Tesla ၏ Cybertruck ကား အော်ဒါ တစ်သိန်းခွဲခန့် ရရှိထားဟုဆို

Getty Images

Tesla ကုမ္ပဏီရဲ့ Cybertruck ကားဟာ လက်ရှိအချိန်ထိ အော်ဒါ ၁၄၆၀၀၀ ရရှိထားတယ်လို့ Tesla စီအီးအိုဖြစ်သူ Elon Musk ရဲ့ ပြောကြားချက်ကို နိုဝင်ဘာ ၂၃ရက်က CNBC သတင်းမှာဖော်ပြထားပါတယ်။

Tesla ဟာ သူ့ရဲ့ ခေတ်မီလွန်းတဲ့ Cybertruck ကားသစ်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက လော့အိန်ဂျ လိစ်မြို့မှာ ပြုလုပ်တဲ့ ပရိုမိုးရှင်းပွဲတစ်ခုမှာ ပွဲထုတ်ခဲ့တာပါ။ကားဟာ ဆန်းသစ်လွန်းတဲ့ အသွင်းပုံစံရှိပြီး ခေတ်ရှေ့ပြေးလွန်းကာ ကြီးမားတဲ့သတ္ထုစပ် အနားမညီစတုဂံ ပုံစံမျိုးတည်ဆောက်ထားပါတယ်။

Getty Images

ဒီကားကိုအမေရိကန်ဒေါ်လာ၃၉၉၀၀နဲ့စတင်ရောင်းချပေးသွားမှာလည်းဖြစ်ပါတယ်။ဒါပေမဲ့ ဒီကားကို စတင်ပွဲ ထုတ်ရာမှာ Elon Musk ဟာ ကားရဲ့ကြံ့ခိုင်မှုကို ပြသတဲ့အနေနဲ့ ကားရဲ့ပြတင်းပေါက်မှန်တွေကို သတ္တုလုံး တစ်လုံးနဲ့ ပစ်ပေါက်စေခဲ့ရာမှာတော့ ကားမှန်တွေဟာ အက်ကွဲသွားခဲ့ပါတယ်။

အချို့ကလည်း ဆိုက်ဘာ ထရပ်၏ အနာဂတ်ဆန်လွန်း သော ဒီဇိုင်းပုံစံကို လူအများ ကြိုက်နှစ်သက်ခြင်း ရှိ၊ မရှိ သံသ ယရှိနေသည်။

Getty Images

ကန်ဒေါ်လာ ၃၉,၉၀၀ ဖြင့် စတင်ရောင်းချမည့် Cybertruck ကားကို ၂၀၂၁ နှောင်းပိုင်းတွင် စတင်ထုတ်လုပ်ရန် Tesla ကုမ္ပဏီက စီစဉ်ထားသည်။

ဒီလို စမ်းသပ်ခဲ့ရာမှာ မှန်ကွဲသွားခဲ့ပြီးနောက် Tesla ရဲ့ ရှယ်ယာတွေဟာလည်း ပြီးခဲ့တဲ့ သောကြာနေ့က ၆ ဒသမ ၁ရာခိုင်နှုန်းကျဆင်းသွားခဲ့ရပါတယ်။အခုအသစ်ထုတ်လိုက်တဲ့ Cybertruck ဟာ Tesla ကုမ္ပဏီကို ၂၀၀၃ ခုနှစ်မှာတည်ထောင်ခဲ့ပြီးနောက်ပိုင်း ထုတ်လုပ်တဲ့ ခြောက်ခုမြောက် ကားလည်း ဖြစ်ပါတယ်။ဒီကားဟာ Ford F Series တွေနဲ့General Motor’s Chevrolet Silverado ကားတွေကို ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Getty Images

CNBC