ျမန္မာအလံ စိုက္ထူႏိုင္ခဲ့တဲ့ ဖန္ဂရန္ရာဇီ ေတာင္ထိပ္ေရာက္ ျမန္မာလူငယ္အဖြဲ႕

CREDIT. KO NAING NAING MIN HTET/KO PYAE PHYO AUN

The Summiter လို႔ အမည္ေပးထားတဲ့ လူငယ္ေတာင္တက္ အဖြဲ႕ဟာ ျမန္မာႏိုင္ငံမွာ ထင္ေပၚ ေက်ာ္ၾကားတဲ့ ေရခဲေတာင္ေတြထဲက တခု ျဖစ္တဲ့ ဖန္ဂရန္ရာဇီ ေတာင္ထိပ္မွာ ျမန္မာႏိုင္ငံ အလံ စိုက္ထူ ႏိုင္ခဲ့ပါတယ္။

အသက္ ၂၀ ဝန္းက်င္ လူငယ္အမ်ား လိုက္ပါခဲ့တဲ့ ဒီေတာင္တက္ ခရီးစဥ္မွာ အဖြဲ႕၀င္ ၂၁ ဦး ပါဝင္ပါတယ္။ အဲဒီအထဲက တေယာက္က ေတာင္ထိပ္ေရာက္ဖို႔ ၂ရက္အလိုမွာ က်န္းမာေရး အခက္အခဲေၾကာင့္ စခန္းမွာ ထားခဲ့ရၿပီး က်န္တဲ့ အဖြဲ႕၀င္ အေယာက္ ၂၀ နဲ႔ ခရီးဆက္ ခဲ့ၾကတာ ျဖစ္ပါတယ္။

CREDIT. KO NAING NAING MIN HTET/KO PYAE PHYO AUN

ေတာင္ထိပ္ အထိေရာက္ခဲ့တဲ့ အဖြဲ႕၀င္ေတြထဲမွာ အမ်ိဳးသား ၁၄ေယာက္နဲ႔ အမ်ိဳးသမီး ၇ ေယာက္ ပါဝင္ပါတယ္။

The Summiter ေတာင္တက္ အဖြဲ႕သားေတြဟာ ရန္ကုန္ကေန ဧၿပီလ ၃ ရက္ေန႔က ထြက္ခြာခဲ့ၾကတာပါ။ ပူတာအိုကို ဧၿပီလ ၆ရက္မွာ ေရာက္ရွိခဲ့ၿပီး ေနာက္တစ္ေန႔မွာ ေတာင္ေျခက ဇီယာဒမ္း ႐ြာကို ေရာက္ခဲ့ၾကပါတယ္။

ခရီးစဥ္ မတိုင္ခင္ တႏွစ္ၾကာ ေလ့က်င့္ထားခဲ့ၾကတဲ့ ေတာင္တက္ အဖြဲ႕သားေတြဟာ ပူတာအိုၿမိဳ႕က ထြက္ခြာအၿပီး ခုနစ္ရက္ အၾကာမွာ ဖန္ဂရန္ ရာဇီ ေတာင္ထိပ္ကို ေျခခ်ႏိုင္ခဲ့ၾကပါတယ္။

မေလွ်ာ့တဲ့ ဇြဲ လုံ႔လ ဝီရိယနဲ႔ စည္းလုံးညီၫြတ္စြာ အားႀကိဳးမာန္တက္ ခရီးဆက္ခဲ့တဲ့ ေတာင္တက္ အဖြဲ႕သားေတြဟာ ဧၿပီလ ၁၂ ရက္ေန႔ မနက္ ၈ နာရီ ၅၀ မိနစ္ ပတ္၀န္းက်င္မွာ ေတာင္ထိပ္မွာ ျမန္မာႏိုင္ငံ အလံကို ေအာင္ပြဲခံ လႊင့္ထူ ခဲ့ၾကၿပီး မွတ္တမ္းတင္ ဓါတ္ပုံ ႐ိုက္ကူး ခဲ့ၾကတယ္လို႔ The Summiter ေတာင္တက္အဖြဲ႕ ေခါင္းေဆာင္ ကိုေဇာ္ခိုင္က ေျပာပါတယ္။

