Sponsored

သင်္ကြန် ရုံးပိတ်ရက် ၁၀ ရက်မှာ မဖြစ်မနေ လုပ်ရမယ့်ကိစ္စတွေကလွဲပြီး အပြင်မထွက်ကြဘဲ အိမ်မှာပဲ နေကြဖို့နဲ့ ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားလိုက်ပါတယ်။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ အကြောင်းကြားချက်အရ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်နေ့အထိ အိမ်မှာနေထိုင်ပြီး အသွားအလာ ကန့်သတ်တဲ့အစီအစဉ်မှာ ပါဝင်ကြဖို့ စာနဲ့ထုတ်ပြန်လိုက်တာပါ။

သင်္ကြန်ပွဲတော်

ကျန်းမာရေးကိစ္စနဲ့ အစားအသောက် ဝယ်ယူတာကလွဲလို့ မိမိတို့အိမ်မှာ နေထိုင်တဲ့ လုပ်ငန်းစဉ်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ရေး ကြပ်မတ်လုပ်ဆောင်ဖို့ ခရိုင်၊ မြို့နယ်အဆင့်ကော်မတီတွေကို ညွှန်ကြားစာပို့ထားပါတယ်။

Sponsored

ရန်ကုန်တိုင်းဒေသကြီး Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး လက်မှတ်ထိုးပြီး ဧပြီ ၂ရက်နေ့က စာပို့ထားတာ ဖြစ်ပါတယ်။ ညွှန်ကြားစာအရ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအထိ ညွှန်ကြားထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေကို နှိုးဆော်ရမှာ ဖြစ်ပါတယ်။

Photo: DVB

ဒီစာကို မြို့နယ်နဲ့ ရပ်ကွက်တွေကလည်း ထပ်ဆင့်ထုတ်ပြန်လိုက်ကြသလို သင်္ကြန်ကာလမှာ အုန်းလက်မဏ္ဍပ် အပါအဝင် ဘယ်လို ရေပက်ခံမဏ္ဍပ်ကိုမှ မဆောက်ကြဖို့၊ ရေပက်ခံကားတွေနဲ့ လူစုလှည့်ပတ်တာတွေ မလုပ်ကြဖို့ကိုလည်း ညွှန်ကြားထားပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *