ေၾကာက္လက္တာ၊ ေသးေတာ့မယ္ဆိုတဲ့ ဆရာသကၠမုိးညဳိ

သကၠမုိးညဳိ

ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တဲ့ အျဖစ္အပ်က္ အျပည့္အစံုကုိ ျပန္ေျပာျပတဲ့ ဆရာသကၠမုိးညဳိ

မေန႕က လူႏွစ္ေယာက္ လာခဲ့တာနဲ႕ ပတ္သက္ၿပီး အိမ္မွာ CCTV တပ္ဖို႕ လင္းကြန္ပ်ဴတာ မိုဘိုင္းဆိုင္မွာ သြား၀ယ္တယ္။ စီစီတီဗီက ဖုန္းနဲ႕ ခ်ိတ္ဆက္ ၾကည့္ရမွာ ျဖစ္လို႕ ဖုန္းထဲကို ေဆာ့ဖ္၀ဲလ္ ထည့္ခိုင္းေနတာကို ကိုယ္ေတာ္ေတြက ဘာထင္ သလဲ မသိဘူး။ ညီေလး ၊ ေမးစရာ ရိွလို႕ စခန္းလိုက္ခဲ့ပါတဲ့။ ဘာလို႕ လိုက္ရမွာတုန္း၊ ကၽြန္ေတာ္ဟာ အရာရိွတေယာက္၊ ကၽြန္ေတာ့္ကို အဲသည္လို ေခၚခ်င္ရင္ ဌာနဆိုင္ရာအႀကီးအထဲ ခြင့္ျပဳခ်က္ ပါရမယ္လို႕ ေျပာခဲ့တယ္။ ဌာနအခ်င္းခ်င္း ဆက္သြြယ္ ထားၿပီးသား လို႕ ေျပာတယ္။ (မနက္ ၈နာရီေက်ာ္ေက်ာ္မွာ ကၽြန္ေတာ္တို႕ ဌာနကိုျဖစ္ျဖစ္၊ ၀န္ႀကီးဌာနကို ျဖစ္ျဖစ္ ဆက္သြြယ္ထားတာ မရိွရင္ လိမ္တာပါ)

သကၠမိုးညိဳ ေဖ့ဘြတ္

ကၽြန္ေတာ္ မလိုက္ႏိုင္ဘူး ျငင္းေတာ့ ခရိုင္မွဴးဆိုသူနဲ႕ လက္နက္ကိုင္ေတြ ထပ္ေရာက္လာတယ္။ ရာဇ၀င္ လူဆိုးႀကီး ဖမ္းတာ က်ေနတာပဲ။ ထားေတာ့ လိုက္သြားတယ္။ ဟိုမွာ ကၽြန္ေတာ့္ကို ပ်ဥ္းမနား ၿမိဳ႕နယ္မွဴးက အီလက္ထေရာနစ္ ဆက္သြြယ္ေရး ဥပေဒ ၃၄(ဃ) နဲ႕ စြဲထားတာ ေျပာတယ္။ ေနာက္ အာမခံ ရတယ္ ဘာညာ ထားေတာ့။ အိမ္ကိုလည္း ၀ရမ္းမပါပဲ (ထပ္ေျပာမယ္ေနာ္၊ ၀ါးရမ္းမပါပဲ) အိမ္က ကြန္ပ်ဴတာကို လာသိမ္းတယ္ လူေတြ အမ်ားႀကီးနဲ႕။ သမီး လန္႕သြား လို႕ မနည္းေခ်ာ႔ရတယ္။

ညက် ေမးစရာ ရိွလို႕ စခန္း လာခဲ့ပါဦးေခၚတယ္။ မလာႏိုင္ဘူး ဆိုေတာ့ သူလာခဲ့ပါမယ္တဲ့။ လာတဲ့အခ်ိန္က် ဘဏ္ အေကာင့္ေတြ သိခ်င္လို႕တဲ့။ ကၽြန္ေတာ့္ စြဲထားတဲ့ အမွဳနဲ႕ ဆိုင္လို႕လားလို႕။ ထားေတာ့။ ကၽြန္ေတာ္ မွာ အေကာင့္ႏွစ္ခု ရိွတယ္။ တခုက စီဗီ၊ တခုက ဧရာ။ စီဘီက ကိုယ္ပိုင္၊ ဧရာက သမီးေလးအတြက္။ တျပားမွ မထုတ္ရေသးဘူးလို႕။ အဲဒီ မွာ ဖုန္းေတြဆက္၊ သတင္းေတြပို႕နဲ႕။ ျပန္သြားတယ္။

ေနာက္ ဖုန္းထပ္ဆက္တယ္။ မဂ်က္စီကာ နာမည္ စာလံုးေပါင္း။ ဖုန္းခ်တယ္။ ေနာက္ ဖံုးထပ္ဆက္တယ္။ ဘယ္လိုေတြ လုပ္ေနသလဲ။ အဲဒါနဲ႕ ခင္ဗ်ားတို႕ fund for Victoria ကို ရိုက္ရွာလိုက္လို႕။ ဒါေတာင္ Fund စာလံုးေပါင္း ေလးငါးခါ ေမးေနေသးတယ္။

မတ္ေလး၊ ေက်ာ့္ကို စံုစမ္းရတာ လွ်ိဳ႕၀ွက္ စံုစမ္းရတယ္ ဆိုတာ ဟုတ္မွာပဲ။ ဘဏ္အေကာင့္က ေဖ့စ္ဘုတ္မွာ ဟိုးေလး တေက်ာ္ ေၾကညာထားတာ။ အိမ္လာေမးေနရတာ ပင္ပန္းလိုက္တာ။ ရိွတဲ့ ေငြအေမာင့္ကလည္း ေၾကညာၿပီးသားကို။ တျပားမွလည္း မထုတ္ရေသးဘူး။

အဲ၊ ကၽြန္ေတာ့္ကို ဌာနဆိုင္ရာ အႀကီးအကဲ ေထာက္ခံခ်က္၊ ခြင့္ျပဳခ်က္ မပါပဲ၊ အေၾကာင္းမၾကားရေသးပဲ ႏိုင္ငံ၀န္ထမ္း ဥပေဒကို ေက်ာ္လုပ္တာေတာ့ ဘယ္သူလဲ မသိ။ ခရိုင္မွဴးေတာင္ လာရတယ္ ဆိုေတာ့ ခရိုင္မွဴး အထက္ကပဲ ေနမွာပါပဲ။ ေတာ္ေတာ္ႀကီးႀကီးေနမွာ

ေၾကာက္လက္တာ၊ ေသးေတာ့မယ္

ေရးသားသူ – သကၠမုိးညဳိ


#Unicode Version

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက် အပြည့်အစုံကို ပြန်ပြောပြတဲ့ ဆရာသက္ကမိုးညို

မနေ့က လူနှစ်ယောက် လာခဲ့တာနဲ့ ပတ်သက်ပြီး အိမ်မှာ CCTV တပ်ဖို့ လင်းကွန်ပျူတာ မိုဘိုင်းဆိုင်မှာ သွားဝယ်တယ်။ စီစီတီဗီက ဖုန်းနဲ့ ချိတ်ဆက် ကြည့်ရမှာ ဖြစ်လို့ ဖုန်းထဲကို ဆော့ဖ်ဝဲလ် ထည့်ခိုင်းနေတာကို ကိုယ်တော်တွေက ဘာထင် သလဲ မသိဘူး။ ညီလေး ၊ မေးစရာ ရှိလို့ စခန်းလိုက်ခဲ့ပါတဲ့။ ဘာလို့ လိုက်ရမှာတုန်း၊ ကျွန်တော်ဟာ အရာရှိတယောက်၊ ကျွန်တော့်ကို အဲသည်လို ခေါ်ချင်ရင် ဌာနဆိုင်ရာအကြီးအထဲ ခွင့်ပြုချက် ပါရမယ်လို့ ပြောခဲ့တယ်။ ဌာနအချင်းချင်း ဆက်သွယ် ထားပြီးသား လို့ ပြောတယ်။ (မနက် ၈နာရီကျော်ကျော်မှာ ကျွန်တော်တို့ ဌာနကိုဖြစ်ဖြစ်၊ ဝန်ကြီးဌာနကို ဖြစ်ဖြစ် ဆက်သွယ်ထားတာ မရှိရင် လိမ်တာပါ)

ကျွန်တော် မလိုက်နိုင်ဘူး ငြင်းတော့ ခရိုင်မှူးဆိုသူနဲ့ လက်နက်ကိုင်တွေ ထပ်ရောက်လာတယ်။ ရာဇဝင် လူဆိုးကြီး ဖမ်းတာ ကျနေတာပဲ။ ထားတော့ လိုက်သွားတယ်။ ဟိုမှာ ကျွန်တော့်ကို ပျဉ်းမနား မြို့နယ်မှူးက အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ၃၄(ဃ) နဲ့ စွဲထားတာ ပြောတယ်။ နောက် အာမခံ ရတယ် ဘာညာ ထားတော့။ အိမ်ကိုလည်း ဝရမ်းမပါပဲ (ထပ်ပြောမယ်နော်၊ ဝါးရမ်းမပါပဲ) အိမ်က ကွန်ပျူတာကို လာသိမ်းတယ် လူတွေ အများကြီးနဲ့။ သမီး လန့်သွား လို့ မနည်းချော့ရတယ်။

ညကျ မေးစရာ ရှိလို့ စခန်း လာခဲ့ပါဦးခေါ်တယ်။ မလာနိုင်ဘူး ဆိုတော့ သူလာခဲ့ပါမယ်တဲ့။ လာတဲ့အချိန်ကျ ဘဏ် အကောင့်တွေ သိချင်လို့တဲ့။ ကျွန်တော့် စွဲထားတဲ့ အမှုနဲ့ ဆိုင်လို့လားလို့။ ထားတော့။ ကျွန်တော် မှာ အကောင့်နှစ်ခု ရှိတယ်။ တခုက စီဗီ၊ တခုက ဧရာ။ စီဘီက ကိုယ်ပိုင်၊ ဧရာက သမီးလေးအတွက်။ တပြားမှ မထုတ်ရသေးဘူးလို့။ အဲဒီ မှာ ဖုန်းတွေဆက်၊ သတင်းတွေပို့နဲ့။ ပြန်သွားတယ်။

နောက် ဖုန်းထပ်ဆက်တယ်။ မဂျက်စီကာ နာမည် စာလုံးပေါင်း။ ဖုန်းချတယ်။ နောက် ဖုံးထပ်ဆက်တယ်။ ဘယ်လိုတွေ လုပ်နေသလဲ။ အဲဒါနဲ့ ခင်ဗျားတို့ fund for Victoria ကို ရိုက်ရှာလိုက်လို့။ ဒါတောင် Fund စာလုံးပေါင်း လေးငါးခါ မေးနေသေးတယ်။

မတ်လေး၊ ကျော့်ကို စုံစမ်းရတာ လျှို့ဝှက် စုံစမ်းရတယ် ဆိုတာ ဟုတ်မှာပဲ။ ဘဏ်အကောင့်က ဖေ့စ်ဘုတ်မှာ ဟိုးလေး တကျော် ကြေညာထားတာ။ အိမ်လာမေးနေရတာ ပင်ပန်းလိုက်တာ။ ရှိတဲ့ ငွေအမောင့်ကလည်း ကြေညာပြီးသားကို။ တပြားမှလည်း မထုတ်ရသေးဘူး။

အဲ၊ ကျွန်တော့်ကို ဌာနဆိုင်ရာ အကြီးအကဲ ထောက်ခံချက်၊ ခွင့်ပြုချက် မပါပဲ၊ အကြောင်းမကြားရသေးပဲ နိုင်ငံဝန်ထမ်း ဥပဒေကို ကျော်လုပ်တာတော့ ဘယ်သူလဲ မသိ။ ခရိုင်မှူးတောင် လာရတယ် ဆိုတော့ ခရိုင်မှူး အထက်ကပဲ နေမှာပါပဲ။ တော်တော်ကြီးကြီးနေမှာ

ကြောက်လက်တာ၊ သေးတော့မယ်

ရေးသားသူ – သက္ကမိုးညို