Sponsored

မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ နိုင်ငံပိုင်သတင်းတစ်ခုမှာ Coronavirus ရောဂါပျံ့နှံ့မှုဟာ မြောက်ကိုရီးယားပြည်သူလူထုကို ထိခိုက်မှုမရှိပေမယ့် စီးပွားရေးမှာတော့ စိုးရိမ်ဖွယ်အခြေအနေရှိတယ်လို့ဆိုပါတယ်။ ပြည်နယ်ဆိုင်ရာ သတင်းဌာနတစ်ခုဖြစ်တဲ့ Uriminzokkiri ရဲ့အဆိုမှာတော့ စီးပွားရေးထိခိုက် ရခြင်းရဲ့ အဓိကရင်းမြစ်ဟာ အစိုးရရဲ့လူစုလူဝေးမှုကို ပိတ်ပင်တဲ့ အချက်ကြောင့်လို့ ပါရှိပါတယ်။

@CNA

ဒါ့အပြင် ဆေးပညာရှင်နဲ့ အစိုးရအဖွဲ့အကြီးအကဲတွေရဲ့ နိုင်ငံကို ရောဂါကူးစပ်မှုဒဏ်က အလျင်အမြန်ကာကွယ်ဖို့အတွက် နည်းလမ်းတွေဆွေးနွေးနေတဲ့ မှတ်တမ်းဓါတ်ပုံတွေလည်းထွက်ရှိလာပါတယ်။ ပုံတွေမှာ သူတို့အားလုံးဟာ Face Mask တွေတပ်ဆင်ထားကြပါတယ်။ သို့ပေမယ့် သိသာလွန်းတဲ့ သတင်း ထိန်ချန်မှုကတော့ မြောက်ကိုရီးယားနိုင်ငံကို ရောဂါရောက်ရှိနေပြီလားဆိုတာကို အတိအကျ မပြောသွားခြင်းပဲဖြစ်ပါတယ်။

ရောဂါရဲ့အရင်းအမြစ်စတင်ရာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြောက်ကိုရီးယားကတော့ ယနေ့အချိန်အထိ ကူးစက်ခံရသူမရှိဘူးလို့သာ တွင်တွင်ငြင်းဆန်နေပြီး သူတို့ရဲ့ ကာကွယ်ထိန်းချုပ်မှုတွေဟာ ထိရောက်မှုရှိတယ်လို့ ဖော်ပြပါတယ်။

Sponsored
@CNA

သို့သော်လည်း ဘယ်လိုနည်းလမ်းတွေသုံးတယ် ရောဂါကူးစက်ခံရမှုမရှိဘူးဆိုတဲ့အဆိုကို ဘယ်အရာတွေက သေချာစေသလဲဆိုတာတွေဟာ သက်သေပြဖို့ခက်နေပါတယ်။ စောင့်ကြည့်လေ့လာသူတွေကတော့ ပြသနာအရိပ်အငွေ့တွေတွေ့နေရပြီး ပြီးခဲ့တဲ့အပတ်က ပြည်ပ သံအမတ်တွေကို အထူးလေယာဉ်နဲ့ ပြန်တော်ပြန်ခွင့်ပြုလိုက်တာလဲပါဝင်ပါတယ်။ ဒါ့အပြင် အရင်အပတ်ကပဲ မြောက်ကိုရီးယားဟာ ထိန်းသိမ်းစောင့်ကြည့်ထားတဲ့ လူ ၃၆၀၀ ကိုပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့တစ်ဦးချင်းစီမှာ ရောဂါမရှိဘူးလို့လဲထုတ်ပြန်ပါတယ်။။

မြောက်ကိုရီးယားဟာ ယခုလိုသူတို့ရဲ့ပြင်ဆင်မှုတွေကို ချပြနေပေမယ့် အမှန်တကယ်က အရမ်းကို ထိလွယ်ရှလွယ်တဲ့အခြေအနေပါ။ တကယ်ချပြတဲ့အချိန်မှ ဆေးမမှီတာမျိုးတွေ အံ့သြရလောက်တဲ့ ကူးစက်နှုန်းတွေရှိလာနိုင်ပါတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒါကို တောင်ကိုရီးယား University က မြောက်ကိုရီးယားအရေးလေ့လာသူ Nam Sung-wook က ” ကျွန် တော်ကတော့ မြောက်ကိုရီးယားမှာ Coronavirus ရောက်နေပြီဆိုတာ အကြွင်းမဲ့ယုံပါတယ်။ သူတို့ရဲ့ ပွင့်လင်းမြင်သာမှုမရှိြုခင်းဟာ တကယ်အရေးကြုံချိန် အကူအညီမဲ့စေမှာပါ” လို့ပြောခဲ့ပါတယ်။

@CNA

ဘယ်လိုပဲကြည့်ကြည့် မြောက်ကိုရီးယားဟာ တကယ့်တကယ်အရေးကြုံလာရင် တွန်းလှန်ကာကွယ်နိုင်လောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်မရှိပါဘူး။ မြောက်ကိုရီးယားလို ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ စီးပွားရေးပိတ်ဆို့ခံထားရတဲ့အတွက် ထူးချွန်တဲ့ဆရာဝန်တွေရှိနေရင်တောင် ဆေး ဝါးအလုံအလောက်တင်သွင်းနိုင်မှာမဟုတ်ပါဘူး။

ခန့်မှန်းခြေအရ နိုင်ငံလူဦးရေရဲ့ ၁၁ မီလီယံသော ပြည်သူတွေဟာ လုံလောက်တဲ့အာဟာရ မရရှိကြပါဘူး။ ဆိုလိုတာကတော့ ကိုယ်ခံအားစနစ်အားနည်းနေကြပါတယ်။ သို့ပေမယ့်လဲ မြောက်ကိုရီးယား အစိုးရကတော့ သူတို့ဟာ အပြည်ပြည်ဆိုင်ရာအခမဲ့ ဆေးဝါး ဖြန့်ဝေခြင်း စနစ်မှတဆင့် ပြည်သူတွေကို လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ ဆိုပါတယ်။ သို့သော်လည်း သင်ဟာ လာဘ်ပေးဖို့လုံလောက်တဲ့ပိုက်ဆံမရှိဘူးဆို သာမန်ဖျားနာခြင်းကိုတောင် ကုသမှုခံယူဖို့မလွယ်ဘူးလို့ သိထားကြပါတယ်။ ဒါ့အပြင် လုံလောက်တဲ့ဆေးဝါးမရရှိလို့ နိုင်ငံကထွက်ပြေးသူတွေလဲရှိပါတယ်။

@CNA

ဘယ်လိုပဲဖြစ်ဖြစ် မြောက်ကိုရီးယားဟာ Coronavirus ကာကွယ်မှုအတွက် အားကြိုးမာန်တက်လုပ်ဆောင်နေတယ်ဆိုရင်လည်းမမှားပါဘူး။ ရောဂါကူးစက်ခံနေရတယ်ဆိုတာ ဝန်ခံမှုမရှိတာပဲရှိတာပါ။ ဒါ့အပြင် နိုင်ငံတကာကိုအာရုံလွှဲတဲ့အနေနဲ့ အခြားသော ဒုံးကျဉ်ပစ်လွှတ်မှုစတာတွေလည်းလုပ်ဆောင်နေတယ် လို့ တချို့စွပ်စွဲပါတယ်။ ၂၀၀၃ SARS ရောဂါ မှာလည်း ကူးစက်ခံရသူ တစ်ယောက်မှမရှိဘူးလို့ပဲပြောခဲ့ပါတယ်။ ၂၀၁၄ Ebola ရောဂါမှာတော့ အကဲပိုပြီး နိုင်ငံခြားသားအဝင်အထွက်ကိုလုံးဝပိတ်ပစ်ခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *