Sponsored

ဆရာ/ဆရာမတွေဆိုတာ ကလေးတွေကို နာ ၃ နာနဲ့ စာသင်ကြားပေးနေသူတွေပါ…။

သူတို့အကျိုးအတွက်မဟုတ်ဘဲ အနာဂတ်မှာ အားကိုးရတဲ့ ခေါင်းဆောင်ငယ်လေးတွေဖြစ်လာနိုင်တဲ့ ကလေးတွေကို နိုင်ငံ့အကျိုးအတွက်ပါ ရည်ရွယ်ပြီး ပြုစုပျိုးထောင်ပေးနေကြသူတွေပဲ ဖြစ်ပါတယ်….။

@Facebook
@Facebook

ဒါ့အပြင် မိဘတွေကိုယ်စား ပြုစုစောင့်ရှောက်ပေးကြသူတွေဆိုလည်း မမှားပါဘူး…။

Sponsored

ဒီလို ကျေးဇူးတွေရှိတဲ့ ဆရာ/ဆရာမတွေထဲက ဆရာမလေးတစ်ဦးရဲ့ ကလေးတွေအပေါ် ပြုလုပ်ပေးခဲ့တဲ့ စိတ်ကူးလေးက လူမှုကွန်ရက်မှာ ရေပန်းစားနေတာပါ…။

@Facebook
@Facebook
@Facebook

လက်ရေးအလှဆုံးဆု၊ သင်္ချာအတော်ဆုံးဆု၊ အတိုးတက်ဆုံးဆု၊ အလှဆုံးအပြုံးဆု၊ တာဝန်ကျေပွန်ဆု၊ အကြိုးစားဆုံးဆု၊ တာဝန်ကျေပွန်ဆု စသဖြင့် ကလေးတစ်ယောက်ချင်းစီရဲ့ ထူးချွန်ရာကို ဆုတွေချီးမြှင့်ပေးခဲ့တာပါ…။

ဆုက တန်ဖိုးမကြီးတဲ့ ခဲတံလေးသာဖြစ်ပေမယ့် ဆရာမ ပေးလိုက်တဲ့ စိတ်ဓာတ်ခွန်အားဟာ ကလေးတွေအတွက် တန်ဖိုးဖြတ်လို့မရပါဘူး…။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ငါ့မှာ ထူးချွန်တာတစ်ခုခုရှိသေးပါလားဆိုပြီး မိမိကိုယ်ကို ယုံကြည်စိတ်ဖြစ်ပေါ်ခဲ့စေတာပါ…။

@Facebook
@Facebook
@Facebook

ဒါကြောင့် ဆရာမလေးလုပ်ပေးခဲ့တဲ့ စိတ်ကူးလေးက တကယ့်ကိုတန်ဖိုးရှိပြီး ချီးကျူးလေးစားဖွယ်လုပ်ရပ်လေးပဲဖြစ်ပါတယ်…။ ကျောင်းသားလေးတွေရဲ့ ပုံကိုလည်း ပရိသတ်ကြီးတို့ ကြည့်နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်…။

@Facebook
@Facebook

ဆရာမလေးကိုလည်း ချီးကျူးစကားလေးဆိုခဲ့ပါအုံးနော်..။

Source : Wit Yi Mon Mon

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *