ဇာတ်ပွဲ မလာဘဲ ပြဿနာတက်ခဲ့တဲ့ ကိစ္စ စွမ်းဇာနည် ကိုယ်တိုင် တောင်းပန်ပြီ

စွမ်းဇာနည်

မန္တလေး နန်းတော်ရာဇာတ်ပွဲကို ကပြဖျော်ဖြေဖို့ တာဝန်ယူထားပေမဲ့ မင်းသားစွမ်းဇာနည် လာရောက်ဖျော်ဖြေခြင်းမရှိတာကြောင့် ပွဲကျင်းပသူတွေနဲ့ စွမ်းဇာနည်ကြား ပြဿနာလေးတွေရှိခဲ့ပါတယ်…။

ပွဲကျင်းပရေးဘက်က ဇာတ်ပစ္စည်းတွေနဲ့ ဇာတ်သဘင်ကားတွေကို သိမ်းဆည်းထားပြီး လျော်ကြေးငွေ သိန်း ၅၀၀ နဲ့လာရွေးဖို့ စွမ်းဇာနည်ကိုတောင်းဆိုခဲ့ပါတယ်….။

စွမ်းဇာနည်

ခုချိန်မှာတော့ ဒီပြဿနာကို မင်းသားစွမ်းဇာနည်ကိုယ်တိုင် တောင်းပန်ဖြေရှင်းလိုက်ပြီလို့ ကုမုဒြာက ဖော်ပြတဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်….။ ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက မင်းသားစွမ်းဇာနည်ကိုယ်တိုင် ပွဲဖြစ်မြောက်ရေးကော်မတီထံ သွားရောက် တောင်းပန်ခဲ့တာဖြစ်ပြီး လျော်ကြေးငွေကိုလည်း မူလ တောင်းဆိုထားတဲ့ သိန်း ၅၀၀ အစား သိန်း ၃၀၀ နဲ့ ညှိနှိုင်းပြေလည်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်…..။

စွမ်းဇာနည်

ခုလို စွမ်းဇာနည်ရောက်မလာနိုင်တာဟာ မိသားစုကိစ္စကြောင့်လို့ သိရပြီး ဒီကြားထဲမှာ စွမ်းဇာနည်ဟာ ကျန်းမာရေးကြောင့် ဆေးရုံတက်ရောက်ခဲ့ရသေးတယ်လို့လည်း သိရပါတယ်…. ပွဲဖြစ်မြောက်ရေးကော်မတီနဲ့ စွမ်းဇာနည်ကြားက ပြဿနာကို သဘင်ဥက္ကဋ္ဌ မင်းသားဖိုးချစ်ကလည်း ဝင်ရောက်ဖျန်ဖြေပေးခဲ့ဖူးပြီး ခုချိန်မှာတော့ စွမ်းဇာနည်ရဲ့ တောင်းပန်မှုနဲ့အတူ လျော်ကြေး သိန်း ၃၀၀ နဲ့ ညှိနှိုင်းအဆင်ပြေသွားခဲ့ပြီပဲ ဖြစ်ပါတယ်…..။

@Facebook

Source : Kumudra