အိမ္တံခါးနဲ႔ ကားေတြကို ဖြင့္ဖို႔ လက္ေမာင္းထဲမွာ chip ေတြ ခြဲထည့္ထားတဲ့ အမ်ိဳးသမီး

@Twitter

ကားေတြ တံခါးေတြဖြင့္ဖို႔ စမတ္ေသာ့ေတြ ေပၚလာတာ ဟုတ္ပါတယ္။ ႐ုိုး႐ုိးေသာ့ေတြ မကိုင္ရင္ေတာင္ စမတ္ေသာ့ဆိုရင္ ဖုန္းထဲကတစ္ဆင့္ ဒါမွမဟုတ္ ခလုတ္ေတြ အသံုးျပဳၾကေလ့ရိွတာပါ။ ဒါေပမယ့္ အခုေဖာ္ျပေမယ့္ အမ်ိဳးသမီးကေတာ့ အဲ့ဒီထက္ကို တစ္ဆင့္တက္သြားပါၿပီ။

@Twitter

Amie D D ဆိုတဲ့ အမ်ိဳးသမီးဟာ Tesla က ထုတ္တဲ့ Model 3 ကားကို ပိုင္ဆုိင္ထားတာျဖစ္ၿပီး အဆုိပါကားဟာ ပံုမွန္ေသာ့နဲ႔ ဖြင့္ရတဲ့ ကားမ်ိဳး မဟုတ္ပါဘူး။ စမတ္ဖုန္းနဲ႔ ခ်ိတ္ၿပီး ဖြင့္ရင္ဖြင့္၊ သို႔မဟုတ္ ကားအတြက္ သီးသန္႔ထုတ္ထားတဲ့ ကားပံုစံ ခလုတ္ေလး သံုးရင္သံုး၊ ဖုန္းေရာ ခလုတ္ေရာ မရိွတဲ့အခါ key card ကို သံုးရတဲ့ ကားမ်ိဳးျဖစ္ပါတယ္။ ဖန္တီးတတ္တဲ့ Amie ကေတာ့ ကားကို အခ်ိန္မေရြးဖြင့္ႏုိင္ေအာင္ ဆုိကာ အေပၚနည္းေတြ ဘာမွ မသံုးဘဲ key card ထဲမွာ ရိွတဲ့ RFID (Radio-frequency identification) chip ေလးကို ထုတ္ၿပီး သူမရဲ႕ လက္ေမာင္း အသားထဲ ထည့္လိုကပါတယ္။

Amie ဟာ ဂိမ္းနဲ႔ ပ႐ုိဂရမ္ေတြကို အဓိကေရးဆြဲတဲ့ ေဆာ့ဖ္ဝဲအင္ဂ်င္နီယာတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။ Chip ကို လက္ထဲ ခြဲထည့္ဖို႔ လုပ္တဲ့ပံုကေတာ့ အရင္ဆံုး ကားရဲ႕ key card ထဲက id chip ကို အက္ဆီတုန္းဓာတ္ေငြ႔သံုးကာ အျပင္ကို ထုတ္ပါတယ္။ ထုိ႔ေနာက္ ဘိုင္အိုေပၚလီမာ (biopolymer) ထဲ chip ကို ျမွဳပ္ၿပီး လက္ေမာင္းထဲကို ထုိးသြင္းတာ ျဖစ္ပါတယ္။ ဘယ္မ်ိဳးလဲဆိုတာ ၾကည့္ခ်င္ရင္ ေအာက္ဘက္မွာ ဗီဒီယုိနဲ႔ ျပေပးထားပါေသးတယ္။

တကယ္ေတာ့ အခုလို လက္ေမာင္းထဲ id tag ေတြ ထည့္တာက Amie အတြက္ ပထမဆံုး မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက သူမရဲ႕ လက္ေမာင္းထဲမွာ RFID tag ထည့္ထားျခင္း ရိွၿပီး သူမရဲ႕ အိမ္တံခါးဖြင့္ဖို႔နဲ႔ ဖုန္းေဒတာ လံုၿခံဳေရးတို႔အတြက္ အသံုးျပဳေနခဲ့တာျဖစ္ပါတယ္။ Tesla ရဲ႕ Model 3 ကားကို စမွာတုန္းကလည္း သူမရဲ႕ လက္ေမာင္းထဲ ရိွၿပီးသား tag ထဲကို ထည့္လို႔ရမယ္အထင္နဲ႔ မွာခဲ့တာပါ။ ဒါေပမယ့္ ေဆာ့ဖ္ဝဲက မလႊဲေျပာင္းႏုိင္တဲ့အတြက္ ကားအတြက္ သီးသန္႔ chip ကို ေနာက္တစ္ခါ ထပ္ခြဲထည့္လိုက္တာ ျဖစ္ပါတယ္။

@Twitter

အခုလို ကားေသာ့ကို လက္အသားထဲ ထည့္လိုက္ၿပီးေနာက္ အလုပ္ျဖစ္သလားဆိုတဲ့ ေမးခြန္းကိုေတာ့ သူမက “အလုပ္ျဖစ္တယ္ ဖြင့္လို႔ရတယ္ဆိုတဲ့ အေၾကာင္း” The Verge နည္းပညာမဂၢဇင္းကို ေျဖၾကားခဲ့ပါတယ္။ အနည္းဆံုးေတာ့ ကိုယ့္ကားထဲမွာ ျပန္ပိတ္မိေနတဲ့ အျဖစ္မ်ိဳး Amie တစ္ေယာက္ ႀကံဳရေတာ့မွာ မဟုတ္ပါဘူး။

Source : The Verge
Via: Shwemom


#Unicode Version

ကားတွေ တံခါးတွေဖွင့်ဖို့ စမတ်သော့တွေ ပေါ်လာတာ ဟုတ်ပါတယ်။ ရိုးရိုးသော့တွေ မကိုင်ရင်တောင် စမတ်သော့ဆိုရင် ဖုန်းထဲကတစ်ဆင့် ဒါမှမဟုတ် ခလုတ်တွေ အသုံးပြုကြလေ့ရှိတာပါ။ ဒါပေမယ့် အခုဖော်ပြမေယ့် အမျိုးသမီးကတော့ အဲ့ဒီထက်ကို တစ်ဆင့်တက်သွားပါပြီ။

Amie D D ဆိုတဲ့ အမျိုးသမီးဟာ Tesla က ထုတ်တဲ့ Model 3 ကားကို ပိုင်ဆိုင်ထားတာဖြစ်ပြီး အဆိုပါကားဟာ ပုံမှန်သော့နဲ့ ဖွင့်ရတဲ့ ကားမျိုး မဟုတ်ပါဘူး။ စမတ်ဖုန်းနဲ့ ချိတ်ပြီး ဖွင့်ရင်ဖွင့်၊ သို့မဟုတ် ကားအတွက် သီးသန့်ထုတ်ထားတဲ့ ကားပုံစံ ခလုတ်လေး သုံးရင်သုံး၊ ဖုန်းရော ခလုတ်ရော မရှိတဲ့အခါ key card ကို သုံးရတဲ့ ကားမျိုးဖြစ်ပါတယ်။ ဖန်တီးတတ်တဲ့ Amie ကတော့ ကားကို အချိန်မရွေးဖွင့်နိုင်အောင် ဆိုကာ အပေါ်နည်းတွေ ဘာမှ မသုံးဘဲ key card ထဲမှာ ရှိတဲ့ RFID (Radio-frequency identification) chip လေးကို ထုတ်ပြီး သူမရဲ့ လက်မောင်း အသားထဲ ထည့်လိုကပါတယ်။

Amie ဟာ ဂိမ်းနဲ့ ပရိုဂရမ်တွေကို အဓိကရေးဆွဲတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ Chip ကို လက်ထဲ ခွဲထည့်ဖို့ လုပ်တဲ့ပုံကတော့ အရင်ဆုံး ကားရဲ့ key card ထဲက id chip ကို အက်ဆီတုန်းဓာတ်ငွေ့သုံးကာ အပြင်ကို ထုတ်ပါတယ်။ ထို့နောက် ဘိုင်အိုပေါ်လီမာ (biopolymer) ထဲ chip ကို မြှုပ်ပြီး လက်မောင်းထဲကို ထိုးသွင်းတာ ဖြစ်ပါတယ်။ ဘယ်မျိုးလဲဆိုတာ ကြည့်ချင်ရင် အောက်ဘက်မှာ ဗီဒီယိုနဲ့ ပြပေးထားပါသေးတယ်။

တကယ်တော့ အခုလို လက်မောင်းထဲ id tag တွေ ထည့်တာက Amie အတွက် ပထမဆုံး မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သူမရဲ့ လက်မောင်းထဲမှာ RFID tag ထည့်ထားခြင်း ရှိပြီး သူမရဲ့ အိမ်တံခါးဖွင့်ဖို့နဲ့ ဖုန်းဒေတာ လုံခြုံရေးတို့အတွက် အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ Tesla ရဲ့ Model 3 ကားကို စမှာတုန်းကလည်း သူမရဲ့ လက်မောင်းထဲ ရှိပြီးသား tag ထဲကို ထည့်လို့ရမယ်အထင်နဲ့ မှာခဲ့တာပါ။ ဒါပေမယ့် ဆော့ဖ်ဝဲက မလွှဲပြောင်းနိုင်တဲ့အတွက် ကားအတွက် သီးသန့် chip ကို နောက်တစ်ခါ ထပ်ခွဲထည့်လိုက်တာ ဖြစ်ပါတယ်။

အခုလို ကားသော့ကို လက်အသားထဲ ထည့်လိုက်ပြီးနောက် အလုပ်ဖြစ်သလားဆိုတဲ့ မေးခွန်းကိုတော့ သူမက “အလုပ်ဖြစ်တယ် ဖွင့်လို့ရတယ်ဆိုတဲ့ အကြောင်း” The Verge နည်းပညာမဂ္ဂဇင်းကို ဖြေကြားခဲ့ပါတယ်။ အနည်းဆုံးတော့ ကိုယ့်ကားထဲမှာ ပြန်ပိတ်မိနေတဲ့ အဖြစ်မျိုး Amie တစ်ယောက် ကြုံရတော့မှာ မဟုတ်ပါဘူး။

Source : The Verge
Via: Shwemom