ခ်ီးက်ဴးခံေနရတဲ့ ျမန္မာလူငယ္မ်ား၏ သိပၸံရုပ္ရွင္ဇာတ္လမ္းတို

Photo: theturbulenceproduction

ျမန္မာလူငယ္ေတြ စုေပါင္္းၿပီး ကုန္က်ေငြ ၂ သိန္းနဲ႔ ရိုက္ကူးထားတဲ့ သိပၸံရုပ္ရွင္ ဇာတ္လမ္းတိုဟာ လတ္တေလာ ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈ ကြန္ရက္စာမ်က္ႏွာေပၚမွာ ေရပန္းစားေနပါတယ္။

“The Earth” လို႔ အမည္ေပးထားတဲ့ ဒီရုပ္သံဗြီဒီိယိုဖိုင္ကိုေတာ့ The Turbulence Production ကေန တင္ဆက္လိုက္တာျဖစ္ၿပီး ရုပ္သံဗြီဒီယိုဖိုင္အညႊန္းမွာေတာ့ ခုလိုေရး သားေဖာ္ျပထားခဲ့တာပါ။

Photo: theturbulenceproduction

ဒီတခါေတာ့ ကြၽန္ေတာ္တို႔ Turbulence အဖြဲ႔သားေတြ တေယာက္နည္းနည္းစီ စုထည့္ၿပီး စုစုေပါင္း ေငြအကုန္အက် ၂ သိန္းနဲ႔ ႐ိုက္ထားတဲ့ ShortFilm ေလးပါ။ ကိုယ္ ပိုင္ idea နဲ႔ မူပိုင္ design နဲ့ ပထမဆံုး costume စလုပ္ျဖစ္တဲ့ကားေလးပါ ( Main Character ကိုပဲ ေျပာတာပါ😂 )။ မွားတာပါခဲ့ရင္လည္း သည္းခံၿပီးၾကည့္ေပးၾကပါ။ လူငယ္ေတြအေနနဲ႔ဆက္ႀကိဳးစားပါဦးမယ္

စစ္ပြဲ၊ သယံဇာတယိုယြင္းပ်က္စီးမႈ၊ သစ္ေတာျပဳန္းတီးမႈ၊ ေလထုညစ္ညမ္းမႈ၊ ကမၻာႀကီး ပူေႏြးလာမႈစတဲ့ လတ္တေလာျပႆနာေတြကို ထင္ဟပ္ျပသထားတဲ့ ဒီသိပၸံ ရုပ္ရွင္ ဇာတ္လမ္းတိုဟာ ပရိသတ္ကို အေတြးတစ ထည့္သြင္းေပးႏိုင္ခဲ့ပါတယ္။

ေက်ာ္ဘိုဘိုရဲ႕ ဇာတ္လမ္းကို ဒါရိုက္တာ ေအာင္မ်ိဳးမင္းက ရိုက္ကူးထားတဲ့ ဒီ ဇာတ္လမ္းတိုထဲမွာေတာ့ လူငယ္ေတြရဲ႕ စိတ္ကူးနဲ႔ ဖန္တီးဆန္းသစ္ႏိုင္စြမ္းေတြကို ေတြ႔ ျမင္ၾကရမွာ ျဖစ္ၿပီး မိတ္ကပ္၊ ၀တ္စံုဒီဇိုင္းနဲ႔၊ အထူးျပဳလုပ္ခ်က္ေတြနဲ႔ ရႈစားၾကရမွာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ဒီရုပ္ရွင္ကားကို ေဖ့စ္ဘြတ္ခ္ေပၚမွာ ၂ ရက္အတြင္း ၀င္ ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၁ သိန္း ၆ ေသာင္းေက်ာ္ရွိသြားခဲ့ၿပီျဖစ္ၿပီး ျပန္လည္မွ် ေ၀သူ၊ ခ်ီးက်ဴးမွတ္ခ်က္ေရးသူေတြနဲ႔ ေရပန္းစားေနခဲ့တာပါ။

Photo: theturbulenceproduction

ခ်ီးက်ဴးမွတ္ခ်က္ေရးခဲ့ၾကသူေတြထဲမွာေတာ့ လူငယ္ဒါရိုက္တာတဦးျဖစ္တဲ့ ေအာင္ျမတ္၊ နာမည္ႀကီး လူငယ္ဟစ္ေဟာ့ပ္အဆိုေတာ္ေတြျဖစ္ၾကတဲ့ လႊမ္းပိုင္၊ ေက်ာ္ထြဋ္ေဆြ၊ X-Box တို႔လည္း ပါ၀င္ေနခဲ့တာကို ေတြ႔ရပါတယ္။

ယခုသတင္းအား DVB Multimedia Group မွဝယ္ယူျပီး တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္။


#Unicode Version

မြန်မာလူငယ်တွေ စုပေါင်းပြီး ကုန်ကျငွေ ၂ သိန်းနဲ့ ရိုက်ကူးထားတဲ့ သိပ္ပံရုပ်ရှင် ဇာတ်လမ်းတိုဟာ လတ်တလော ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းစားနေပါတယ်။

“The Earth” လို့ အမည်ပေးထားတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ The Turbulence Production ကနေ တင်ဆက်လိုက်တာဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာတော့ ခုလိုရေး သားဖော်ပြထားခဲ့တာပါ။

ဒီတခါတော့ ကျွန်တော်တို့ Turbulence အဖွဲ့သားတွေ တယောက်နည်းနည်းစီ စုထည့်ပြီး စုစုပေါင်း ငွေအကုန်အကျ ၂ သိန်းနဲ့ ရိုက်ထားတဲ့ ShortFilm လေးပါ။ ကိုယ် ပိုင် idea နဲ့ မူပိုင် design နဲ့ ပထမဆုံး costume စလုပ်ဖြစ်တဲ့ကားလေးပါ ( Main Character ကိုပဲ ပြောတာပါ😂 )။ မှားတာပါခဲ့ရင်လည်း သည်းခံပြီးကြည့်ပေးကြပါ။ လူငယ်တွေအနေနဲ့ဆက်ကြိုးစားပါဦးမယ်

စစ်ပွဲ၊ သယံဇာတယိုယွင်းပျက်စီးမှု၊ သစ်တောပြုန်းတီးမှု၊ လေထုညစ်ညမ်းမှု၊ ကမ္ဘာကြီး ပူနွေးလာမှုစတဲ့ လတ်တလောပြဿနာတွေကို ထင်ဟပ်ပြသထားတဲ့ ဒီသိပ္ပံ ရုပ်ရှင် ဇာတ်လမ်းတိုဟာ ပရိသတ်ကို အတွေးတစ ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။

ကျော်ဘိုဘိုရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ အောင်မျိုးမင်းက ရိုက်ကူးထားတဲ့ ဒီ ဇာတ်လမ်းတိုထဲမှာတော့ လူငယ်တွေရဲ့ စိတ်ကူးနဲ့ ဖန်တီးဆန်းသစ်နိုင်စွမ်းတွေကို တွေ့ မြင်ကြရမှာ ဖြစ်ပြီး မိတ်ကပ်၊ ဝတ်စုံဒီဇိုင်းနဲ့၊ အထူးပြုလုပ်ချက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကားကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၂ ရက်အတွင်း ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သိန်း ၆ သောင်းကျော်ရှိသွားခဲ့ပြီဖြစ်ပြီး ပြန်လည်မျှ ဝေသူ၊ ချီးကျူးမှတ်ချက်ရေးသူတွေနဲ့ ရေပန်းစားနေခဲ့တာပါ။

ချီးကျူးမှတ်ချက်ရေးခဲ့ကြသူတွေထဲမှာတော့ လူငယ်ဒါရိုက်တာတဦးဖြစ်တဲ့ အောင်မြတ်၊ နာမည်ကြီး လူငယ်ဟစ်ဟော့ပ်အဆိုတော်တွေဖြစ်ကြတဲ့ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ X-Box တို့လည်း ပါဝင်နေခဲ့တာကို တွေ့ရပါတယ်။

ယခုသတင်းအား DVB Multimedia Group မှဝယ်ယူပြီး တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။