Sponsored

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟိုကတော့ လက်ရှိအချိန်မှာ ပါရာဂွေးထောင်ထဲမှာ ထိန်း သိမ်းခံနေရတယ်ဆိုတာ အားလုံးသိကြပါလိမ့်မယ်။ပတ်စ်ပို့ အတုနဲ့ ပါရာဂွေး နိုင်ငံကို သူ့ရဲ့အစ်ကို ဖြစ်သူနဲ့ အတူ လာရောက်ခဲ့တာဖြစ်ပြီး ဟိုတယ်ခန်းထဲမှာ ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒင်ဟို ဟာ ဘရာဇီးနိုင်ငံမှာကတည်းက သူ့ရဲ့အိမ် တည်ဆောက်မူနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ကိစ္စတွေ လုပ်ဆောင်ခဲ့တာကြောင့် ဘရာဇီးရဲတွေက နိုင်ငံကူးလက် မှတ်လို့ခေါ်တဲ့ ပတ်စ်ပို့စ် ကို သိမ်းဆည်းထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒဏ်ကြေးငွေ ဒေါ်လာ ၂သန်းခန့်ကိုလည်းပေးချေဖို့ ပျက်ကွက်ခဲ့တာကြောင့် ဘရာဇီးပတ်စ်ပို့ကိုပြန်မရခဲ့တာလည်းဆိုပါ တယ်။

@Getty image

တစ်ဖက်မှာလည်း မိန်းမကိစ္စတွေနဲ့ ငွေကြေးအသုံးအဖြုန်းကြီးမူတွေကြောင့် နာမည်ဆိုးတစ်ခု လည်းရှိနေပြန်ပါတယ်။ လက်ရှိ အချိန်မှာ အနိမ့်ဆုံး အခြေအတွေနဲ့ ကြုံတွေ့နေရပြီး ထောင်ထဲ မှာ ရောက်ရှိနေပေမယ့် လည်း ရော်နယ်ဒင်ဟိုရဲ့ ကစားသမားဘဝကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအထိရယူနိုင်ခဲ့ပြီး အဲဒီတုန်းက လူငယ်ကစားသမားတွေအတွက် စံပြ ကစားသမားတစ်ဦးဖြစ်စေခဲ့တာပါ။ အထူးသဖြင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစာသးမား မက်ဆီကို အသင်းကြီးမှာ တွဲဖက် ကစားဖို့အတွက် အနီးကပ် ဆုံး အကူအညီပေးခဲ့သူက ရော်နယ်ဒင်ဟိုဖြစ်ပါတယ်။ ရော်နယ်ဒင်ညိုဟာ ၂၀၀၆ခုနှစ်တုန်းကNike၊ Pepsi ၊ ကိုကာကိုလာ၊ EA Sports စတဲ့ နာမည်ကြီး ကုမ္ပဏီတွေနဲ့ စပွန် ဆာ စာချုပ်တွေကြောင့် စုစုပေါင်း ဒေါ်လာ ၁၉သန်းလောက် ဝင်ငွေရရှိခဲ့တဲ့ပြီး ဘောလုံးသမားထဲမှာ တော့ အမြင့်မားဆုံးဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။လူမူကွန်ယက်စာမျက်နှာတွေ ကနေလည်း ဝင်ငွေပေါင်းများစွာရရှိခဲ့တဲ့ ရော်နယ်ဒိုဟိုကို သူ့ကစာသမားဘဝ ပြီးဆုံးချိန်မှာ ထောင်ထဲ ရောက်နေလိမ့်မယ်လို့ ဘယ်သူက မှာတော့ထင်မှာထားမှာမဟုတ်ပါဘူး။

@Getty image
@Getty image

ကွင်းတွင်ခြေစွမ်းကိုကြည့်မယ်ဆိုရင်လည်း ပီအက်စ်ဂျီ၊ဘာစီလိုနာ၊ အေစီမီလန် စတဲ့ ဥရောပထိပ် တန်း အသင်းတွေမှာအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ ပြီး ဘရာဇီးအသင်းနဲ့ အတူလည်း ကမ္ဘာ့ဖလားတစ်ကြိမ် ရရှိခဲ့ဖူးတဲ့ ဒင်ဟိုဟာ လက်ရှိ အချိန်မှာတွေ့ ကြုံနေရတဲ့အခြေအနေတွေနဲ့ယှဉ်ရင်တော့ တကယ့်ကို ဝမ်းနည်းဖွယ်ရာဖြစ်နေပါတယ်။ ပါရာဂွေတရားရုံးကနေ အာမခံ ပေးဖို့လည်း လက်မခံခဲ့တာကြောင့် ထောင်ထဲမှာပဲ နောက်ထပ် ၆လ လောက်နေထိုင်သွားရဖို့ရှိနေပါတယ်။

Sponsored
@Getty image
@Getty image
@Getty image

ထောင်ထဲမှာကျင်းပတဲ့ ဖူဆယ်ဘောလုံးပွဲမှာတောင် ဝင်ကန် ပြီး ဝက်တစ်ကောင်ဆုကြေးရခဲ့တဲ့ ဒင်ဟိုဟာ အများအမြင်မှာတော့ ပျော်ရွှင်စွာ နေထိုင်တက်တဲ့ သူလို့ ထင်ကြပေမယ့် လည်း တကယ်တမ်း သူ့ရင်ထဲမှာတော့ အမြင့်မားဆုံးအဆင့်ကနေ အနိမ့်ပါးဆုံး အဆင့် ဖြစ်တဲ့ အကျဉ်းထောင်ထဲဆီကို ထိန်းသိမ်းခံလိုမှာတော့မဟုတ်ပါဘူး။ဒင်ဟို ထောင်ထဲမှာ စိတ်ဆင်းရနေရတယ်လို့လည်း သူ့ကို ရုံးထုတ်စဉ်မှာလာရောက်ခဲ့ကြတဲ့ ပါရာဂွေး မိတ်ဆွေက ပြော ပြထားပါတယ်။ ဟိုတစ်ချိန်က မြက်ခင်းစိမ်းတွေပေါ်မှာ အနုအလှ၊ အလိမ်အခေါက် မျိုးစုံနဲ့ ပြိုင်ဘက်တွေကို မခံချိ မခံ သာ အောင်လှည့်ဖျား ကျော်ဖြတ်နိုင်ခဲ့တဲ့ ဒင်ဟိုဟာ ပရိသတ်တွေနဲ့ ကစားသမားတွေအတွက် အိုင် ဒေါလ် တစ်ဦးဖြစ်ခဲ့တာပါ။လက်ရှိအချိန်မှာ တော့ ကစားသမားဘဝကအခြေအနေနဲ့ မိုးနဲ့မြေလို ကွာခြား သွားခဲ့တဲ့ ဒင်ဟိုရဲ့ ဘဝက ကစားသမားတွေနဲ့ ပရိသတ်တွေအတွက်တော့ သင်ခန်းစာ ယူစရာဖြစ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ပရိသတ်တွေရဲ့အချစ်တော်ကြီး ဒင်ဟိုတစ်ယောက် အချုပ် အနှောင်ကနေ ကင်းလွတ်ပြီး သူချစ်တဲ့ မြင်ခင်းစိမ်းတွေရဲ့ အနီးဆုံးတစ်နေရာကို အမြန်ဆုံး ပြန်လာနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

Writer_Jack(Sportsreader)

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *