Sponsored

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ၂၀၁၇ နောက်ပိုင်းမှာ အကောင်းဆုံးဆု တွေ နဲ့ လွဲချော်နေခဲ့ ပြီး အဓိကပြိုင်ဘက် မက်ဆီရဲ့ ကျော်ဖြတ်ခြင်းကိုလည်းခံခဲ့ရပါတယ်။

၂၀၁၉ခုနှစ်မှာ မက်ဆီက ဘ လွန်း ဒီအောဆုကို ရယူနိုင်ခဲ့တာကြောင့် စုစုပေါင်း၆ကြိမ်အထိ စံချိန်တင်ဆွတ်ခူးရယူနိုင်ခဲ့ ပြီး စီရော် နယ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၀ ပြည့်နှစ်မှာတော့ စီရော်နယ်ဒို အတွက် ကံကောင်းခြင်းတွေရောက်ရှိလာပြီလား လို့ ထင်မှတ်လောက်ရအောင် ခြေစွမ်းပြသနိုင်ခဲ့ တာဖြစ်ပါတယ်။

Goal

စီရော်နယ်ဒိုဟာ အီတလီစီးရီးအေ ၇ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး စီးရီးအေစုစုပေါင်း၁၇ပွဲ ကစား ထား ရာမှာ ၁၆ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် စီရော်နယ်ဒို ငယ်မူငယ်သွေးပြန် လည် ပြသ နေပြီး စီရော်နယ်ဒို အစစ်အမှန်ပြန်ရနေပြီလားဆိုပြီး အီတလီသတင်းစာတွေက မျက်နှာ ဖုံးတင်ပြီး ဖော်ပြ ခဲ့ကြ တာဖြစ်ပါတယ်။

Sponsored

အသက်၃၄နှစ်အရွယ် ရှိနေပေမယ့်လည်း ပြိုင်ပွဲစုံမှာ ၁၉ဂိုးအထိသွင်းယူနိုင်ခဲ့ပြီဖြစ်လို့ လက်ရှိအချိန် မှာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ သွင်းယူထားတဲ့ ဂိုးအရေအတွက်လည်း ကျော်လွန်သွားခဲ့ပြီဖြစ် ပါတယ်။ မက်ဆီဟာ လာလီဂါပွဲစဉ် ၁၅ပွဲမှာ ၁၄ဂိုးသွင်းယူထားပြီး စီရော်နယ်ဒိုထက် ၂ဂိုးနည်းနေ သလို ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်မှာလည်း မက်ဆီက ၁၇ဂိုး စီရော်နယ်ဒိုက၁၉ဂိုးအထိသွင်းယူ ထားတာဖြစ်ပါတယ်။

Goal

အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ အသက်ကြီးပေးပေမယ့် မပျက်စီးသေးတဲ့အကြောင်းပြသနေ တဲ့ စီရော်နယ်ဒိုဟာ ၂၀၂၀ မှာ အသစ်တဖန်ပြန်လာနိုင်ခဲ့ပြီလားဆိုပြီးတော့လည်း အီတလီသတင်းစာ တွေက သုံးသပ်ရေးသားခဲ့ကြတာဖြစ်ပါတယ်။ဂျူဗင်တပ်နည်းပြ ဆာရီကိုယ်တိုင်ကလည်း ဘလွန်း ဒီအော ဆုကို စီရော်နယ် ဒိုထက်ပိုပြီး ရရှိသူရှိနေတာဟာ စိတ်ပျက်စရာဖြစ်တယ်လို့ အတိအ လင်းပြောကြားထားပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *