ေႏြရာသီမွာ ျဖစ္လာဖြယ္ရွိတဲ့ အေျပာင္းအေရႊ႔မ်ား

Getty Images

လာမယ့္ ေႏြရာသီကေတာ့ ဥေရာပ ထိပ္တန္း အသင္းေတြရဲ႕ အေျပာင္းအေရႊ႕မ်ားစြာ ျဖစ္လာဖို႔ ရွိေနပါတယ္။ အထူးသျဖင့္ ခ်န္ပီယံလိဂ္မွာ ၃ႏွစ္ဆက္ ခ်န္ပီယံ ျဖစ္ခဲ့ၿပီးမွ အဆိုးရြားဆံုး အေနအထားေတြနဲ႔ ဒီရာသီ ဖလားလက္မဲ့ ျဖစ္ေတာ့မယ့္ ရီးယဲယ္မက္ဒရစ္ဟာ ကစားသမား အေျပာင္းအေရႊ႔ သတင္းေတြရ႕ဲ အဓိက ဇာတ္ေကာင္လို႔ ေျပာရမွာပါ။ ေအာင္ျမင္မႈမ်ားစြာ ရခဲ့တဲ့ ဇီဒန္းဟာ ရီးယဲယ္ကို တစ္ေက်ာ့ ျပန္လာခဲ့ၿပီးေနာက္ အရင္လို ေအာင္ျမင္မႈမ်ိဳး ျပန္ရဖို႔အတြက္ ကစားသမား အသစ္ေတြကို အားျဖည့္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

တစ္ခါ အဂၤလန္ ေဘာလံုးေလာကရဲ႕ အရွိန္အ၀ါႀကီးတဲ့ မန္ခ်က္စတာယူႏုိက္တက္ကလည္း ကစားသမားေဟာင္း ဆိုးလ္ရွားကို နည္းျပအျဖစ္ ခန္႔အပ္ၿပီးေနာက္ အရင္လို ထိပ္တန္း အဆင့္မ်ိဳး ျပန္ေရာက္လာဖို႔ ကစားသမားသစ္ကို အားျဖည့္မယ္လို႔ ဆိုထားၿပီး ေႏြရာသီမွာ ကစားသမား အသစ္ေတြအတြက္ ေငြေတြပံုေအာၿပီး သံုးဖို႔ ရွိေနတာပါ။ ခ်ယ္လ္ဆီး၊ ေအစီမီလန္၊ အာဆင္နယ္၊ ဘိုင္ယန္ျမဴးနစ္လို အသင္းေတြကလည္း ျပင္ဆင္မႈေတြ လုပ္လာဖို႔ရွိလို႔ ဘယ္သူေတြက ဘယ္အသင္းေတြကို ေရာက္မလဲ စိတ္၀င္စားစရာ ရွိေနပါတယ္။

ရီးယဲယ္ န႔ဲ ဇီဒန္းရဲ႕ ကစားသမားသစ္ ရွာပံုေတာ္

Getty Images

ဘာစီလုိနာကေန ေျပာင္းၿပီးကတည္းကေန အသင္းေဟာင္းနဲ႔ ရီးယဲယ္ကို ေရာက္ဖို႔ အၿမဲလိုလို သတင္းထြက္ေနတဲ့ ေနမာဟာ ေႏြရာသီ အေျပာင္းအေရႊ႔ ေစ်းကြက္တုိင္းမွာ အၿမဲသတင္း ထြက္ေနသူပါ။ မက္ဆီရဲ႕ ေလာင္းရိပ္ေအာက္ကေန ရုန္းထြက္ၿပီး ပီအက္စ္ဂ်ီကို ေျပာင္းခဲ့ေပမယ့္ ဥေရာပ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာလည္း ေျခစြမ္းမျပႏုိင္ခဲ့ဘဲ ဒဏ္ရာေတြနဲ႔ ရုန္းကန္ေနရပါတယ္။ ေနမာဟာ ပီအက္စ္ဂ်ီကေန ထြက္ၿပီး လာလီဂါကို ျပန္ဖုိ႔ စဥ္းစားေနေပမယ့္ အသင္းေဟာင္း ဘာစီလိုနာထက္ ဇီဒန္းရဲ႕ ရီးယဲယ္မက္ဒရစ္ကသာ ပိုၿပီး ျဖစ္ႏုိင္ဖြယ္ရွိေနပါတယ္။ တကယ္လို႔ သူ႔ရဲ႕ အေျပာင္းအေရႊ႔ျဖစ္လာခဲ့ရင္လည္း သူကိုယ္တိုင္ တင္ထားခဲ့တဲ့ ကမာၻ႔စံခ်ိန္ကို ျပန္ခ်ိဳးဖြယ္ရွိေနပါတယ္။

နည္းျပ ဇီဒန္းကေတာ့ ေႏြရာသီသူ႔ရဲ႕ အဓိက ေခၚယူခ်င္တဲ့ ကစားသမားကေတာ့ ျပင္သစ္ လူငယ္ တိုက္စစ္မွဴး အမ္ဘတ္ေပလို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ ၂ႏွစ္က မိုနာကိုကေန ေပါင္ ၁၆၅သန္းနဲ႔ ေရာက္လာခဲ့တဲ့သူ႔ကို ရီးယဲယ္က ေပါင္သန္း ၃၀၀ေလာက္ အသံုးျပဳရဖြယ္ ရွိေနတယ္လို႔ မီဒီယာေတြက ေဖာ္ျပထားပါတယ္။

Getty Images

ပီရက္ဇ္နဲ႔ ဇီဒန္းဟာ ေႏြရာသီမွာ ေငြေတြပံုေအာၿပီးသံုးဖို႔ နာမည္ေက်ာ္ ကစားသမားေတြကို ေခၚယူဖို႔ ပစ္မွတ္ထားေနခ်ိန္ ပရီးမီးယားလိဂ္က စူပါစတားေတြကလည္း ရီးယဲယ္ရဲ႕ အ၀ယ္စာရင္းထဲမွာ ပါ၀င္ေနပါတယ္။ ခ်ယ္လ္ဆီးရဲ႕ ေတာင္ပံကစားသမား အက္ဒင္ ဟားဇက္ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးခါနီးမွာ ရီးယဲယ္ကို ေျပာင္းဖို႔ သေဘာတူညီမႈ ရခဲ့ၿပီလို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက သတင္းထြက္ခဲ့ပါတယ္။ ဟာဇက္ကေတာ့ အဲ့ဒီသင္းေတြကို ျငင္းဆိုထားေပမယ့္ ငယ္စဥ္ကတည္းက ရီးယဲယ္မွာ ကစားဖို႔ အိပ္မက္ မက္ခဲ့သူလို႔ ၀န္ခံခဲ့ဖူးပါတယ္။ ရီးယဲယ္က ဟာဇက္အတြက္ ေပါင္သန္း ၁၀၀နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ခ်ယ္လ္ဆီးကေတာ့ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ တကယ္လို႔ ပီရက္ဇ္နဲ႔ ရီးယဲယ္တို႔ ဟာဇက္ကို ေခၚယူပါက ကမာၻ႔ စံခ်ိန္တင္ေၾကး တစ္ခုျဖစ္လာႏုိင္ပါတယ္။

Getty Images
Getty Images

ရီးယဲယ္နဲ႔ ေနာက္ထပ္ သတင္းထြက္ေနသူေတြက မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေပါ့ပ္ဘာနဲ႔ ဒါးဗစ္ ဒေဟးရားပါ။ ယူႏုိက္တက္ရဲ႕ အဓိက ကစားသမားေတြ ျဖစ္ၾကၿပီး နည္းျပ ဇီဒန္း ႀကိဳက္ႏွစ္သက္သူေတြျဖစ္လုိ႔ ေႏြရာသီမွာ ပရီးမီးယားလိဂ္ကေန ထြက္ခြာဖြယ္ရွိေနၾကတာပါ။ ေပါ့ပ္ဘာဟာ လက္ရွိနည္းျပျဖစ္သူ ဆိုးလ္ရွားနဲ႔ ဆံဆက္ေရး ေအးဆက္ေနၿပီး ေႏြရာသီမွာ အသင္းက ထြက္ခြာဖို႔ မ်ားတယ္လို႔ ၿဗိတိန္ မီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။ တစ္ခါ ဂိုးသမား ဒါးဗစ္ ဒေဟးရားကလည္း ယူႏုိက္တက္နဲ႔ စာခ်ဳပ္သစ္အတြက္ အဆင္မေျပဘဲျဖစ္ေနၿပီး အသင္းရဲ႕ စာခ်ဳပ္သစ္ကို ျငင္းဆန္ထားသူ ျဖစ္ပါတယ္။ ရီးယဲယ္ နည္းျပ ဇီဒန္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွ ေရာက္ရွိလာတဲ့ ဂိုးသမား သီဘို႔ ေကာ္တြားထက္ ဒါးဗစ္ ဒေဟးရားကို ပိုႀကိဳက္ႏွစ္သက္သူျဖစ္လို႔ ေႏြရာသီမွာ စပိန္ကို ေရာက္လာဖြယ္ ရွိေနပါတယ္။ ဒေဟးရားကို ရီးယဲယ္အျပင္ ပီအက္စ္ဂ်ီကလည္း စိတ္၀င္စားေနလို႔ သူ႔ရဲ႕ အေျပာင္းအေရႊ႔ကလည္း ျဖစ္လာဖြယ္ရွိေနပါတယ္။

ဆိုးလ္ရွားနဲ႔ အေျပာင္းလဲမ်ား

ယာယီနည္းျပကေန အၿမဲတမ္း နည္းျပျဖစ္လာၿပီးေနာက္ ဆိုးလ္ရွားဟာ မန္ခ်က္စတာယူႏုိက္တက္ကို ျပန္လည္ ျပင္ဆင္ဖုိ႔ ေငြေၾကး လံုေလာက္စြာ ရရွိထားပါတယ္။ သတင္းေတြအရ ဆိုးလ္ရွားဟာ အေျပာင္းအေရႊ႔အတြက္ အနည္းဆံုး ေပါင္သန္း ၂၀၀အထိ သံုးစြဲရဖြယ္ ရွိေနတယ္လို႔ ဆိုၿပီး ကစားသမားတုိင္း ကလည္း မန္ယူအသင္းန႔ဲ သတင္းထြက္ေနပါတယ္။

Getty Images

ျပဳျပင္ေျပာင္းလဲမႈအတြက္ ကြင္းလယ္ကစားသမား တစ္ဦးနဲ႔ ေနာက္ခံ အစြန္လူ တစ္ေယာက္ဟာ ယူႏိုက္တက္ အတြက္ အဓိကထား ေခၚယူရမယ့္ ေနရာေတြလို႔ ဆိုးလ္ရွားကေတာ့ ဆိုပါတယ္။ မန္ယူက စိတ္၀င္စားေနတဲ့ ကစားသမားေတြထဲမွာ ဘာစီလိုနာက ဖိလစ္ ေကာ္တင္ညိဳ၊ ရီးယဲယ္က ဂါရတ္ေဘးလ္၊ ေဒါ့မန္က ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ နာပိုလီက ေနာက္ခံလူ ကူလီဘာေလတို႔ဟာ မန္ယူနဲ႔ သတင္းထြက္ေနသူေတြျဖစ္ပါတယ္။

ရီးယဲယ္ကေတာ့ ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ကို ေပါင္ ၁၁၇သန္းရရင္ ေရာင္းခ်မယ္လို႔ဆိုထားလို႔ မန္ယူအေနနဲ႔ ရီးယဲယ္ သတ္မွတ္ထားတဲ့ ေစ်းႏႈန္းကို ေပးႏိုင္ရင္ ဂါရတ္ေဘးလ္ဟာဟာ ယူႏုိက္တက္ရဲ႕ ကစားသမား ျဖစ္လာႏုိင္ဖြယ္ရွိေနပါတယ္။ ေဒါ့မန္ကလည္း သူတုိ႔ရဲ႕ လူငယ္ကစားသမား ဆန္ခ်ိဳကို ေပါင္သန္း ၁၀၀သတ္မွတ္ထားသလို နာပိုလီကလည္း ကူလီဘာေလကို ေပါင္ ၁၃၅သန္း သတ္မွတ္ထားပါတယ္။ ယူႏုိက္တက္ဟာ အက္ရွ္ေလယန္းေနရာမွာ အစားထိုးဖို႔ ပဲေလ့စ္က ၀မ္ဘစ္ဆာကာနဲ႔ ဂ်ဴဗင္တပ္စ္က ကန္ဆယ္လိုတို႔ကို ပစ္မွတ္ထားေနပါတယ္။ ေလ်ာ္ေၾကးစာခ်ဳပ္ ေပါင္သန္း ၄၀သာရွိတဲ့ ဘစ္ဆာကာကို ရႏုိင္ဖြယ္ ရွိေပမယ့္ ကန္ဆယ္လိုကေတာ့ အနည္းဆံုးေပါင္သန္း ၆၀ေက်ာ္အထိ အသံုးျပဳဖြယ္ရွိေနပါတယ္။ ယူႏုိက္တက္ဟာ တစ္ပတ္ ေပါင္ ၈ေသာင္းသာ ရေနတဲ့ စပါးရဲ႕ ကြင္းလယ္လူ အဲရစ္ဆင္ကို တစ္ပတ္ ၂သိန္း ၄ေသာင္းအထိ ေပးၿပီး ေခၚယူဖို႔ စီစဥ္ေနပါတယ္။

Getty Images

အျခားထိပ္တန္း အေျပာင္းအေရႊ႔မ်ား

ဒီႏွစ္ ခ်န္ပီယံလိဂ္မွာ ေျခစြမ္းျပေနတဲ့ အားယက္စ္ အသင္းေခါင္းေဆာင္ ဒီလိတ္ဟာ ရာသီကုန္မွာ အသင္းကေန ထြက္ခြာေတာ့မွာ ျဖစ္ၿပီး ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္ တစ္သင္းသင္းကို ေျပာင္းေရႊ႔မယ္လို႔ နည္းျပျဖစ္သူက ဆိုပါတယ္။ နယ္သာလန္ နည္းျပေဟာင္း လူး၀စ္ဗန္ဟားလ္ကေတာ့ ဒီလိတ္ အေနနဲ႔ ဘုိင္ယန္ျမဴးနစ္ထက္ ဘာစီလိုနာကို ေရြးခ်ယ္သင့္တယ္လို႔ ဆိုထားပါတယ္။

အာဆင္နယ္ကလည္း ဘာစီလိုနာ ေနာက္ခံလူ အူတီတီကို စိတ္၀င္စားေနၿပီး ေႏြရာသီမွာ ေခၚယူဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ ဘာစီလုိနာကေတာ့ သူတို႔ရဲ႕ ေနာက္ခံလူ အတြက္ အနည္းဆံုး ေပါင္ ၆၅သန္း သတ္မွတ္ထားပါတယ္။ အင္တာမီလန္ကလည္း စပါးရဲ႕ ကြင္းလယ္လူ အဲရစ္ဆင္ကို ေခၚယူဖို႔ ျပင္ဆင္ေနၿပီး သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ စတင္ေဆြးေႏြးေနတယ္လို႔ အီတလီ မီဒီယာေတြက ေဖာ္ျပထားပါတယ္။ အဲရစ္ဆင္ကို ရီးယဲယ္ကလည္း စိတ္၀င္စားေန ၿပီး သူ႔ရဲ႕ အေျပာင္းအေရႊ႔ဟာ အနည္းဆံုး ေပါင္သန္း ၁၀၀ အထိ ရွိႏုိင္ပါတယ္။

Getty Images
Getty Images
Getty Images
Getty Images

ေႏြရာသီမွာ ျဖစ္လာဖြယ္ရွိတဲ့ ထိပ္တန္း အေျပာင္းအေရႊ႔မ်ား

၁) ေနမာ – ပီအက္စ္ဂ်ီ မွ ရီးယဲယ္ ( ေပါင္ ၂၅၀ မွ ၃၅၀ သန္း )

၂) ဟာဇက္ – ခ်ယ္လ္ဆီး မွ ရီးယဲယ္ ( ေပါင္ ၁၀၀ မွ ၁၅၀ သန္း )

၃) အမ္ဘတ္ေပ – ပီအက္စ္ဂ်ီ မွ ရီးယဲယ္ ( ေပါင္ ၂၅၀ မွ ၃၅၀ သန္း )

၄) ဒါးဗစ္ ဒေဟးရား – မန္ခ်က္စတာယူႏုိက္တက္ မွ ရီးယဲယ္၊ ပီအက္စ္ဂ်ီ ( ေပါင္ ၆၀ မွ ၈၀ သန္း )

၅) ေပါ့ပ္ဘာ – မန္ခ်က္စတာယူႏုိက္တက္ မွ ရီးယဲယ္ ( ေပါင္ ၈၀ မွ ၁၅၀ သန္း )

၆) ေကာ္တင္ညိဳ – ဘာစီလိုနာ မွ မန္ခ်က္စတာယူႏုိက္တက္ ( ေပါင္ ၁၀၀ မွ ၁၂၀ သန္း )

၇) ဒီလိတ္ – အားယက္စ္ မွ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္ ( ေပါင္ ၅၀ မွ ၈၀ သန္း )

၈) ဂါရတ္ ေဘးလ္ – ရီးယဲယ္ မွ ခ်ယ္လ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္ ( ေပါင္ ၁၀၀ မွ ၁၅၀ သန္း )

၉) ကူလီဘာေလ – နာပိုလီ မွ မန္ခ်က္စတာယူႏုိက္တက္ ( ေပါင္ ၈၀ မွ ၁၃၅ သန္း )

၁၀) ေဂ်ဒန္ ဆန္ခ်ိဳ – ေဒါ့မန္ မွ မန္ခ်က္စတာယူႏုိက္တက္ ( ေပါင္ ၁၀၀ မွ ၁၅၀ သန္း )

၁၁) အူတီတီ – ဘာစီလိုနာ မွ အာဆင္နယ္ ( ေပါင္ ၆၅ မွ ၈၀ သန္း )
၁၂) အဲရစ္ဆင္ – စပါး မွ ရီးယဲယ္၊ မန္ခ်က္စတာယူႏုိက္တက္၊ အင္တာ ( ေပါင္ ၁၀၀ မွ ၁၅၀ သန္း )

Via: BBC


#Unicode Version

လာမယ့် နွေရာသီကတော့ ဥရောပ ထိပ်တန်း အသင်းတွေရဲ့ အပြောင်းအရွှေ့များစွာ ဖြစ်လာဖို့ ရှိနေပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်မှာ ၃နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့ပြီးမှ အဆိုးရွားဆုံး အနေအထားတွေနဲ့ ဒီရာသီ ဖလားလက်မဲ့ ဖြစ်တော့မယ့် ရီးယဲယ်မက်ဒရစ်ဟာ ကစားသမား အပြောင်းအရွှေ့ သတင်းတွေရဲ့ အဓိက ဇာတ်ကောင်လို့ ပြောရမှာပါ။ အောင်မြင်မှုများစွာ ရခဲ့တဲ့ ဇီဒန်းဟာ ရီးယဲယ်ကို တစ်ကျော့ ပြန်လာခဲ့ပြီးနောက် အရင်လို အောင်မြင်မှုမျိုး ပြန်ရဖို့အတွက် ကစားသမား အသစ်တွေကို အားဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

တစ်ခါ အင်္ဂလန် ဘောလုံးလောကရဲ့ အရှိန်အဝါကြီးတဲ့ မန်ချက်စတာယူနိုက်တက်ကလည်း ကစားသမားဟောင်း ဆိုးလ်ရှားကို နည်းပြအဖြစ် ခန့်အပ်ပြီးနောက် အရင်လို ထိပ်တန်း အဆင့်မျိုး ပြန်ရောက်လာဖို့ ကစားသမားသစ်ကို အားဖြည့်မယ်လို့ ဆိုထားပြီး နွေရာသီမှာ ကစားသမား အသစ်တွေအတွက် ငွေတွေပုံအောပြီး သုံးဖို့ ရှိနေတာပါ။ ချယ်လ်ဆီး၊ အေစီမီလန်၊ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်လို အသင်းတွေကလည်း ပြင်ဆင်မှုတွေ လုပ်လာဖို့ရှိလို့ ဘယ်သူတွေက ဘယ်အသင်းတွေကို ရောက်မလဲ စိတ်ဝင်စားစရာ ရှိနေပါတယ်။

ရီးယဲယ် နဲ့ ဇီဒန်းရဲ့ ကစားသမားသစ် ရှာပုံတော်

ဘာစီလိုနာကနေ ပြောင်းပြီးကတည်းကနေ အသင်းဟောင်းနဲ့ ရီးယဲယ်ကို ရောက်ဖို့ အမြဲလိုလို သတင်းထွက်နေတဲ့ နေမာဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တိုင်းမှာ အမြဲသတင်း ထွက်နေသူပါ။ မက်ဆီရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ပီအက်စ်ဂျီကို ပြောင်းခဲ့ပေမယ့် ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပါတယ်။ နေမာဟာ ပီအက်စ်ဂျီကနေ ထွက်ပြီး လာလီဂါကို ပြန်ဖို့ စဉ်းစားနေပေမယ့် အသင်းဟောင်း ဘာစီလိုနာထက် ဇီဒန်းရဲ့ ရီးယဲယ်မက်ဒရစ်ကသာ ပိုပြီး ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။ တကယ်လို့ သူ့ရဲ့ အပြောင်းအရွှေ့ဖြစ်လာခဲ့ရင်လည်း သူကိုယ်တိုင် တင်ထားခဲ့တဲ့ ကမ္ဘာ့စံချိန်ကို ပြန်ချိုးဖွယ်ရှိနေပါတယ်။

နည်းပြ ဇီဒန်းကတော့ နွေရာသီသူ့ရဲ့ အဓိက ခေါ်ယူချင်တဲ့ ကစားသမားကတော့ ပြင်သစ် လူငယ် တိုက်စစ်မှူး အမ်ဘတ်ပေလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်က မိုနာကိုကနေ ပေါင် ၁၆၅သန်းနဲ့ ရောက်လာခဲ့တဲ့သူ့ကို ရီးယဲယ်က ပေါင်သန်း ၃၀၀လောက် အသုံးပြုရဖွယ် ရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။

ပီရက်ဇ်နဲ့ ဇီဒန်းဟာ နွေရာသီမှာ ငွေတွေပုံအောပြီးသုံးဖို့ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေချိန် ပရီးမီးယားလိဂ်က စူပါစတားတွေကလည်း ရီးယဲယ်ရဲ့ အဝယ်စာရင်းထဲမှာ ပါဝင်နေပါတယ်။ ချယ်လ်ဆီးရဲ့ တောင်ပံကစားသမား အက်ဒင် ဟားဇက်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးမှာ ရီးယဲယ်ကို ပြောင်းဖို့ သဘောတူညီမှု ရခဲ့ပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထွက်ခဲ့ပါတယ်။ ဟာဇက်ကတော့ အဲ့ဒီသင်းတွေကို ငြင်းဆိုထားပေမယ့် ငယ်စဉ်ကတည်းက ရီးယဲယ်မှာ ကစားဖို့ အိပ်မက် မက်ခဲ့သူလို့ ဝန်ခံခဲ့ဖူးပါတယ်။ ရီးယဲယ်က ဟာဇက်အတွက် ပေါင်သန်း ၁၀၀နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးကတော့ ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တကယ်လို့ ပီရက်ဇ်နဲ့ ရီးယဲယ်တို့ ဟာဇက်ကို ခေါ်ယူပါက ကမ္ဘာ့ စံချိန်တင်ကြေး တစ်ခုဖြစ်လာနိုင်ပါတယ်။

ရီးယဲယ်နဲ့ နောက်ထပ် သတင်းထွက်နေသူတွေက မန်ချက်စတာယူနိုက်တက်ရဲ့ ပေါ့ပ်ဘာနဲ့ ဒါးဗစ် ဒဟေးရားပါ။ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြပြီး နည်းပြ ဇီဒန်း ကြိုက်နှစ်သက်သူတွေဖြစ်လို့ နွေရာသီမှာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာဖွယ်ရှိနေကြတာပါ။ ပေါ့ပ်ဘာဟာ လက်ရှိနည်းပြဖြစ်သူ ဆိုးလ်ရှားနဲ့ ဆံဆက်ရေး အေးဆက်နေပြီး နွေရာသီမှာ အသင်းက ထွက်ခွာဖို့ များတယ်လို့ ဗြိတိန် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ တစ်ခါ ဂိုးသမား ဒါးဗစ် ဒဟေးရားကလည်း ယူနိုက်တက်နဲ့ စာချုပ်သစ်အတွက် အဆင်မပြေဘဲဖြစ်နေပြီး အသင်းရဲ့ စာချုပ်သစ်ကို ငြင်းဆန်ထားသူ ဖြစ်ပါတယ်။ ရီးယဲယ် နည်းပြ ဇီဒန်းဟာ ပြီးခဲ့တဲ့ နွေရာသီမှ ရောက်ရှိလာတဲ့ ဂိုးသမား သီဘို့ ကော်တွားထက် ဒါးဗစ် ဒဟေးရားကို ပိုကြိုက်နှစ်သက်သူဖြစ်လို့ နွေရာသီမှာ စပိန်ကို ရောက်လာဖွယ် ရှိနေပါတယ်။ ဒဟေးရားကို ရီးယဲယ်အပြင် ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေလို့ သူ့ရဲ့ အပြောင်းအရွှေ့ကလည်း ဖြစ်လာဖွယ်ရှိနေပါတယ်။

ဆိုးလ်ရှားနဲ့ အပြောင်းလဲများ

ယာယီနည်းပြကနေ အမြဲတမ်း နည်းပြဖြစ်လာပြီးနောက် ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်ကို ပြန်လည် ပြင်ဆင်ဖို့ ငွေကြေး လုံလောက်စွာ ရရှိထားပါတယ်။ သတင်းတွေအရ ဆိုးလ်ရှားဟာ အပြောင်းအရွှေ့အတွက် အနည်းဆုံး ပေါင်သန်း ၂၀၀အထိ သုံးစွဲရဖွယ် ရှိနေတယ်လို့ ဆိုပြီး ကစားသမားတိုင်း ကလည်း မန်ယူအသင်းနဲ့ သတင်းထွက်နေပါတယ်။

ပြုပြင်ပြောင်းလဲမှုအတွက် ကွင်းလယ်ကစားသမား တစ်ဦးနဲ့ နောက်ခံ အစွန်လူ တစ်ယောက်ဟာ ယူနိုက်တက် အတွက် အဓိကထား ခေါ်ယူရမယ့် နေရာတွေလို့ ဆိုးလ်ရှားကတော့ ဆိုပါတယ်။ မန်ယူက စိတ်ဝင်စားနေတဲ့ ကစားသမားတွေထဲမှာ ဘာစီလိုနာက ဖိလစ် ကော်တင်ညို၊ ရီးယဲယ်က ဂါရတ်ဘေးလ်၊ ဒေါ့မန်က ဂျေဒန် ဆန်ချိုနဲ့ နာပိုလီက နောက်ခံလူ ကူလီဘာလေတို့ဟာ မန်ယူနဲ့ သတင်းထွက်နေသူတွေဖြစ်ပါတယ်။

ရီးယဲယ်ကတော့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ပေါင် ၁၁၇သန်းရရင် ရောင်းချမယ်လို့ဆိုထားလို့ မန်ယူအနေနဲ့ ရီးယဲယ် သတ်မှတ်ထားတဲ့ ဈေးနှုန်းကို ပေးနိုင်ရင် ဂါရတ်ဘေးလ်ဟာဟာ ယူနိုက်တက်ရဲ့ ကစားသမား ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ ဒေါ့မန်ကလည်း သူတို့ရဲ့ လူငယ်ကစားသမား ဆန်ချိုကို ပေါင်သန်း ၁၀၀သတ်မှတ်ထားသလို နာပိုလီကလည်း ကူလီဘာလေကို ပေါင် ၁၃၅သန်း သတ်မှတ်ထားပါတယ်။ ယူနိုက်တက်ဟာ အက်ရှ်လေယန်းနေရာမှာ အစားထိုးဖို့ ပဲလေ့စ်က ဝမ်ဘစ်ဆာကာနဲ့ ဂျူဗင်တပ်စ်က ကန်ဆယ်လိုတို့ကို ပစ်မှတ်ထားနေပါတယ်။ လျော်ကြေးစာချုပ် ပေါင်သန်း ၄၀သာရှိတဲ့ ဘစ်ဆာကာကို ရနိုင်ဖွယ် ရှိပေမယ့် ကန်ဆယ်လိုကတော့ အနည်းဆုံးပေါင်သန်း ၆၀ကျော်အထိ အသုံးပြုဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ တစ်ပတ် ပေါင် ၈သောင်းသာ ရနေတဲ့ စပါးရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ကို တစ်ပတ် ၂သိန်း ၄သောင်းအထိ ပေးပြီး ခေါ်ယူဖို့ စီစဉ်နေပါတယ်။

အခြားထိပ်တန်း အပြောင်းအရွှေ့များ

ဒီနှစ် ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနေတဲ့ အားယက်စ် အသင်းခေါင်းဆောင် ဒီလိတ်ဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပြီး ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် တစ်သင်းသင်းကို ပြောင်းရွှေ့မယ်လို့ နည်းပြဖြစ်သူက ဆိုပါတယ်။ နယ်သာလန် နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်ကတော့ ဒီလိတ် အနေနဲ့ ဘိုင်ယန်မြူးနစ်ထက် ဘာစီလိုနာကို ရွေးချယ်သင့်တယ်လို့ ဆိုထားပါတယ်။

အာဆင်နယ်ကလည်း ဘာစီလိုနာ နောက်ခံလူ အူတီတီကို စိတ်ဝင်စားနေပြီး နွေရာသီမှာ ခေါ်ယူဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဘာစီလိုနာကတော့ သူတို့ရဲ့ နောက်ခံလူ အတွက် အနည်းဆုံး ပေါင် ၆၅သန်း သတ်မှတ်ထားပါတယ်။ အင်တာမီလန်ကလည်း စပါးရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ စတင်ဆွေးနွေးနေတယ်လို့ အီတလီ မီဒီယာတွေက ဖော်ပြထားပါတယ်။ အဲရစ်ဆင်ကို ရီးယဲယ်ကလည်း စိတ်ဝင်စားနေ ပြီး သူ့ရဲ့ အပြောင်းအရွှေ့ဟာ အနည်းဆုံး ပေါင်သန်း ၁၀၀ အထိ ရှိနိုင်ပါတယ်။

နွေရာသီမှာ ဖြစ်လာဖွယ်ရှိတဲ့ ထိပ်တန်း အပြောင်းအရွှေ့များ

၁) နေမာ – ပီအက်စ်ဂျီ မှ ရီးယဲယ် ( ပေါင် ၂၅၀ မှ ၃၅၀ သန်း )

၂) ဟာဇက် – ချယ်လ်ဆီး မှ ရီးယဲယ် ( ပေါင် ၁၀၀ မှ ၁၅၀ သန်း )

၃) အမ်ဘတ်ပေ – ပီအက်စ်ဂျီ မှ ရီးယဲယ် ( ပေါင် ၂၅၀ မှ ၃၅၀ သန်း )

၄) ဒါးဗစ် ဒဟေးရား – မန်ချက်စတာယူနိုက်တက် မှ ရီးယဲယ်၊ ပီအက်စ်ဂျီ ( ပေါင် ၆၀ မှ ၈၀ သန်း )

၅) ပေါ့ပ်ဘာ – မန်ချက်စတာယူနိုက်တက် မှ ရီးယဲယ် ( ပေါင် ၈၀ မှ ၁၅၀ သန်း )

၆) ကော်တင်ညို – ဘာစီလိုနာ မှ မန်ချက်စတာယူနိုက်တက် ( ပေါင် ၁၀၀ မှ ၁၂၀ သန်း )

၇) ဒီလိတ် – အားယက်စ် မှ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ် ( ပေါင် ၅၀ မှ ၈၀ သန်း )

၈) ဂါရတ် ဘေးလ် – ရီးယဲယ် မှ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက် ( ပေါင် ၁၀၀ မှ ၁၅၀ သန်း )

၉) ကူလီဘာလေ – နာပိုလီ မှ မန်ချက်စတာယူနိုက်တက် ( ပေါင် ၈၀ မှ ၁၃၅ သန်း )

၁၀) ဂျေဒန် ဆန်ချို – ဒေါ့မန် မှ မန်ချက်စတာယူနိုက်တက် ( ပေါင် ၁၀၀ မှ ၁၅၀ သန်း )

၁၁) အူတီတီ – ဘာစီလိုနာ မှ အာဆင်နယ် ( ပေါင် ၆၅ မှ ၈၀ သန်း )
၁၂) အဲရစ်ဆင် – စပါး မှ ရီးယဲယ်၊ မန်ချက်စတာယူနိုက်တက်၊ အင်တာ ( ပေါင် ၁၀၀ မှ ၁၅၀ သန်း )

Via: BBC