အမႈကိစၥေၾကာင့္ ေဆြမ်ိဳးတခ်ိဳ႕နဲ႕ ျပတ္ေတာက္သြားတဲ့ အလွမယ္သင္းသင္း

အလွမယ္သင္းသင္း

သ႐ုပ္ေဆာင္ေဝဠုေက်ာ္ကို ကာမလိမ္လည္မႈျဖင့္တရားစြဲဆိုထားလိုက္တဲ့ အမႈကိစၥေၾကာင့္ ေဆြမ်ိဳးတခ်ိဳ႕က ေဆြခန္းမ်ိဳးခန္းျဖတ္ခဲ့တာေတြရွိတယ္လို႔ အလွမယ္သင္းသင္းက ေျပာပါတယ္။

ကိုယ့္ထက္သာတဲ့ ေဆြမ်ိဳးအသိုင္းအဝိုင္းေတြက အခုျဖတ္လိုက္ၾကတယ္။ အဲဒီအတြက္မခံစားပါဘူး။ ကိုယ္ေတြ ဘဝျဖတ္သန္းလာတဲ့တေလွ်ာက္လုံးမွာ ေဆြမ်ိဳးဆိုတာ ေ႐ႊရွိမွမ်ိဳးေတာ္တာေလ။ အဲဒီအတြက္မခံစားဘူး။ အဓိကက ကိုယ့္မိသားစုပဲ။ ကိုယ့္ေဘးနားမွာ ကိုယ္အားထားခဲ့တာ ကိုယ့္မိဘကိုယ့္ေမြးခ်င္းေမာင္ႏွမ အဲဒါေတြရွိေနတာ ကိုယ့္အတြက္ အင္အားတခုပဲ။ အဲဒါပဲေခါင္းထဲမွာရွိတယ္

“ ေဆြမ်ိဳးေတြက ေဆြမ်ိဳးျဖတ္လို႔လည္း ဝမ္းမနည္းပါဘူး။ ကိုယ့္ရွိမွ ကိုယ္စားရတာေလ။ ကိုယ္တိုင္ပဲ႐ုန္းကန္ရတာ ျဖစ္တဲ့အတြက္ ေဆြမ်ိဳးေတြကို အားကိုးခဲ့ရင္ အခုခ်ိန္မွာ ဒါမ်ိဳးေတြျဖစ္မွာမဟုတ္ဘူး။ အဓိကက ကိုယ့္ေခါင္းထဲမွာ အေမေပါ့” လို႔ သင္းသင္းကေျပာပါတယ္။

ေဆြမ်ိဳးေတြက ျဖတ္လိုက္ၾကေပမယ့္ အဲဒီအေပၚမွာခံစားမေနဘဲ မိသားစုကသာ အားကိုးရာတခုအျဖစ္ သတ္မွတ္ထားၿပီး စီးပြားေရးမေျပလည္တာမ်ိဳးမ်ားရွိေပမယ့္ အရင္ကတည္းက ျပည့္စုံတဲ့သူမ်ားမဟုတ္ခဲ့တဲ့အတြက္ ျပႆနာမရွိဘူးလို႔ ေျပာပါတယ္။

စီးပြားေရးအေျခအေနကေတာ့ ဒီလိုပါပဲ။ ကိုယ္ေတြက အရင္ကတည္းကျပည့္စုံတဲ့သူေတြမဟုတ္ဘူးေလ။ အဲဒီအတြက္ နည္းနည္းပါးပါးေတာ့ရွိတာေပါ့။ေဝဖန္တိုက္ခိုက္တာ လူ႕ေလာကမွာ ကိုယ္တဦးတည္းမဟုတ္ဘူးေလ။ တိုက္ခိုက္ၾကမွာပဲ။ အဲဒီအတြက္ ဘာမွမေျပာခ်င္ပါဘူး။ တေန႕ေတာ့နားလည္သြားမွာပါ” လို႔ သင္းသင္းကေျပာပါတယ္။

တဖက္က တရားစြဲဆိုထားသူမွာ နာမည္ႀကီး သ႐ုပ္ေဆာင္မင္းသားတဦးျဖစ္တဲ့အတြက္ စတင္တရားစြဲဆိုစဥ္မွ ယခုအခ်ိန္ထိ ေဝဖန္တိုက္ခိုက္မႈမ်ားစြာနဲ႕ ႀကဳံေတြခဲ့ရတဲ့အေပၚမွာလည္း အခုလိုေျပာခဲ့ပါတယ္။

အခုေခတ္မွာက အမ်ိဳးသမီးေတြအေပၚအခြင့္အေရးေပးထားတာကို ယုံၾကည္တယ္။ အဲဒီယုံၾကည္မႈ အတြက္သြားပါမယ္။ အမွန္ေတာ့ ဆိုးဆိုး႐ြား႐ြားအေျပာခံရတာေတြကိုလည္း ကိုယ္မသိဘူး။ မၾကားရမျမင္ရဘူး။ အဲဒီအတြက္ေတာ့ ေျပာခ်င္တဲ့သူကေတာ့ ေျပာေနၾကမွာပဲ” လို႔သင္းသင္းကေျပာပါတယ္။

သူမကိုအားေပးတဲ့သူမ်ားလည္းရွိေနတဲ့အတြက္ သူတို႔အတြက္ အမွန္တရားကို ဆက္လက္ရင္ဆိုင္သြားမယ္ လို႔လည္းေျပာပါတယ္။

အားေပးေနတဲ့ ပရိသတ္ေတြကိုလည္း သစၥာသည္အမွန္တရားပါ။ အဲဒီအမွန္တရားတခုကို လက္ကိုင္ထားပါတယ္။ ယုံၾကည္ေနတဲ့အားေပးေနတဲ့ ပရိသတ္ေတြကိုလည္း က်မအမွန္တရားတခုကို ရေအာင္သြားပါမယ္လို႔ ေျပာခ်င္ပါတယ္။ ေသြးေအးၿပီး ေပ်ာက္ကြယ္သြားရေအာင္လည္း ကေလးကစားစရာမဟုတ္တာေၾကာင့္ မစိုးရိမ္ပါနဲ႕” လို႔သင္းသင္းကေျပာပါတယ္။

ဇန္နဝါရီ ၈ရက္ေန႕က စတင္တရားစြဲဆိုခဲ့ေသာ အဆိုပါအမႈမွာေတာ့ ေဖေဖာ္ဝါရီ ၁၉ရက္ေန႕တြင္ သင္းသင္းဘက္မွ ေဝဠုေက်ာ္နဲ႕စတင္ေတြ႕ဆုံမႈ ၊ တရားစြဲဆိုမႈအထိျဖစ္ခဲ့ရတဲ့အေျခအေနမ်ားကို တရားသူႀကီးေရွ႕ေမွာက္တြင္ ထြက္ဆိုခဲ့ၿပီး အမႈဆက္လက္စစ္ေဆးရန္က်န္ရွိေနပါေသးတယ္။

Via: The Irrawaddy


#Unicode Version

သရုပ်ဆောင်ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့်တရားစွဲဆိုထားလိုက်တဲ့ အမှုကိစ္စကြောင့် ဆွေမျိုးတချို့က ဆွေခန်းမျိုးခန်းဖြတ်ခဲ့တာတွေရှိတယ်လို့ အလှမယ်သင်းသင်းက ပြောပါတယ်။

ကိုယ့်ထက်သာတဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေက အခုဖြတ်လိုက်ကြတယ်။ အဲဒီအတွက်မခံစားပါဘူး။ ကိုယ်တွေ ဘဝဖြတ်သန်းလာတဲ့တလျှောက်လုံးမှာ ဆွေမျိုးဆိုတာ ရွှေရှိမှမျိုးတော်တာလေ။ အဲဒီအတွက်မခံစားဘူး။ အဓိကက ကိုယ့်မိသားစုပဲ။ ကိုယ့်ဘေးနားမှာ ကိုယ်အားထားခဲ့တာ ကိုယ့်မိဘကိုယ့်မွေးချင်းမောင်နှမ အဲဒါတွေရှိနေတာ ကိုယ့်အတွက် အင်အားတခုပဲ။ အဲဒါပဲခေါင်းထဲမှာရှိတယ်

“ ေဆွမျိုးတွေက ဆွေမျိုးဖြတ်လို့လည်း ဝမ်းမနည်းပါဘူး။ ကိုယ့်ရှိမှ ကိုယ်စားရတာလေ။ ကိုယ်တိုင်ပဲရုန်းကန်ရတာ ဖြစ်တဲ့အတွက် ဆွေမျိုးတွေကို အားကိုးခဲ့ရင် အခုချိန်မှာ ဒါမျိုးတွေဖြစ်မှာမဟုတ်ဘူး။ အဓိကက ကိုယ့်ခေါင်းထဲမှာ အမေပေါ့” လို့ သင်းသင်းကပြောပါတယ်။

ဆွေမျိုးတွေက ဖြတ်လိုက်ကြပေမယ့် အဲဒီအပေါ်မှာခံစားမနေဘဲ မိသားစုကသာ အားကိုးရာတခုအဖြစ် သတ်မှတ်ထားပြီး စီးပွားရေးမပြေလည်တာမျိုးများရှိပေမယ့် အရင်ကတည်းက ပြည့်စုံတဲ့သူများမဟုတ်ခဲ့တဲ့အတွက် ပြဿနာမရှိဘူးလို့ ပြောပါတယ်။

စီးပွားရေးအခြေအနေကတော့ ဒီလိုပါပဲ။ ကိုယ်တွေက အရင်ကတည်းကပြည့်စုံတဲ့သူတွေမဟုတ်ဘူးလေ။ အဲဒီအတွက် နည်းနည်းပါးပါးတော့ရှိတာပေါ့။ဝေဖန်တိုက်ခိုက်တာ လူ့လောကမှာ ကိုယ်တဦးတည်းမဟုတ်ဘူးလေ။ တိုက်ခိုက်ကြမှာပဲ။ အဲဒီအတွက် ဘာမှမပြောချင်ပါဘူး။ တနေ့တော့နားလည်သွားမှာပါ” လို့ သင်းသင်းကပြောပါတယ်။

တဖက်က တရားစွဲဆိုထားသူမှာ နာမည်ကြီး သရုပ်ဆောင်မင်းသားတဦးဖြစ်တဲ့အတွက် စတင်တရားစွဲဆိုစဉ်မှ ယခုအချိန်ထိ ဝေဖန်တိုက်ခိုက်မှုများစွာနဲ့ ကြုံတွေခဲ့ရတဲ့အပေါ်မှာလည်း အခုလိုပြောခဲ့ပါတယ်။

အခုခေတ်မှာက အမျိုးသမီးတွေအပေါ်အခွင့်အရေးပေးထားတာကို ယုံကြည်တယ်။ အဲဒီယုံကြည်မှု အတွက်သွားပါမယ်။ အမှန်တော့ ဆိုးဆိုးရွားရွားအပြောခံရတာတွေကိုလည်း ကိုယ်မသိဘူး။ မကြားရမမြင်ရဘူး။ အဲဒီအတွက်တော့ ပြောချင်တဲ့သူကတော့ ပြောနေကြမှာပဲ” လို့သင်းသင်းကပြောပါတယ်။

သူမကိုအားပေးတဲ့သူများလည်းရှိနေတဲ့အတွက် သူတို့အတွက် အမှန်တရားကို ဆက်လက်ရင်ဆိုင်သွားမယ် လို့လည်းပြောပါတယ်။

အားပေးနေတဲ့ ပရိသတ်တွေကိုလည်း သစ္စာသည်အမှန်တရားပါ။ အဲဒီအမှန်တရားတခုကို လက်ကိုင်ထားပါတယ်။ ယုံကြည်နေတဲ့အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျမအမှန်တရားတခုကို ရအောင်သွားပါမယ်လို့ ပြောချင်ပါတယ်။ သွေးအေးပြီး ပျောက်ကွယ်သွားရအောင်လည်း ကလေးကစားစရာမဟုတ်တာကြောင့် မစိုးရိမ်ပါနဲ့” လို့သင်းသင်းကပြောပါတယ်။

ဇန်နဝါရီ ၈ရက်နေ့က စတင်တရားစွဲဆိုခဲ့သော အဆိုပါအမှုမှာတော့ ဖေဖော်ဝါရီ ၁၉ရက်နေ့တွင် သင်းသင်းဘက်မှ ဝေဠုကျော်နဲ့စတင်တွေ့ဆုံမှု ၊ တရားစွဲဆိုမှုအထိဖြစ်ခဲ့ရတဲ့အခြေအနေများကို တရားသူကြီးရှေ့မှောက်တွင် ထွက်ဆိုခဲ့ပြီး အမှုဆက်လက်စစ်ဆေးရန်ကျန်ရှိနေပါသေးတယ်။

Via: The Irrawaddy