ဒါေပမယ့္လည္း ေအာင္ပြဲခံ ေတာင္တက္ အဖြဲ႕ဟာ ေတာင္ထိပ္ေပၚကေန ဆင္းလာၿပီး ဆယ္မိနစ္ အၾကာမွာပဲ မေမွ်ာ္လင့္တဲ့ အျဖစ္ဆိုးနဲ႔ ႀကဳံခဲ့ရပါတယ္။

CREDIT. KO NAING NAING MIN HTET/KO PYAE PHYO AUN

အဖြဲ႕၀င္ေတြထဲက အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ အသက္ ၂၈ႏွစ္ အ႐ြယ္ မစိမ့္ထက္ ဟာ အဆင္းလမ္းမွာ သူ႔ေျခေထာက္လိုက္တဲ့ ေနရာက ေရခဲျပင္ အေနအထားေၾကာင့္ ေျခေခ်ာ္ၿပီး ေဘး ေခ်ာက္ကမ္းပါးထဲ က်သြားခဲ့ ပါတယ္။

မစိမ့္ထက္ က်သြားခဲ့တဲ့ ေခ်ာက္ကမ္းပါးဟာ ေပေလးေထာင္ေက်ာ္ေလာက္ နက္ေၾကာင္းနဲ႔ သူ႔ခႏၶာကိုယ္ အစိတ္အပိုင္းတခ်ိဳ႕ကို ကမ္းပါးစြန္းမွာ ေတြ႕ေနရေပမယ့္ သူတို႔မွာ ပါသြားတဲ့ ကိရိယာ တန္ဆာပလာေတြက နက္ရႈိင္းလွတဲ့ ေထာင္နဲ႔ခ်ီတဲ့ ေခ်ာက္အနက္ထဲ ဆင္းဖို႔ မျပည့္စုံလွတာေၾကာင့္ ေခ်ာက္ထဲ ဆင္းၿပီး အေလာင္းယူလာဖို႔ လက္ေလွ်ာ့ခဲ့ရေၾကာင္း အဖြဲ႕ေခါင္းေဆာင္ ကိုေဇာ္ခိုင္က ေျပာပါတယ္။

ရာသီဥတု အေနအထား အရလည္း ဒီေခ်ာက္ကမ္းပါးထဲ ဆင္းဖို႔ ေလတိုက္ႏႈန္းက တအားျပင္းေနၿပီး ျမဴေတြျပည့္ေနတယ္လို႔ သူက ဆိုပါတယ္။

သူမ ခႏၶာကိုယ္ အစိတ္အပိုင္း တခ်ိဳ႕ကို ေပေလးေထာင္ေက်ာ္ နက္တဲ့ ေခ်ာက္ကမ္းပါးရဲ႕ အလယ္ ေပႏွစ္ေထာင္ေလာက္မွာ ေတြ႕ရၿပီး ဒါကို အေဝးကေန မွတ္တမ္းဓါတ္ပုံေတြသာ ႐ိုက္ကူးရယူ ထားႏိုင္ခဲ့ၾကတယ္လို႔ သူက ေျပာပါတယ္။

အခု အသက္ ဆုံးပါးသြားတဲ့ မစိမ့္ထက္ဟာ ေတာင္တက္ စက္ဘီးစီး Outdoor Adventure Athlete မ်ိဳးဆက္သစ္ အားကစားမယ္ တဦးလည္း ျဖစ္ပါတယ္။

CREDIT. KO NAING NAING MIN HTET/KO PYAE PHYO AUN

အဖြဲ႕သား အားလုံး စုံညီစြာနဲ႔ ဘယ္အဖြဲ႕မွ အခုလို ေအာင္ျမင္စြာ ေျခမခ်ႏိုင္ခဲ့ဖူးတဲ့ ဖန္ဂရန္ ရာဇီ ေတာင္ထိပ္မွာ ျမန္မာ အလံကို ပထမဆုံးအႀကိမ္ စိုက္ထူႏိုင္ခဲ့တဲ့ အတြက္ ဂုဏ္ယူ ေက်နပ္ေနခ်ိန္မွာ အခုလို အဖြဲ႕သား တေယာက္ ဆုံးရႈံးလိုက္ ရတဲ့ အတြက္ သူတို႔ အားလုံး အတိုင္းမသိ ၀မ္းနည္း ခဲ့ရတယ္လို႔ အဖြဲ႕ေခါင္းေဆာင္ ကိုေဇာ္ခိုင္က ေျပာပါတယ္။

အျမင့္ေပ တစ္ေသာင္း ေလးေထာင္ ႏွစ္ဆယ့္ ႏွစ္ေပ ျမင့္တဲ့ ဖန္ဂရန္ရာဇီ ေတာင္ေပၚ ခရီးစဥ္ဟာ ခရီးၾကမ္းၿပီး ေခ်ာင္းေတြ အေျမာက္အျမား ျဖတ္ရတဲ့ အျပင္ ေတာင္ထိပ္လမ္းကလည္း ခ်ဥ္းကပ္ရ ခက္ခဲၿပီး အႏၲရာယ္လည္း မ်ားလွတဲ့ ေရခဲေတာင္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ပူတာအိုမွာ တျခား ေရခဲေတာင္ေတြ ျဖစ္တဲ့ ဖုန္ကန္ ရာဇီ နဲ႔ ဖုန္ယင္ ရာဇီ ေတာင္ထိပ္ေတြကို ခရီးသြားေတြေရာ ေတာင္တက္သမားေတြပါ အလြယ္တကူ တက္ေလ့ ရွိေပမယ့္ အခု The Summiter ေတာင္တက္အဖြဲ႕ ေျခခ်ႏိုင္ခဲ့တဲ့ ဖန္ဂရန္ရာဇီ ေတာင္ထိပ္ကို အဖြဲ႕သားေတြ စုံညီစြာ ေအာင္ေအာင္ျမင္ျမင္ တက္ေရာက္ႏိုင္ခဲ့တာ ဒါဟာ ပထမဆုံး ျဖစ္တယ္လို႔ ကိုေဇာ္ခိုင္က ရွင္းျပပါတယ္။

ေသဆုံးသူ မိသားစု၀င္နဲ႔ ေဆြမ်ိဳးေတြကေတာ့ အခုလို သက္ရွိလူသားေတြ ေျခခ်ႏိုင္ဖို႔ ခဲယဥ္းလွတဲ့ ဖန္ဂရန္ရာဇီ ေတာင္ထိပ္ကို ေျခခ်ႏိုင္ခဲ့တဲ့ သမီးျဖစ္သူ အတြက္ ဂုဏ္ယူမိတယ္လို႔ ဆိုေၾကာင္း အဖြဲ႕ေခါင္းေဆာင္က ေျပာပါတယ္။

Via: BBC


#Unicode Version

The Summiter လို့ အမည်ပေးထားတဲ့ လူငယ်တောင်တက် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ထင်ပေါ် ကျော်ကြားတဲ့ ရေခဲတောင်တွေထဲက တခု ဖြစ်တဲ့ ဖန်ဂရန်ရာဇီ တောင်ထိပ်မှာ မြန်မာနိုင်ငံ အလံ စိုက်ထူ နိုင်ခဲ့ပါတယ်။

အသက် ၂၀ ဝန်းကျင် လူငယ်အများ လိုက်ပါခဲ့တဲ့ ဒီတောင်တက် ခရီးစဉ်မှာ အဖွဲ့၀င် ၂၁ ဦး ပါဝင်ပါတယ်။ အဲဒီအထဲက တယောက်က တောင်ထိပ်ရောက်ဖို့ ၂ရက်အလိုမှာ ကျန်းမာရေး အခက်အခဲကြောင့် စခန်းမှာ ထားခဲ့ရပြီး ကျန်တဲ့ အဖွဲ့၀င် အယောက် ၂၀ နဲ့ ခရီးဆက် ခဲ့ကြတာ ဖြစ်ပါတယ်။

တောင်ထိပ် အထိရောက်ခဲ့တဲ့ အဖွဲ့၀င်တွေထဲမှာ အမျိုးသား ၁၄ယောက်နဲ့ အမျိုးသမီး ၇ ယောက် ပါဝင်ပါတယ်။

The Summiter တောင်တက် အဖွဲ့သားတွေဟာ ရန်ကုန်ကနေ ဧပြီလ ၃ ရက်နေ့က ထွက်ခွာခဲ့ကြတာပါ။ ပူတာအိုကို ဧပြီလ ၆ရက်မှာ ရောက်ရှိခဲ့ပြီး နောက်တစ်နေ့မှာ တောင်ခြေက ဇီယာဒမ်း ရွာကို ရောက်ခဲ့ကြပါတယ်။

ခရီးစဉ် မတိုင်ခင် တနှစ်ကြာ လေ့ကျင့်ထားခဲ့ကြတဲ့ တောင်တက် အဖွဲ့သားတွေဟာ ပူတာအိုမြို့က ထွက်ခွာအပြီး ခုနစ်ရက် အကြာမှာ ဖန်ဂရန် ရာဇီ တောင်ထိပ်ကို ခြေချနိုင်ခဲ့ကြပါတယ်။

မလျှော့တဲ့ ဇွဲ လုံ့လ ဝီရိယနဲ့ စည်းလုံးညီညွတ်စွာ အားကြိုးမာန်တက် ခရီးဆက်ခဲ့တဲ့ တောင်တက် အဖွဲ့သားတွေဟာ ဧပြီလ ၁၂ ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ် ပတ်၀န်းကျင်မှာ တောင်ထိပ်မှာ မြန်မာနိုင်ငံ အလံကို အောင်ပွဲခံ လွှင့်ထူ ခဲ့ကြပြီး မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူး ခဲ့ကြတယ်လို့ The Summiter တောင်တက်အဖွဲ့ ခေါင်းဆောင် ကိုဇော်ခိုင်က ပြောပါတယ်။

ဒါပေမယ့်လည်း အောင်ပွဲခံ တောင်တက် အဖွဲ့ဟာ တောင်ထိပ်ပေါ်ကနေ ဆင်းလာပြီး ဆယ်မိနစ် အကြာမှာပဲ မမျှော်လင့်တဲ့ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပါတယ်။

အဖွဲ့၀င်တွေထဲက အမျိုးသမီးတစ်ဦးဖြစ်တဲ့ အသက် ၂၈နှစ် အရွယ် မစိမ့်ထက် ဟာ အဆင်းလမ်းမှာ သူ့ခြေထောက်လိုက်တဲ့ နေရာက ရေခဲပြင် အနေအထားကြောင့် ခြေချော်ပြီး ဘေး ချောက်ကမ်းပါးထဲ ကျသွားခဲ့ ပါတယ်။

မစိမ့်ထက် ကျသွားခဲ့တဲ့ ချောက်ကမ်းပါးဟာ ပေလေးထောင်ကျော်လောက် နက်ကြောင်းနဲ့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို ကမ်းပါးစွန်းမှာ တွေ့နေရပေမယ့် သူတို့မှာ ပါသွားတဲ့ ကိရိယာ တန်ဆာပလာတွေက နက်ရှိုင်းလှတဲ့ ထောင်နဲ့ချီတဲ့ ချောက်အနက်ထဲ ဆင်းဖို့ မပြည့်စုံလှတာကြောင့် ချောက်ထဲ ဆင်းပြီး အလောင်းယူလာဖို့ လက်လျှော့ခဲ့ရကြောင်း အဖွဲ့ခေါင်းဆောင် ကိုဇော်ခိုင်က ပြောပါတယ်။

