Sponsored

ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်တွင် တာဝန်ထမ်းဆောင်နေတာ လေဆိပ်လူဝင်မှုကြီးကြပ်ရေးအရာရှိနှစ်ဦးမှာ Coronavirus ကူးစက်ခံနေရတယ်လို့ ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာသတင်း ထုတ်ပြန်ပါတယ်။

ထိုသူနှစ်ဦးဟာ ထိုင်းနိုင်ငံဆိုက်ရောက် ခရီးသွားတွေရဲ့ ခရီးသွားမှတ်တမ်း Passport တွေကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ထိုဝန်ထမ်းနှစ်ဦးဟာ မတ်လ ၇ရက်နေ့နဲ့ ၈ရက်နေ့တို့မှာ အသီးသီးဖျားနာခဲ့ကြပြီး ရောဂါကုသမှုမခံယူခင် ခရီးသည်တွေနဲ့ ထိတွေ့မှုရှိခဲ့တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

@BangkokPost

၎င်းတို့နှစ်ဦးအနက် တစ်ဦးဟာ တောင်ကိုရီးယားနိုင်ငံရောက် ထိုင်းနိုင်ငံသားတွေ ပြန်ရောက်ချိန်မာ အပူချိန်တိုင်းစစ်ဆေးခဲ့တဲ့အဖွဲ့မှာလည်း ပါဝင်ခဲ့ဖူးပါတယ်တဲ့။ သို့ပေမယ့် သူတို့နှစ်ဦးဟာ နေရာတစ်ခုတည်းမှာ တူတူအလုပ်လုပ်နေသူတွေမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ ဆိုက်ရောက်ခရီးသည်တွေနဲ့ ခရီး သည်တွေရဲ့ Passport တွေကို ကိုယ်တွယ်စစ်ဆေးခဲ့ကြပါတယ်။

Sponsored

ယနေ့ မတ်လ ၁၁ ရက်နေ့မှာပဲ ထိုင်း ပြည်ထဲရေးဝန်ကြီးက တောင်ကိုရီးယား ဟောင်ကောင်နဲ့ အီတလီတို့ရဲ့ ထိုင်နိုင်ငံဗီဇာကင်းလွတ်ခွင့်ကို ခဏတာ ရပ်နားထားမှာဖြစ်သလို တရုတ်နဲ့ India အပါအဝင် နိုင်ငံ ၁၈နိုင်ငံက ဆိုက်ရောက်ဗီဇာ တွေကိုလည်း ရပ်နားထားမှာဖြစ်ပါတယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ အကျုံးဝင်သူနိုင်ငံသားတိုင်း သူတို့ရဲ့ တိုင်းပြည်အခြေစိုက်ထိုင်းသံရုံးတွေမှာ ဗီဇာပြန်လည်လျောက်ထားရမှာဖြစ်ကာ ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာလည်းပြသရမှာဖြစ်တယ်လို့ ဆိုပါတယ်။

@BangkokPost

ထိုင်းနိုင်ငံဟာ ခရီးသွားဆိုင်ရာ စီးပွားရေးကို အခြေပြုနေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံအတွင်း အများအပြားဝင်ရောက်တဲ့ တရုတ်ခရီးသွားတွေကို တရုတ်နိုင်ငံက ကန့်သတ်ထားတာကြောင့် တိုင်းပြည်စီးပွားရေးကို ထိခိုက်စေပါတယ်။ ပြည်ထဲရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်အပြီးမှာ အနောက်နိုင်ငံသားအများစုလည်း သူတို့ရဲ့ထိုင်းနိုင်ငံခရီးစဉ်တွေကို ရွှေ့ဆိုင်းထားကြတယ်လို့သိရပါတယ်။

ယခုလောလောဆယ်မှာတော့ ထိုင်းနိုင်ငံမှာကူးစက်ခံရသူစုစုပေါင်း ၅၉ဦးရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ Thai Airways က သူတို့ရဲ့ အီတလီနိုင်ငံခရီးစဉ်အားလုံးကိုဖျက်သိမ်းထားပါတယ်။ အီတလီနိုင်ငံဟာ လက်တလောမှာ ၆၃၉ ဦးသေဆုံးပြီး လူအယောက် ၁၀၀၀၀ လောက်ဆီကို ရောဂါပိုးကူးစက်နေပြီဖြစ်ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *