတာေတြ႕ရတာေၾကာင့္ သုေတသီေတြ စိတ္ဝင္စားေနၾကပါတယ္။

ဒီေရခဲလုံး ေရခဲဥေတြကို စတင္ေတြ႕ရွိခဲ့တာကေတာ့ သုေတသီေတြမဟုတ္ပဲ သာမန္အရပ္သားတစ္ဦးသာျဖစ္ပါတယ္။ ရစၥတို မက္တီလာဆိုသူနဲ႔ သူ႔ရဲ႕ဇနီးျဖစ္သူတို႔ဟာ တနဂၤေႏြေန႔က ဖင္လန္ႏိုင္ငံ ဟိုင္လူအိုတို ကြၽန္းက မာဂ်န္နီမီကမ္းေျခတေလွ်ာက္မွာ လမ္းေလွ်ာက္ရင္း အဲဒီ ေရခဲဥေတြကိုေတြ႕တာေၾကာင့္ ဓာတ္ပုံမွတ္တမ္းတင္ခဲ့တာပါ။ ေရခဲဥေတြဟာ ကမ္းေျခတေလွ်ာက္ ၉၈ ေပေလာက္ဖုံးလႊမ္းေနပါတယ္။

”အႀကီးဆုံးဥေတြဟာ လူေတြကန္တဲ့ ေဘာလုံးတစ္လုံးအ႐ြယ္ေလာက္ရွိတယ္ဗ်။ အံ့ၾသစရာျမင္ကြင္းတစ္ခုပါပဲ။ ကြၽန္ေတာ္ တစ္ခါမွ ဒါမ်ိဳးမျမင္ဖူးခဲ့ဘူး”လို႔ မက္တီလာကေျပာပါတယ္။ မက္တီလာဟာ အေပ်ာ္တမ္း ဓာတ္ပုံဆရာတစ္ေယာက္လဲျဖစ္ပါတယ္။

ဖင္လန္ႏိုင္ငံ မိုးေလ၀သနဲ႔ဇလေဗဒဌာနက ေရခဲကြၽမ္းက်င္သူ ဂ်ိဳနီဗီယာနီယိုကေတာ့ ခုအျဖစ္အပ်က္ဟာ သာမန္မဟုတ္ေပမယ့္ ရာသီဥတုအေျခအေနအရ တခါတစ္ေလေတာ့ ဒါမ်ိဳးျဖစ္လာႏိုင္ပါတယ္လို႔ဆိုပါတယ္။

”သုညဒီဂရီေအာက္ေလထုအပူခ်ိန္နဲ႔ ေရခဲမွတ္နားနီးတဲ့ ေရအပူခ်ိန္တို႔ အရ ကမ္းစပ္ကို႐ိုက္ခတ္လာတဲ့လႈိင္းေတြဟာ ေရခဲဥေတြျဖစ္သြားႏိုင္ေခ်ရွိပါတယ္”လို႔ သူကေျပာပါတယ္။

Ref: Thousands of rare ‘ice eggs’ found on beach in Finland