Sponsored

ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက် လောင်းပေးရမယ် ။ဒါက တစ်ကိုယ်လုံးမှာ ပြန့်နှံနေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချ လိုက်တာပါ …။

အိပ်ရာကထ လာတာနဲ့ အပူတွေက တစ်ကိုယ်လုံးမှာ ပြန့်နှံ့နေတာပါ ၊ ဒီအချိန်မှာ အရင်က ထုံးစံအတိုင်း မျက်နှာကို အရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ အကုန်ပြေးလာကြပါတယ် …။

ဒါကြောင့် မျက်စိကို တစ်ကိုယ်လုံးက အပူခိုး ၊ အပူငွေ့တွေ လာရိုက်တော့တာပေါ့ ။ သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊ မျက်လုံးနှစ်လုံးစလုံး ” ရဲ ” နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလို အပူခိုးတွေ ရိုက်ပါများလာတဲ့အခါ ” ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ ” …။

Sponsored

သင်၏ မျက်လုံး အားပြန်ကောင်းပြီး မျက်မှန်လွတ်တဲ့နည်း ဒါကြောင့်အပူခိုးတွေ မျက်စိဆီကို မသွားဘဲ အောက်ရောက်သွားအောင် ခြေထောက်ကို အရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေ ရေလောင်းပြီးတဲ့ အခါမှာလည်း ချက်ချင်းမျက်နှာ မသစ်ရသေးဘူး …။

မျက်မှန်လွတ်သွားစေမယ့် နည်းလမ်း

ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက် အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ်။ အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကို နောက်ကျောဘက် ရောက်နိုင်သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်း ရသလောက် ငုံ့ရမယ် ။ ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကို ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် …။

ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ ခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင် ခြေထောက်ကို စမ်းကြည့်လိုက်ပေါ့ ။ ” ရေတစ်စက်မှ မရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။ ပါးစပ်ကို ပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေတော့ …။

ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊ အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ ” မျက်နှာက မွှေးညှင်းပေါက်များမှ တဆင့် ထွက်ကုန်မယ်လေ”

ဒီနည်းကတော့” အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ” ကို ကြိုတင်ကာကွယ်နည်းပါ ။ နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊ ညဘက်ကို နည်းနည်း ပဲကြည့်စေချင်တယ် ။ ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် ။ မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေ ပြုလုပ်မည်ဆိုပါက မျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ …။ ။

အရှင်ဇဝန (မေတ္တာရှင် – ရွှေပြည်သာ )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *