Sponsored

ပြင်သစ်နိုင်ငံ ပါရီမြို့ လေဆိပ်သို့ ဆင်းသက်လာသော လေယာဉ်တစ်စီး၏ ဘီးခေါက်တင်သည့်နေရာထဲဝယ် သေဆုံးနေသော အသက် ၁၀ နှစ်အရွယ် အမျိုးသားငယ်တစ်ဦးကို ယမန်နေ့က တွေ့ရှိရသည်။

ယင်လေယာဉ်မှာ အိုင်ဗရီကို့စ်နိုင်ငံ Abidjan မြို့မှ ပါရီမြို့သို့ ပျံသန်းလာသောလေယာဉ်ဖြစ်ပြီး သေဆုံးနေသည့် လူငယ်မှာ ယင်းမြို့မှ ပါရီသို့ ပုန်းအောင်း စီးနင်းလိုက်ပါလာခြင်းဖြစ်သည်။

@AirFranceplane

အဆိုပါလေယာဉ်သည် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီက ပါရီလေဆိပ်သို့ဆင်းသက်ခဲ့ပြီးနောက် များမကြာမီတွင်ပင် သေဆုံးသည့် လူငယ်လေး၏ ရုပ်အလောင်းကို လေယာဉ်ကွင်း ဝန်ထမ်းတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Sponsored

လူငယ်လေး သေဆုံးရခြင်းအကြောင်းရင်းကို လေကြောင်းလိုင်းမှ စုံစမ်းနေဆဲဖြစ်သည်။

@AirFranceplane

လေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ချက်တွင်မူ ”၂၀၂ဝပြည့်နှစ် ဇန်နဝါရီ ၇ရက်က Abidjan မှ ပါရီမြို့ ချားလ်စ်ဒီဂေါလ်လေဆိပ်သို့ ပျံသန်းရောက်ရှိလာသော ခရီးစဉ်အမှတ် AF703 ၏ လေယာဉ်ဘီးခေါက်သွင်းသည့်နေရာထဲတွင် ပုန်းအောင်းစီးနင်းလိုက်ပါလာသော လူငယ်တစ်ဦး၏ အသက်မဲ့ ရုပ်အလောင်းကို တွေ့ရှိကြောင်း အတည်ပြုသည်”ဟု ရေးသားဖော်ပြထားသည်။

Source: Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *