Sponsored

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ၂ ရပ်ကွက်၊ လမ်းမတော်လမ်း သံဈေးမှာ ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မနက် ၆ နာရီလောက်က မီးလောင်မှုဖြစ်ပွားနေပြီး level 5 အဆင့်ယာဉ်အုပ်စုတွေနဲ့ မီးငြှိမ်းသတ်နေပါတယ်။

မီးလောင်ရာမှာ ဓာတ်လှေ ကားအတွင်းနဲ့ (၁၀)လွှာမှာ ပိတ်မိနေတဲ့သူတွေထဲက ၂၅ ယောက်ကို ရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့ဝင်တွေက ကယ်ဆယ်ထားနိုင်တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ရွှေအင်းသားခင်မောင်ဝင်း

မနက် ၈ နာရီခွဲအချိန်မှာ မီးထိန်းထားနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ ဒီမနက် ၈ နာရီအထိ လူဦးရေ စုစုပေါင်း ၃၇ ဦး ကယ်ဆယ်ထားရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

Sponsored

၆ နာရီ ၂၆ မိနစ် အချိန်မှာ Level 3 အဆင့်၊ ၇ နာရီ မိနဈ ၃၀ အချိန်မှာ Level 4 အဆင့်နဲ့ ၇ နာရီ ၄၅ မိနစ် မှာ Level 5 အဆင့် တိုးမြှင့်ပြီး မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်နေကာ လက် ရှိ ၉ နာရီ ကျော်အထိ ငြှိမ်းသတ် နေရဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ – သင်းသင်းဇော်

မီးလောင်ရခြင်းအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ အခုချိန်ထိမသိရသေးပါဘူး။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *