Sponsored

မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် မီးစက်အိမ်ခွံအတွင်းထည့်သွင်း သယ်ဆောင်လာသည့် တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၁-၂၀၂၀ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေး စခန်းတာဝန်ကျ သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်

သစ်တောဦးစီးဌာန

ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် ကားလမ်း၊ ကျောက်ချောဘိနယ် သစ်တော စခန်းရှေ့ တွင် မန္တလေးဘက်မှ ပြင်ဦးလွင်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် (MDY 5F-1560 )SUZUKI အဖြူရောင်ယာဉ်ပေါ်မှ မီးစက်ပုံးခွံအလွတ် အတွင်း ထည့်သွင်းသယ်ဆောင်လာသည့် တရားမဝင် ပိတောက်ခွဲသား (၂၈)ချောင်း (ဝ.၈၁၉၄)တန်အား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

Sponsored

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

သစ်တောဦးစီးဌာန

Source: သစ်တောဦးစီးဌာန

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *