Sponsored

Coronavirus နဲ့ပတ်သတ်ပြီး လူမျိုးရေးခွဲခြားကာ အနိုင်ကျင့်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား ဆယ်ကျော်သက်နှစ်ဦးကို လန်ဒန်ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပါပြီ။ သူတို့နှစ်ဦးဟာ ၁၅ နှစ် နှင့် ၁၆ အရွယ် သာရှိသေးတယ်လို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့ စာမျက်နှာမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၉နာရီ ၁၅မိနစ်အချိန်က လူငယ်တစ်ယောက်အနိုင်ကျင့်ခံနေရကြောင်း သတင်းပို့တဲ့အတွက် အခင်းဖြစ်နေရာကိုသွားရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။ ၁၆နှစ်အရွယ် အနိုင်ကျင့်ရာမှာ ပါဝင်ခဲ့တဲ့ ကောင်လေးကို မတ်လ ၄ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပြီး စုံစမ်းစစ် ဆေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ အသက် ၁၅နှစ်အရွယ် ကောင်လေးကိုတော့ ကြာသပတေးနေ့က ဖမ်းမိခဲ့ပကာ စစ်ဆေးမှုတွေပြုလုပ်ပြီး ခံဝန်နဲ့ပြန်လွှတ်ပေးထားခဲ့တာပါ။

Photo: London Metropolitan Police

အခင်းဖြစ်ပွားရာနေရာမှာ လူလေးယောက်ပါဝင်တာကြောင့် ကျန်နှစ်ယောက်ကို ဆက်လက်စုံစမ်းနေတယ်လို့လည်းသိရပါတယ်။ ၂၃နှစ်အရွယ် စင်ကာပူနိုင်ငံသား Jonathan Mok ရဲ့ အင်္ဂါနေ့က CNA တွေ့ဆုံမေးမြန်းခန်းအပြီးမှာ ရဲတပ်ဖွဲ့ စုံစမ်းမှုတွေစတင်လုပ်ဆောင်နေတာပါ။ Mok ဟာ University college London မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်လဲဖြစ်ပါတယ်။

Sponsored
@Facebook

အာရှသားတစ်ယောက်ဖြစ်တာကို ဦးတည်တိုက်ခိုက်တဲ့ လူမျိုးရေးခွဲခြားမှုတွေကို ကျွန်တော်မုန်းပါတယ်။ စိတ်လည်းဆိုးပါတယ်။ ” လို့ Mok က ပြောခဲ့ပါတယ်။အခင်းဖြစ်တဲ့နေရာကိုရဲတွေရောက်လာမှ အနိုင်ကျင့်တဲ့လူစုဟာ ထွက်ခွာသွားတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ ဒါ့အပြင် စင်ကာပူ ကျောင်းသားကို ထိုးကြ ကန်ကျောက်ကြတယ်လို့လည်း သူတို့ပြောပါတယ်။

ထိုအမှုကိုကိုင်တွယ်သူ စုံထောက် Emma Kirby က ရဲတပ်ဖွဲ့ရောက်သွားတော့ ကောင်လေးခမျာ နာလွန်းလို့တုန်ရီနေပါတယ်လို့ သူမက ပြောပါတယ်။ ” ကျွန်မတို့နိုင်ငံရဲ့ လမ်းတွေပေါ်မှာ ဒီလိုမျိုးလူမျိုးရေးခွဲခြားတာတွေ တိုက်ခိုက် တာတွေကို လက်မခံပါဘူး။ ကျွန်မတို့ဒီအမှုကို သေချာကိုင်တွယ်ဖြေရှင်းသွားမှာပါ။ အခင်းဖြစ်ပွားရာနေရာမှ အချိန်မီအကြောင်းကြားပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့အကူအညီနဲ့ ကျန်တရားခံတွေကို ရှာဖွေသွားပါမယ် ” လို့သူမက ဆိုပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *