မြန်မာငွေ ၁၅ ကျပ်တန် မှာ ပါရှိတဲ့ ရှေးဟောင်း ရှားပါးရုပ်ထုကို ရှာတွေ့ပြီ

@Facebook

ကျနော်တို့ငယ်ငယ်က ၁ ကျပ်တန် ၅ ကျပ်တန် ၁၀ တန် စသဖြင့် ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံတို့ ဆရာစံပုံတို့ မြင်ဖူးကြမှာပါ။ ခုပြောပြမှာကတော့ အဲဒီခေတ်က ထုတ်တဲ့ ၁၅ ကျပ်တန်မှာ ရှေ့မှာက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ နောက်ကျောဖက်မှာက ရုပ်တုတစ်ခုပုံပါပါတယ်။

@Facebook

ရုပ်တုနာမည်ကဘာလဲဆိုတာတော့ မသိပါဘူး ဒါပေမဲ့ အလွန်ကြာခဲ့ပြီဖြစ်တဲ့ အဲဒီ ၁၅ ကျပ်တန်ငွေစက္ကူထဲက ရှေးဟောင်းရုပ်တုပုံကို အပြင်မှာ ရှာဖွေတွေ့ရှိခဲ့ပါပြီ။ အဲဒီရုပ်တုတည်ရှိရာနေရာကတော့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ဟောင်းက ထန်းတပင်ကျောင်းဝင်း အတွင်းမှာ ရှိတာလို့ သိရပါတယ်။

@Facebook

ဒီရုပ်တုကို လေ့လာခြင်းအားဖြင့် ခေတ်ကာလအခြေအနေတွေနဲ့ တိုင်း/နိုင်ငံအကျယ်အဝန်းကို သိရှိနိုင်မှာ ဖြစ်ပြီးတော့ ခေတ်ဟောင်းမြန်မာ့သမိုင်းကိုလည်း လေ့လာရာမှာ ဒီရုပ်တုကနေ တစ်ထောင့်တစ်နေရာကပါဝင်ကူညီနိုင်မယ်လို့ မူလပို့စ်ပိုင်ရှင်က ဆိုထားပါတယ်။ ဒါကြောင့် အရင်တုန်းက ၁၅ ကျပ်တန်မှာပါတဲ့ ရှေးဟောင်းရုပ်တုကို အပြင်မှာလည်း မြင်ဖူးနိုင်အောင်ရယ် ထိန်းသိမ်းစောင့်ရှောက်နိုင်အောင်ရယ် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

@Facebook

ပျောက်ရှ ပျက်စီးခြင်းမှ ကင်းဝေးပါစေ။ ။

အခမဲ့