ရာသီဥတု အနေအထား အရလည်း ဒီချောက်ကမ်းပါးထဲ ဆင်းဖို့ လေတိုက်နှုန်းက တအားပြင်းနေပြီး မြူတွေပြည့်နေတယ်လို့ သူက ဆိုပါတယ်။

သူမ ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကို ပေလေးထောင်ကျော် နက်တဲ့ ချောက်ကမ်းပါးရဲ့ အလယ် ပေနှစ်ထောင်လောက်မှာ တွေ့ရပြီး ဒါကို အဝေးကနေ မှတ်တမ်းဓါတ်ပုံတွေသာ ရိုက်ကူးရယူ ထားနိုင်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။

အခု အသက် ဆုံးပါးသွားတဲ့ မစိမ့်ထက်ဟာ တောင်တက် စက်ဘီးစီး Outdoor Adventure Athlete မျိုးဆက်သစ် အားကစားမယ် တဦးလည်း ဖြစ်ပါတယ်။

အဖွဲ့သား အားလုံး စုံညီစွာနဲ့ ဘယ်အဖွဲ့မှ အခုလို အောင်မြင်စွာ ခြေမချနိုင်ခဲ့ဖူးတဲ့ ဖန်ဂရန် ရာဇီ တောင်ထိပ်မှာ မြန်မာ အလံကို ပထမဆုံးအကြိမ် စိုက်ထူနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူ ကျေနပ်နေချိန်မှာ အခုလို အဖွဲ့သား တယောက် ဆုံးရှုံးလိုက် ရတဲ့ အတွက် သူတို့ အားလုံး အတိုင်းမသိ ၀မ်းနည်း ခဲ့ရတယ်လို့ အဖွဲ့ခေါင်းဆောင် ကိုဇော်ခိုင်က ပြောပါတယ်။

အမြင့်ပေ တစ်သောင်း လေးထောင် နှစ်ဆယ့် နှစ်ပေ မြင့်တဲ့ ဖန်ဂရန်ရာဇီ တောင်ပေါ် ခရီးစဉ်ဟာ ခရီးကြမ်းပြီး ချောင်းတွေ အမြောက်အမြား ဖြတ်ရတဲ့ အပြင် တောင်ထိပ်လမ်းကလည်း ချဉ်းကပ်ရ ခက်ခဲပြီး အန္တရာယ်လည်း များလှတဲ့ ရေခဲတောင် ဖြစ်တယ်လို့ ဆိုပါတယ်။

ပူတာအိုမှာ တခြား ရေခဲတောင်တွေ ဖြစ်တဲ့ ဖုန်ကန် ရာဇီ နဲ့ ဖုန်ယင် ရာဇီ တောင်ထိပ်တွေကို ခရီးသွားတွေရော တောင်တက်သမားတွေပါ အလွယ်တကူ တက်လေ့ ရှိပေမယ့် အခု The Summiter တောင်တက်အဖွဲ့ ခြေချနိုင်ခဲ့တဲ့ ဖန်ဂရန်ရာဇီ တောင်ထိပ်ကို အဖွဲ့သားတွေ စုံညီစွာ အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့တာ ဒါဟာ ပထမဆုံး ဖြစ်တယ်လို့ ကိုဇော်ခိုင်က ရှင်းပြပါတယ်။

သေဆုံးသူ မိသားစု၀င်နဲ့ ဆွေမျိုးတွေကတော့ အခုလို သက်ရှိလူသားတွေ ခြေချနိုင်ဖို့ ခဲယဉ်းလှတဲ့ ဖန်ဂရန်ရာဇီ တောင်ထိပ်ကို ခြေချနိုင်ခဲ့တဲ့ သမီးဖြစ်သူ အတွက် ဂုဏ်ယူမိတယ်လို့ ဆိုကြောင်း အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။