Sponsored

နိုင်ငံကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်က စွဲမက်ဖွယ်အလှနဲ့ အမိုက်စားဝတ်စားဆင်ယင်မှုတွေကြောင့် ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားသူတစ်ယောက်ပါ။ သင်ဇာဝင့်ကျော်က အောင်မြင်တဲ့ အနုပညာရှင်ဖြစ်တဲ့အလျောက် ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ခံရလေ့ရှိသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

သင်ဇာဝင့်ကျော်

သူမရဲ့ အမိုက်စား ဆက်စီကျကျ ဖက်ရှင်တွေကြောင့် ပရိသတ်တွေ အမြဲလိုလို ဟင်ခနဲဟာခနဲ ဖြစ်စေတဲ့နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပြီး ဝေဖန်တိုက်ခိုက်သူတွေကို နည်းနည်းမှ ဂရုမစိုက်ဘဲ သူမအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်လို့တောင်ဆိုရမှာပါ ။

သင်ဇာဝင့်ကျော်

လတ်တလောမှာတော့ သင်ဇာက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရည်းစားဟောင်းဆီ သူမရဲ့ အဝတ်ဗလာနဲ့ပုံရိပ်အချို့ကို မြန်မာတစ်ယောက်ကပို့ခဲ့တဲ့ကြောင်းရေးသားဖော်ပြထားတာတွေ့ရပါတယ် ။ မြန်မာလူမျိုးတချို့ရဲ့စိတ်ဓာတ်လေးတွေအတော့်ကိုဆိုးရွားနေပါလား… speechless ပဲ ပြတ်သွားတဲ့ ex တောင်အေးဆေးမနေရရှာဘူး… သူ့ဆီတောင်သွားပို့တာနော်… ဒါသက်သက် မခန့်တာ ဆိုတဲ့စာသားနဲ့အတူ ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။

Sponsored

သူမဟာ ဆက်စီမော်ဒယ် တစ်ယောက်ဖြစ်တဲ့အပြင် အမြဲလိုလို အလန်းစား အမိုက်စား ဖက်ရှင်တွေနဲ့ လှပနေတဲ့သူဖြစ်ပြီး အခုသူမရဲ့ ရည်းစားဟောင်းဆီပို့လိုက်တဲ့ ပုံတွေကလည်း သူမ အဝတ်လဲခန်းက ပုံရိပ်အချို့သာဖြစ်ပါတယ် ။

သင်ဇာဝင့်ကျော်

ပရိသတ်တွေကတော့ ဒီလိုလူတွေကို ဂရုမစိုက်ဘဲ ကိုယ့်အလုပ်သာကိုယ်ဆက်လုပ်ပါ လို့အားပေးစကားတွေပြောထားကြတာတွေ့ရပါတယ် ။ တချို့သော မြန်မာလူမျိုးတွေရဲ့ သေးသိမ်ညံ့ဖျင်းတဲ့ လုပ်ရပ်တွေကတော့ တကယ်ကိုအရှက်ရစရာပါပဲ ပရိသတ်ကြီးရေ..။ သင်ဇာကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးကလည်း သင်ဇာအတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော် ။

Source : Thinzar Wint Kyaw

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *