မသက္ထားသူဇာ တုိက်ဳိအုိလံပစ္ၿပဳိင္ပြဲ ယွဥ္ၿပဳိင္ခြင့္ရရန္ အခြင့္အေရးရွိေန

ဓာတ္ပံု - သက္ထားသူဇာ

ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္႐ုိက္အားကစားမယ္ မသက္ထားသူဇာဟာ လာမယ့္ ၂၀၂၀ တုိက်ဳိအိုလံပစ္ၿပဳိင္ပဲြမွာ ယွဥ္ၿပဳိင္ခြင့္ရဖုိ႔ ၈၀ ရာခုိင္ႏႈန္းအထိ အခြင့္အေရးရွိေနၿပီျဖစ္ တယ္လုိ႔ ျမန္မာႏိုင္ငံ ၾကက္ေတာင္အဖြဲ႔ခ်ဳပ္ တြဲဖက္အတြင္းေရးမႉး ဦးဘရန္မုိင္ က ေျပာပါတယ္။

အိုလံပစ္ၿပဳိင္ပြဲမွာ ၀င္ၿပဳိင္ခြင့္ရဖုိ႔အတြက္ ကမၻာ့အဆင့္သတ္မွတ္နဲ႔ ၀င္ခြင့္ရႏုိင္သလုိ ႏုိင္ငံတႏုိင္ငံအတြက္ ၀င္ၿပဳိင္ခြင့္ျပဳထားတ့ဲ သတ္မွတ္ခ်က္ လမ္းေၾကာင္းေတြကေန ၀င္ၿပဳိင္ခြင့္ ရႏုိင္တာ ျဖစ္ပါတယ္။

THET HTAR Thuzar Page

ျမန္မာႏုိင္ငံၾကက္ေတာင္အဖြဲ႔ခ်ဳပ္ တဲြဖက္ အေထြေထြအတြင္းေရးမႉး ဦးဘရန္မုိင္က “သက္ထားသူဇာက လက္ရွိကမၻာ့အဆင့္ ၈၄ မွာ ရပ္တည္ေနတယ္။ ၂၀၂၀ ဧၿပီလအထိ ၿပဳိင္ပဲြ ၈ ပဲြေလာက္ ၀င္ၿပဳိင္ဖုိ႔ရွိေသးတဲ့အတြက္ ကမၻာ့အဆင့္က ျမင့္တက္လာဦးမွာပါ။ အုိလံပစ္ၿပဳိင္ပဲြ ၀င္ခြင့္ရဖုိ႔ အဆင့္၄၀ ေအာက္မွာရွိဖုိ႔လုိတာေၾကာင့္ သူသာၿပဳိင္ပဲြေတြမွာ ေအာင္ျမင္ခဲ့ရင္ ေသခ်ာ ေပါက္ အဆင့္ျမင့္တက္လာမွာပါ။”လို႔ေျပာပါတယ္။

ဒါ့အျပင္ မသက္ထားသူဇာကို အုိလံပစ္ပဲြမွာ ၀င္ၿပဳိင္ခြင့္ျပဳဖုိ႔ အတြက္ ျမန္မာႏုိင္ငံ အုိလံပစ္ေကာ္မတီကေနတဆင့္ ေလွ်ာက္ထားဖို႔ ႀကဳိးစားႏိုင္တယ္လို႔လည္း ဦးဘရန္မုိင္ ကေျပာပါတယ္။

ဓာတ္ပံု – သက္ထားသူဇာ

“ေနာက္တနည္းကေတာ့ က်ေနာ္တုိ႔အဖြဲ႔ခ်ဳပ္ကေနတဆင့္ ကမၻာ့ၾကက္ေတာင္အဖြဲ႔ခ်ဳပ္ကုိ ၀င္ၿပဳိင္ခြင့္ေတာင္းခံတာပါ။ အုိလံပစ္ၿပဳိင္ပဲြကုိ ႏုိင္ငံတႏုိင္ငံက ကစားသမား ၄ ဦးကေန ၆ဦးအထိ ယွဥ္ၿပဳိင္ခြင့္ျပဳပါတယ္။ သူက ၿပဳိင္ပဲြေတြ ေတာက္ေလွ်ာက္ ယွဥ္ၿပဳိင္လာတာျဖစ္လုိ႔ အာရွၾကက္ေတာင္အဖြဲ႔ခ်ဳပ္ရဲ့ ခ်ီးက်ဴးမႈလည္း ခံရပါတယ္။ က်ေနာ္တုိ႔ ႏုိင္ငံက အုိလံပစ္ေကာ္မတီကေနတဆင့္ သက္ထားသူဇာကုိ အုိလံပစ္ပဲြမွာ ၀င္ၿပဳိင္ခြင့္ျပဳဖုိ႔ အတြက္ ေလွ်ာက္ထားမယ္ဆုိရင္ ဟုိဘက္ကသူ႔ရဲ့ ၿပဳိင္ပဲြအေျခအေနကုိ စစ္ေဆးၿပီး ၀င္ၿပဳိင္ခြင့္ ေပးလုိ႔ရပါတယ္။ သက္ထားသူဇာ က အာရွအုိလံပစ္အစီအစဥ္က ေ႐ြးခ်ယ္ထားတဲ့ ကစားသမား တဦးျဖစ္တဲ့အတြက္ ယွဥ္ၿပဳိင္ခြင့္ရဖုိ႔က ၈၀ ရာခုိင္ႏႈန္းေလာက္ရွိပါတယ္။ အခု ဒိန္းမတ္မွာဆက္ၿပီး ေလ့က်င့္ေနတယ္ဆုိတာကလည္း အာရွတုိက္ကေန အေယာက္ ၂၀ ပဲေ႐ြးတဲ့ အာရွအုိလံပစ္ အစီအစဥ္ရဲ့ အေထာက္အပံ့နဲ႔ျဖစ္ပါတယ္

ဓာတ္ပံု – သက္ထားသူဇာ

မသက္ထားသူဇာဟာ လက္ရွိအခ်ိန္မွာ ဒိန္းမတ္ႏုိင္ငံမွာ ေလ့က်င့္ေနၿပီး ႏုိင္ဂ်ီးရီးယာ၊ အီဂ်စ္နဲ႔ တျခားႏုိင္ငံကတာၿပဳိင္ပဲြေတြကုိ ဆက္ၿပီး ယွဥ္ၿပဳိင္သြားမွာျဖစ္ပါတယ္။

ကမၻာ့အဆင့္ ၿပဳိင္ပဲြေတြအျဖစ္ သတ္မွတ္ထားတဲ့ ၾကက္ေတာင္ ခ်ဲလင့္ၿပဳိင္ပဲြနဲ႔ စီးရီးၿပဳိင္ပဲြေတြမွာ အႏုိင္ရၿပီး ခ်န္ပီယံျဖစ္ခဲ့မယ္ဆုိရင္ ရမွတ္ ၂၅၀၀ ခန္႔ ရရွိႏုိင္တယ္လုိ႔ သိရပါတယ္။

ယခုသတင္းအား DVB Multimedia Group မွဝယ္ယူျပီး တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္။


#Unicode version

မြန်မာ့လက်ရွေးစင် ကြက်တောင်ရိုက်အားကစားမယ် မသက်ထားသူဇာဟာ လာမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့ ၈၀ ရာခိုင်နှုန်းအထိ အခွင့်အရေးရှိနေပြီဖြစ် တယ်လို့ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးဘရန်မိုင် က ပြောပါတယ်။

အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရဖို့အတွက် ကမ္ဘာ့အဆင့်သတ်မှတ်နဲ့ ဝင်ခွင့်ရနိုင်သလို နိုင်ငံတနိုင်ငံအတွက် ဝင်ပြိုင်ခွင့်ပြုထားတဲ့ သတ်မှတ်ချက် လမ်းကြောင်းတွေကနေ ဝင်ပြိုင်ခွင့် ရနိုင်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဘရန်မိုင်က “သက်ထားသူဇာက လက်ရှိကမ္ဘာ့အဆင့် ၈၄ မှာ ရပ်တည်နေတယ်။ ၂၀၂၀ ဧပြီလအထိ ပြိုင်ပွဲ ၈ ပွဲလောက် ဝင်ပြိုင်ဖို့ရှိသေးတဲ့အတွက် ကမ္ဘာ့အဆင့်က မြင့်တက်လာဦးမှာပါ။ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့ အဆင့်၄၀ အောက်မှာရှိဖို့လိုတာကြောင့် သူသာပြိုင်ပွဲတွေမှာ အောင်မြင်ခဲ့ရင် သေချာ ပေါက် အဆင့်မြင့်တက်လာမှာပါ။”လို့ပြောပါတယ်။

ဒါ့အပြင် မသက်ထားသူဇာကို အိုလံပစ်ပွဲမှာ ဝင်ပြိုင်ခွင့်ပြုဖို့ အတွက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကနေတဆင့် လျှောက်ထားဖို့ ကြိုးစားနိုင်တယ်လို့လည်း ဦးဘရန်မိုင် ကပြောပါတယ်။

“နောက်တနည်းကတော့ ကျနော်တို့အဖွဲ့ချုပ်ကနေတဆင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကို ဝင်ပြိုင်ခွင့်တောင်းခံတာပါ။ အိုလံပစ်ပြိုင်ပွဲကို နိုင်ငံတနိုင်ငံက ကစားသမား ၄ ဦးကနေ ၆ဦးအထိ ယှဉ်ပြိုင်ခွင့်ပြုပါတယ်။ သူက ပြိုင်ပွဲတွေ တောက်လျှောက် ယှဉ်ပြိုင်လာတာဖြစ်လို့ အာရှကြက်တောင်အဖွဲ့ချုပ်ရဲ့ ချီးကျူးမှုလည်း ခံရပါတယ်။ ကျနော်တို့ နိုင်ငံက အိုလံပစ်ကော်မတီကနေတဆင့် သက်ထားသူဇာကို အိုလံပစ်ပွဲမှာ ဝင်ပြိုင်ခွင့်ပြုဖို့ အတွက် လျှောက်ထားမယ်ဆိုရင် ဟိုဘက်ကသူ့ရဲ့ ပြိုင်ပွဲအခြေအနေကို စစ်ဆေးပြီး ဝင်ပြိုင်ခွင့် ပေးလို့ရပါတယ်။ သက်ထားသူဇာ က အာရှအိုလံပစ်အစီအစဉ်က ရွေးချယ်ထားတဲ့ ကစားသမား တဦးဖြစ်တဲ့အတွက် ယှဉ်ပြိုင်ခွင့်ရဖို့က ၈၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အခု ဒိန်းမတ်မှာဆက်ပြီး လေ့ကျင့်နေတယ်ဆိုတာကလည်း အာရှတိုက်ကနေ အယောက် ၂၀ ပဲရွေးတဲ့ အာရှအိုလံပစ် အစီအစဉ်ရဲ့ အထောက်အပံ့နဲ့ဖြစ်ပါတယ်

မသက်ထားသူဇာဟာ လက်ရှိအချိန်မှာ ဒိန်းမတ်နိုင်ငံမှာ လေ့ကျင့်နေပြီး နိုင်ဂျီးရီးယာ၊ အီဂျစ်နဲ့ တခြားနိုင်ငံကတာပြိုင်ပွဲတွေကို ဆက်ပြီး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေအဖြစ် သတ်မှတ်ထားတဲ့ ကြက်တောင် ချဲလင့်ပြိုင်ပွဲနဲ့ စီးရီးပြိုင်ပွဲတွေမှာ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ရမှတ် ၂၅၀၀ ခန့် ရရှိနိုင်တယ်လို့ သိရပါတယ်။

ယခုသတင်းအား DVB Multimedia Group မှဝယ်ယူပြီး တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။