ေတာဝက္လူငယ္မ်ားကုိကယ္ခဲ့သည့္ ေရငုပ္သမား ၂ ဦး ေခ်ာင္းထဲေမ်ာပါ၊ ေက်ာင္းသူေလးက ျပန္ကယ္တင္

အသက္ ၁၃ နွစ္ရြယ္ ေက်ာင္းသူေလးက ျပန္ကယ္တင္ခဲ့ပါတယ္

ထိုင္းႏုိင္ငံ မယ္ဆိုင္ဂူထဲ ပိတ္မိခဲ့တဲ့ ေတာဝက္လူငယ္ ၁၃ ဦး ကယ္ဆယ္ေရးမွာ ပါဝင္ခဲ့တဲ့ ႏိုင္ငံျခားသား ေရငုပ္သမား ၂ ဦးဟာ ၿပီးခဲ့တဲ့အပတ္က ထိုင္းေတာင္ပိုင္း နခြန္းဆီထမရတ္ခ႐ုိင္တြင္း ေမာ္ေတာ္ကားနဲ႔ ခရီးသြားစဥ္ ေတာင္က်ေခ်ာင္းေရထဲ ေမ်ာပါသြားလို႔ အသက္ ၁၃ နွစ္ရြယ္ ေက်ာင္းသူေလးက ျပန္ကယ္တင္ခဲ့ပါတယ္။

ဒိန္းမတ္ႏိုင္ငံသား ေရငုပ္သမား ခေရာင္း (အသက္ ၄၅ ႏွစ္) နဲ႔ စင္ကာပူႏိုင္ငံသား ေရကူးသင္တန္း နည္းျပဆရာ ခိမ္း (အသက္ ၃၇ ႏွစ္) တို႔ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္ ၉ ရက္ေန႔က နခြန္းဆီထမရတ္ခ႐ုိင္ ထုန္႔ယိုင္ၿမိဳ႕နယ္ထဲမွာ ဟိုင္းလပ္ကားတစီးနဲ႔ ေမာင္းလာစဥ္ ေတာင္က်ေခ်ာင္းေရ လွ်ံလာတာနဲ႔ တိုးမိၿပီး ေရထဲေမ်ာပါသြားခဲ့တာပါ။

သူတို႔ကားဟာ ဆီအုန္းပင္ေတြၾကားမွာ သြားခံေနၿပီး ၂ ဦးသား ကားေပၚက တိုးထြက္လာကာ ကားေခါင္မိုးေပၚကေန လာကယ္မယ့္သူ ေစာင့္ေမွ်ာ္ေနစဥ္ အသက္ ၁၃ ႏွစ္ရြယ္ ေက်ာင္းသူ ၁ ဦးက ေတြ႔ရွိၿပီး ကမ္းနဲ႔ မီတာ ၁၀၀ အကြာအေဝးမွာ ရွိေနတဲ့ သူတို႔ဆီကို ကူးခတ္သြားကာ အဂၤလိပ္စကားနဲ႔ ခဏေစာင့္ဆိုင္းဖို႔ ေျပာခဲ့ပါတယ္။

အဲဒီေနာက္ မိဘအုပ္ထိန္းသူနဲ႔ ကယ္ဆယ္ေရးအဖြဲ႔ေတြကို အေၾကာင္းၾကားၿပီး လူေရာ ကားကိုပါ ျပန္လည္ကယ္တင္ခဲ့ၾကတာပါ။

ခရီးသြားစဥ္ ေတာင္က်ေခ်ာင္းေရထဲ ေမ်ာပါသြား

ကယ္ဆယ္ေရးအဖြဲ႔ေတြဟာ ေရစီးသန္တဲ့ ေခ်ာင္းေရထဲ ပိတ္မိေနတဲ့ ႏိုင္ငံျခားသား ၂ ဦးကို သြားကယ္စဥ္ ၁၃ ႏွစ္ရြယ္ မိန္းကေလးကလည္း ေရထဲကူးခတ္ၿပီး လိုက္ပါကူညီခဲ့ပါတယ္။

သူတို႔ကားကိုေတာ့ ကယ္ဆယ္ေရးအဖြဲ႔ေတြေရာ ရပ္ကြက္ထဲကလူေတြပါ အားလံုး ထြက္လာၿပီး ဝုိင္းဝန္းဆြဲတင္ခဲ့တာပါ။

အဲဒီမိန္းကေလးဟာ ေနာင့္ကားေဖး ေခၚ က်႐ုဝမ္း ဆီဆုခ္က်ိဳင္ဆိုသူ အလယ္တန္းေက်ာင္းသူေလးျဖစ္ၿပီး ေရကူးကၽြမ္းက်င္ကာ စာလည္းေတာ္သူတဦး ျဖစ္ပါတယ္။

သူတို႔ကို ကယ္တင္ခဲ့တဲ့ ႏိုင္ငံျခားသား ေရငုပ္သမား ၂ ဦးက သူမကို အထူးေက်းဇူးတင္ရွိၿပီး ဆုခ်တဲ့အေနနဲ႔ အသက္ ၁၅ ႏွစ္ျပည့္ရင္ ႏိုင္ငံျခားကို အလည္အပတ္ ေခၚမယ့္အေၾကာင္း ေျပာခဲ့ပါတယ္။

သူမကေတာ့ အဲဒီေရငုပ္သမားေတြဟာ ဂူတြင္းပိတ္မိခဲ့တဲ့ လူငယ္ ၁၃ ဦးကိုေတာင္ ကယ္တင္ခဲ့တာ သူ႔အေနနဲ႔ သူတို႔ ၂ ေယာက္ကိုပဲ ျပန္ကယ္ခဲ့တာ ဘာမွမျဖစ္ပါဘူးလို႔ ျပန္ေျပာခဲ့ပါတယ္။

လူမႈဝန္ထမ္းစိတ္ရွိသူ မိန္းကေလးကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ဂုဏ္ျပဳလက္မွတ္နဲ႔ ပညာသင္ဆုကိုပါ ခ်ီးျမႇင့္ခဲ့ပါတယ္။

႐ုပ္သံ – MCOT


#Unicode Version

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲ ပိတ်မိခဲ့တဲ့ တောဝက်လူငယ် ၁၃ ဦး ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသား ရေငုပ်သမား ၂ ဦးဟာ ပြီးခဲ့တဲ့အပတ်က ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်တွင်း မော်တော်ကားနဲ့ ခရီးသွားစဉ် တောင်ကျချောင်းရေထဲ မျောပါသွားလို့ အသက် ၁၃ နှစ်ရွယ် ကျောင်းသူလေးက ပြန်ကယ်တင်ခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံသား ရေငုပ်သမား ခရောင်း (အသက် ၄၅ နှစ်) နဲ့ စင်ကာပူနိုင်ငံသား ရေကူးသင်တန်း နည်းပြဆရာ ခိမ်း (အသက် ၃၇ နှစ်) တို့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့က နခွန်းဆီထမရတ်ခရိုင် ထုန့်ယိုင်မြို့နယ်ထဲမှာ ဟိုင်းလပ်ကားတစီးနဲ့ မောင်းလာစဉ် တောင်ကျချောင်းရေ လျှံလာတာနဲ့ တိုးမိပြီး ရေထဲမျောပါသွားခဲ့တာပါ။

သူတို့ကားဟာ ဆီအုန်းပင်တွေကြားမှာ သွားခံနေပြီး ၂ ဦးသား ကားပေါ်က တိုးထွက်လာကာ ကားခေါင်မိုးပေါ်ကနေ လာကယ်မယ့်သူ စောင့်မျှော်နေစဉ် အသက် ၁၃ နှစ်ရွယ် ကျောင်းသူ ၁ ဦးက တွေ့ရှိပြီး ကမ်းနဲ့ မီတာ ၁၀၀ အကွာအဝေးမှာ ရှိနေတဲ့ သူတို့ဆီကို ကူးခတ်သွားကာ အင်္ဂလိပ်စကားနဲ့ ခဏစောင့်ဆိုင်းဖို့ ပြောခဲ့ပါတယ်။

အဲဒီနောက် မိဘအုပ်ထိန်းသူနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားပြီး လူရော ကားကိုပါ ပြန်လည်ကယ်တင်ခဲ့ကြတာပါ။

ခရီးသွားစဉ် တောင်ကျချောင်းရေထဲ မျောပါသွား

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရေစီးသန်တဲ့ ချောင်းရေထဲ ပိတ်မိနေတဲ့ နိုင်ငံခြားသား ၂ ဦးကို သွားကယ်စဉ် ၁၃ နှစ်ရွယ် မိန်းကလေးကလည်း ရေထဲကူးခတ်ပြီး လိုက်ပါကူညီခဲ့ပါတယ်။

သူတို့ကားကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေရော ရပ်ကွက်ထဲကလူတွေပါ အားလုံး ထွက်လာပြီး ဝိုင်းဝန်းဆွဲတင်ခဲ့တာပါ။

အဲဒီမိန်းကလေးဟာ နောင့်ကားဖေး ခေါ် ကျရုဝမ်း ဆီဆုခ်ကျိုင်ဆိုသူ အလယ်တန်းကျောင်းသူလေးဖြစ်ပြီး ရေကူးကျွမ်းကျင်ကာ စာလည်းတော်သူတဦး ဖြစ်ပါတယ်။

သူတို့ကို ကယ်တင်ခဲ့တဲ့ နိုင်ငံခြားသား ရေငုပ်သမား ၂ ဦးက သူမကို အထူးကျေးဇူးတင်ရှိပြီး ဆုချတဲ့အနေနဲ့ အသက် ၁၅ နှစ်ပြည့်ရင် နိုင်ငံခြားကို အလည်အပတ် ခေါ်မယ့်အကြောင်း ပြောခဲ့ပါတယ်။

သူမကတော့ အဲဒီရေငုပ်သမားတွေဟာ ဂူတွင်းပိတ်မိခဲ့တဲ့ လူငယ် ၁၃ ဦးကိုတောင် ကယ်တင်ခဲ့တာ သူ့အနေနဲ့ သူတို့ ၂ ယောက်ကိုပဲ ပြန်ကယ်ခဲ့တာ ဘာမှမဖြစ်ပါဘူးလို့ ပြန်ပြောခဲ့ပါတယ်။

လူမှုဝန်ထမ်းစိတ်ရှိသူ မိန်းကလေးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုလက်မှတ်နဲ့ ပညာသင်ဆုကိုပါ ချီးမြှင့်ခဲ့ပါတယ်။

ရုပ်သံ – MCOT