Sponsored

ပြိုင်ဘက်ကစားသမားကို ကရာတေး ကစ် နဲ့ ကန်ကြောက်ခဲ့တဲ့ အဒီဘာယော စပါးအသင်းတိုက်စစ်မှူးဟောင်းအဒီဘာယောဟာ သူရဲ့ကလပ်အသင်းသစ် အိုလင်ပီယာအတွက် ပါဝင်ကစားချိန်မှာ ပြိုင်ဘက် ကစားသမားကို ကရာတေးကစ်နဲ့ကန်ခဲ့ရာ တိုက်ရိုက်အနီကတ် ပြထုတ်ပယ်ခံရကြောင်းသိရပါတယ်။

@Getty image

အာဆင်နယ်တိုက်စစ်မှူးဟောင်း အဒီဘာယောဟာ ကိုပါ လီဘာတာဒိုရက်စ် ပွဲစဉ်အဖြစ်ဒီဖန်ဆာဂျက်စီယာအသင်းနဲ့ အိုလင်ပီယာ တို့ ကစားတဲ့ပွဲမှာ အို လင်ပီယာအတွက်ပါဝင်ကစားခဲ့ပြီး အဒီဘာယောဟာ ဘောလုံးကိုဖျက်ထုတ်ရာကနေကန်ခဲ့ တာဖြစ်ကြောင်း သတင်းတွေကဆိုပါတယ်။

@Getty image

အဒီဘာယောဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အိုလင်ပီယာအသင်းကိုပြောင်းရွှေ့ခဲ့ပြီး လက်ရှိ အချိန်အထိအိုလင်ပီယာအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပါဘူး၊ အဒီဘာယောကိုဘောလုံးကို အမြင်မှားကာကန်ကြောက်မီသလိုဖြစ်ခဲ့တာဖြစ်နိုင်ဖွယ်ရှိကြောင်း၊ အဆင်ခြင်မဲ့စွာပြုလုပ်သလို ဖြစ်ခဲ့ပြီး အဒီဘာယောရဲ့ညာခြေထောက်ဟာ လေထဲမှာ မြှောက်ကာ ကန်ကြောက်ခဲ့တာဖြစ် ကြောင်းဗြိ တိန်မီဒီယာတွေကဆိုပါတယ်။

Sponsored
@Getty image

အဒီဘာယာရဲ့ဘောလုံးကိုဖျက်ထုတ်ဖို့အဝေးကကန် ကြောက်မှုကြောင့်ပြိုင်ဘက်ကစားသမားရဲ့ ပုခုံးကိုသာထိခဲ့ပြီး မျက်နှာကို မထိခဲ့တာကံကောင်း ကြောင်းမီဒီယာတွေကဆိုပါတယ်။ ဒိုင်လူကြီးကတော့အဒီဘာယောကို အနီကတ်ပြထုတ်ပယ်ခဲ့ကြောင်း၊ သိရပါတယ်။ ပရိသတ်အချို့က အဒီဘာယောရဲ့ ကန်ကြောက် ပုံကို ကရာတေးကစ်နဲ့ ကန်ကြောက်ပုံနဲ့ လူမှုကွန် ရက်တွေမှာနှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။

@Getty image

တောင်အမေရိကဘောလုံးပြိုင်ပွဲမှာရီးရဲမက်ဒရစ် နဲ့ မန်စီး တီးတိုက်စစ်မှူးဟောင်းအဒီဘာယောဟာကန်ကြောက်ပုံက အခြားသူတွေအတွက် ပျက်ရယ်ပြု စရာဖြစ်စေခဲ့ကြောင်းသိရပါတယ်။အဒီဘာယောက “ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲပါ၊ အနိုင်ရလိုစိတ်ပြင်းထန်ခဲ့တယ်။ ပြိုင်ဘက် ကစား သမားကို ဂျက်ကီချန်း လိုမျိုးကန်ခဲ့လို့ ပြိုင်ပွဲက ထွက်ရတာကို ဝမ်းနည်းပါတယ်။ ကျွန်တော် အနေနဲ့ ပြိုင်ဘက်ကစားသမားကို ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး၊ ကျွန်တော် ကန်ကြောက်မှု ကြောင့် ပြိုင်ဘက် ကစားသမား မှာ ကြီးမားတဲ့ ဒဏ်ရာ မျိုးမရခဲ့တာ ကံကောင်းတယ်။ “ လို့ ဆိုပါတယ်။


တိုဂိုတိုက်စစ်မှူး အဒီဘာယော ဟာ မန်စီးတီးအသင်းကို မပြောင်းခင် အာဆင်နယ် အသင်းအတွက် ပွဲပေါင်း ၁၄၂ ပွဲမှာ ဂိုးပေါင်း ၆၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဒီဘာယော ဟာ မန်စီးတီး၊ စပါး၊ ရီးရဲမက်ဒရစ် ၊ ခရစ္စတယ်ပဲ့လေစ့် နဲ့ တူရကီကလပ်တွေမှာ ပါဝင်ကစားခဲ့ဖူး သူဖြစ်ပါတယ်။

Writer_Zeko(Sportsreader)

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *