Sponsored

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ညက တရားမဝင်သစ်များ တင်ဆောင်လာတဲ့ ယာဉ် ၁ စီးကို ဒေသခံပြည်သူတွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရွှေသောင်ယံရဲစခန်းရှေ့က ဖြတ်သန်းမောင်းနှင်လာတဲ့ နံပါတ်ပြား တပ်ဆင်မထားတဲ့ သစ်တင်ယာဉ်ကို ရဲစခန်းက မဖမ်းဆီးတာကြောင့် ဒေသခံတွေက အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေကို သတင်းပေးပို့ပြီး အတူပူးပေါင်းဖမ်းဆီးခဲ့တာလို့ ရွှေသောင်ယံမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ဒီဗွီဘီကိုပြောပါတယ်။

Photo: မင်းထက်မုန်း

ရဲစခန်းက ဖမ်းမယ်ထင်နေတာ၊ မဖမ်းတော့ ကျနော်တို့ အဖွဲ့က ဖမ်းလိုက်တာပါ။ ဒေသခံတွေ သတင်းပေးတာ၊ မြို့ခံတွေကလည်း ပြောနေတာရှိတယ်၊ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့က လိုင်းကြေးယူနေတယ်လို့ ထင်နေတာ၊ အုပ်ချုပ်ရေးအဖွဲ့တွေ နာမည်ပျက်ရပါတယ်။”

Sponsored

တရားမဝင် သစ်တွေ တင်ဆောင်လာတဲ့ယာဉ်မောင်း ကျော်မင်းဦးနဲ့ ယာဉ်နောက်လိုက် ၂ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်နေပြီး သစ်တောဦးစီးဌာနကိုလည်း အမှုဖွင့် တိုင်ကြားဖို့အတွက် အကြောင်းကြားတာတွေ ညတွင်းချင်း ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။‌

ဖမ်းမိခဲ့တဲ့ သစ်တွေရဲ့ တန်ချိန်နဲ့ တန်ဖိုး ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လည် ၁ နာရီအချိန်ထိ တာဝန်ရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ လာရောက်စစ်ဆေးတာမရှိသေးလို့ အတိအကျ မသိရသေးဘူးလို့ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနောင်နောင်က ပြောပါတယ်။

ရွှေသောင်ယံမြို့ ရခိုင်ရိုးမအအတွင်းရှိ သစ်ပင်တွေကို တရားမဝင် ခုတ်လှဲပြီး ကားနဲ့ တင်ဆောင်ကာ မြို့ကို ဖြတ်သန်းသွားလာနိုင်ဖို့အတွက် ဖောက်လုပ်ထားတဲ့ တရားမဝင် သစ်ကားလမ်း နှစ်လမ်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းထက်မုန်း(ပုသိမ်)

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *