ျပည္သူအားကိုးရသည့္ တပ္မေတာ္ျဖစ္ေစရန္ တပ္ခ်ဳပ္တုိက္တြန္း

တပ္မေတာ္ေဆးတကၠသိုလ္၌ အမွာစကားေျပာေနသည့္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ (ဓာတ္ပံု − ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး)

ျပည္သူအားကုုိးရသည့္ တပ္မေတာ္တစ္ရပ္ျဖစ္ေစရန္ စည္းကမ္းစနစ္တက်ရွိရမည္ ျဖစ္ ၿပီးတပ္မေတာ္အတြက္ အားကုုိး အားထားရသည့္ ေခါင္းေဆာင္ မ်ားျဖစ္ေစရန္ အၿမဲႀကိဳးစားရ မည္ျဖစ္ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က တုုိက္ တြန္းေျပာၾကားသည္။

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုုိလ္ခ်ဳပ္မွဴးႀကီးမင္း ေအာင္လႈိင္သည္ ၾသဂုုတ္ ၁၄ ရက္တြင္ ရန္ကုုန္ၿမိဳ႕ရွိ တပ္မ ေတာ္ေဆးတကၠသိုုလ္ ဘဲြ႕ႏွင္း သဘင္ခန္းမ၌ တပ္မွဴးမ်ား၊ သင္ တန္း ေက်ာင္းမွတာ၀န္ရွိသူမ်ား၊ နည္းျပအရာရွိမ်ား၊ သင္တန္း သား၊ သင္တန္းသူမ်ား၊ ေဆး႐ံုု၊ ေဆးတပ္မ်ားမွ ေဆး၀န္ထမ္း တပ္ဖဲြ႕၀င္မ်ားႏွင့္ ေတြ႕ဆံုုစဥ္ ယင္းသုုိ႔ထည့္သြင္းမွာၾကားသည္။

ေခါင္းေဆာင္မႈအခန္းက႑ သည္ မည္သည့္အဖဲြ႕အစည္း တြင္မဆုုိအေရးႀကီးသျဖင့္ မိမိ ကုုိယ္ကုုိယ္ေကာင္းမြန္ေစရန္အ ၿမဲတည္ေဆာက္ေနရမည္ျဖစ္ၿပီး မိမိအဖဲြ႕အစည္းက အားကုုိးရ သည့္ေခါင္းေဆာင္မ်ားျဖစ္ေစ ေရးႀကိိဳးစားေဆာင္ရြက္ရန္ လုုိ အပ္ေၾကာင္း ဗုုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က တုုိက္တြန္းသည္ဟုု တပ္မေတာ္ကထုုတ္ျပန္သည္။

‘‘မိသားစုုအတြက္ ဂုုဏ္ယူ ရသည့္ အိမ္ေထာင္ဦးစီးျဖစ္သ ကဲ့သုုိ႔ မိမိဦးေဆာင္သည့္ အဖဲြ႕အ စည္းကုုိ ေကာင္းမြန္စြာေခါင္း ေဆာင္ႏုုိင္သည့္ ေခါင္းေဆာင္ ေကာင္းျဖစ္ရန္ လုုိေၾကာင္း၊ ေခါင္းေဆာင္မႈသည္ အေရးႀကီး သကဲ့သုုိ႔ လက္ေအာက္မွလည္း တစ္ပါတည္းလုိက္ပါေပါင္းစည္း ေဆာင္ရြက္ႏိုင္သည့္ အဖဲြ႕အ စည္းစိတ္ဓာတ္ရွိရမည္ ျဖစ္ ေၾကာင္း’’ ဗုုိလ္ခ်ဳပ္မွဴးႀကီးမင္း ေအာင္လႈိင္က ေျပာၾကားသည္ဟုု ထုုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

ေခါင္းေဆာင္သည္ စည္း ကမ္းစနစ္တက်ရွိရမည္ျဖစ္ၿပီး မိမိဦးစီးဦးေဆာင္ရသည့္ အဖဲြ႕ အစည္းကုုိလည္း စည္းကမ္းစနစ္ တက်ရွိေစရန္ ထိန္းသိမ္းအုုပ္ ခ်ဳပ္ေနရမည္ ျဖစ္ေၾကာင္းႏွင့္ ေခါင္းေဆာင္မ်ားသည္ လုုပ္ငန္း ေဆာင္ရြက္မႈမ်ားတြင္ ဆင္ျခင္တံုု တရားႏွင့္အသိ၊ သတိအၿမဲထား၍ ေဆာင္ရြက္မည္ဟုု တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ထည့္ သြင္းေျပာၾကားသည္။

Source: 7daydaily


#Unicode Version

ပြည်သူအားကိုးရသည့် တပ်မတော်တစ်ရပ်ဖြစ်စေရန် စည်းကမ်းစနစ်တကျရှိရမည် ဖြစ် ပြီးတပ်မတော်အတွက် အားကိုး အားထားရသည့် ခေါင်းဆောင် များဖြစ်စေရန် အမြဲကြိုးစားရ မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက် တွန်းပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် သြဂုတ် ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ တပ်မ တော်ဆေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ တပ်မှူးများ၊ သင် တန်း ကျောင်းမှတာဝန်ရှိသူများ၊ နည်းပြအရာရှိများ၊ သင်တန်း သား၊ သင်တန်းသူများ၊ ဆေးရုံ၊ ဆေးတပ်များမှ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ယင်းသို့ထည့်သွင်းမှာကြားသည်။

ခေါင်းဆောင်မှုအခန်းကဏ္ဍ သည် မည်သည့်အဖွဲ့အစည်း တွင်မဆိုအရေးကြီးသဖြင့် မိမိ ကိုယ်ကိုယ်ကောင်းမွန်စေရန်အ မြဲတည်ဆောက်နေရမည်ဖြစ်ပြီး မိမိအဖွဲ့အစည်းက အားကိုးရ သည့်ခေါင်းဆောင်များဖြစ်စေ ရေးကြိုးစားဆောင်ရွက်ရန် လို အပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းသည်ဟု တပ်မတော်ကထုတ်ပြန်သည်။

‘‘မိသားစုအတွက် ဂုဏ်ယူ ရသည့် အိမ်ထောင်ဦးစီးဖြစ်သ ကဲ့သို့ မိမိဦးဆောင်သည့် အဖွဲ့အ စည်းကို ကောင်းမွန်စွာခေါင်း ဆောင်နိုင်သည့် ခေါင်းဆောင် ကောင်းဖြစ်ရန် လိုကြောင်း၊ ခေါင်းဆောင်မှုသည် အရေးကြီး သကဲ့သို့ လက်အောက်မှလည်း တစ်ပါတည်းလိုက်ပါပေါင်းစည်း ဆောင်ရွက်နိုင်သည့် အဖွဲ့အ စည်းစိတ်ဓာတ်ရှိရမည် ဖြစ် ကြောင်း’’ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ခေါင်းဆောင်သည် စည်း ကမ်းစနစ်တကျရှိရမည်ဖြစ်ပြီး မိမိဦးစီးဦးဆောင်ရသည့် အဖွဲ့ အစည်းကိုလည်း စည်းကမ်းစနစ် တကျရှိစေရန် ထိန်းသိမ်းအုပ် ချုပ်နေရမည် ဖြစ်ကြောင်းနှင့် ခေါင်းဆောင်များသည် လုပ်ငန်း ဆောင်ရွက်မှုများတွင် ဆင်ခြင်တုံ တရားနှင့်အသိ၊ သတိအမြဲထား၍ ဆောင်ရွက်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထည့် သွင်းပြောကြားသည်။

Source: 7daydaily