ပရိသတ္ဆႏၵနဲ႕ တစ္ထပ္တည္းက်ခဲ့သည့္ Star Awards ဆုရ အႏုပညာရွင္မ်ား

ဓာတ္ပံု - ၾကည္ႏိုင္

ပထမဆုံးအႀကိမ္အျဖစ္ စီစဥ္က်င္းပသည့္ Star Awards Movie /TV 2018 ဆုခ်ီးျမႇင့္ပြဲကို ဧၿပီလ ၅ ရက္တြင္ တြင္ Thuwanabhumi Event Park ၌ က်င္းပခဲ့ၿပီး ပရိသတ္မ်ား ေမွ်ာ္လင့္အားေပးခဲ့ၾကသည့္ အႏုပညာရွင္မ်ား ဆုအသီးသီးရရွိခဲ့ၾကသည္။

ယခုႏွစ္တြင္ ပထမဆုံးအႀကိမ္အျဖစ္ ေပးအပ္ခ်ီးျမႇင့္မည့္ Star Award ဆုေပးပြဲကို ျမန္မာႏိုင္ငံ သတင္းစာဆရာအသင္းက ႀကီးမႉးက်င္းပျခင္းျဖစ္ကာ STELLAR SEVEN ENTERTAINMENT GROUP မွ Organizer အျဖစ္ လက္တြဲကာ စီစဥ္က်င္းပျခင္းျဖစ္သည္ဟု သိရသည္။

အဆိုပါ ဆုေပးပြဲကို ႏိုင္ငံေတာ္သီခ်င္းျဖင့္ စတင္ဖြင့္လွစ္ခဲ့ၿပီးေနာက္ Star Awards ဆုေပးပြဲ၏ Theme Songs ကို ဓိရာမိုရ္၏ ဂီတကဗ်ာ အဖြဲ႕သားမ်ားျဖင့္ တင္ဆက္ခဲ့သည္။

ဓာတ္ပံု – ၾကည္ႏိုင္

Star Awards Movie /TV 2018 ဆုခ်ီးျမႇင့္ပြဲတြင္ ပထမဆုံးဆုအျဖစ္ Honourable Award ဆုကို ေၾကညာေပးအပ္ခဲ့ရာ ဒါ႐ိုက္တာ ဦးဝင္းေဖက ဆုရရွိခဲ့သည္။ ယင္းဆုခ်ီးျမႇင့္မႈအၿပီးတြင္ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္က Star Awards Movie /TV 2018 ဆုခ်ီးျမႇင့္ပြဲအတြက္ ေပးပို႔လာသည့္ သဝဏ္လႊာကို ျမန္မာႏိုင္ငံသတင္းစာဆရာအသင္းဥကၠ႒ ဦးျမတ္ခိုင္က ဖတ္ၾကားခဲ့သည္။ ယင္းေနာက္တြင္ Star Awards Movie /TV 2018 ဆုေ႐ြးခ်ယ္ေရးအဖြဲ႕ ဥကၠ႒ ဦး ဝင္းၿငိမ္းက ဆုေပးပြဲႏွင့္ပတ္သက္ၿပီး အဖြင့္စကားေျပာၾကားခဲ့သည္။

ဓာတ္ပံု – ၾကည္ႏိုင္

ထို႔ေနာက္ ၂၀၁၈ ခုႏွစ္အတြင္း ျပည္တြင္း႐ုပ္သံလိုင္းမ်ား၌ျပသခဲ့ၾကသည့္ ႐ုပ္သံဇာတ္လမ္းတြဲမ်ားအတြက္ ဆုမ်ားကိုေၾကညာေပးအပ္ခဲ့ရာ Best TV Series Award ကို ‘ ပန္းႏွစ္ပြင့္စီးခ်င္း’ ႐ုပ္သံဇာတ္လမ္းတြဲက လည္းေကာင္း၊ Best TV Series Director Award ကို ‘ ပုဂံၿမိဳ႕သူ’ ဇာတ္လမ္းတြဲျဖင့္ ဒါ႐ိုက္တာ ေက်ာ္သူ၊ Best TV Series Actor Award ကို သ႐ုပ္ေဆာင္ ေဒါင္းက ပုဂံၿမိဳ႕သူ ဇာတ္လမ္းတြဲျဖင့္လည္းေကာင္း၊ Best TV Series Actress Award ကို သ႐ုပ္ေဆာင္ ေမမီကိုကိုက ‘ ပ်ားရည္အိုင္’ ဇာတ္လမ္းတြဲ ျဖင့္လည္းေကာင္း၊ Best TV Series Special Award ကို ‘ ဘဝထဲကဝတၳဳ ဝတၳဳထဲကဘဝ’ ဇာတ္လမ္းတြဲမ်ားျဖင့္ ဦးသိန္းစိုး(သီဟရတနာ) တို႔က ဆုမ်ားအသီး သီးရရွိခဲ့ၾကသည္။

ဓာတ္ပံု – ထက္ေဝ

ယင္းဆုမ်ားအနက္ ကိုယ္တိုင္တက္ေရာက္ရယူႏိုင္ျခင္းမရွိသည့္ ဒါ ႐ိုက္တာေက်ာ္သူအတြက္ ဆုကို မိခင္ျဖစ္သူ ေဒၚျမသန္းကလည္းေကာင္း၊ ေဒါင္းအတြက္ ကိုယ္စားအျဖစ္ အကယ္ဒမီမ်ားရွင္ ရန္ေအာင္ကလည္း ဆုမ်ားကို တက္ေရာက္ရယူေပးခဲ့သည္။

ယင္းေနာက္တြင္ ပြဲတက္လာသူ အႏုပညာရွင္မ်ားထဲမွ ဖက္ရွင္အက်ဆုံးသူအား Fashion Star (Male) ဆုခ်ီးျမႇင့္ရာတြင္ ခါရာက ရရွိခဲ့သည္။ ထို႔ေနာက္တြင္ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးဇင္ဝိုင္းက Star Award Movie/TVဆုခ်ီးျမႇင့္ ပြဲအတြက္ ေပးပို႔လာသည့္ သဝဏ္လႊာကို အစီအစဥ္တင္ဆက္သူ သ႐ုပ္ေဆာင္ အ႐ိုင္းက ဖတ္ၾကားခဲ့သည္။

ဓာတ္ပံု – ၾကည္ႏိုင္

ထို႔ေနာက္တြင္ ၂၀၁၈ ခုႏွစ္အတြင္း ျပသခဲ့ၾကသည့္ ျမန္မာ႐ုပ္ရွင္ဇာတ္ကား ၈၃ ကားအနက္မွ စကာတင္ေ႐ြးခ်ယ္ခဲ့သည့္ ဇာတ္ကား ၂၃ ကားမွ Star Awards ဆုရရွိသည့္ဇာတ္ကားမ်ားကို ဆက္လက္ေၾကညာခဲ့သည္။ ယင္းဆုမ်ားအနက္ ပထမဆုံးဆုအျဖစ္ Best Story Award ဆုကို ‘ မုန္းစြဲ’ ဇာတ္ကား၏ ဇာတ္လမ္းပိုင္ရွင္ ဆရာေတာ္အရွင္ဆႏၵာဓိက ရွိရာ ေ႐ႊပါရမီေတာရ ေက်ာင္းသို႔သြားေရာက္ ဆပ္ကပ္လႉဒါန္းမႈကို ပ႐ိုဂ်က္တာ မွတစ္ဆင့္ ျပသခဲ့သည္။

ထို႔ေနာက္တြင္ ဆုမ်ားကိုထပ္မံေၾကညာ ေပးအပ္ခဲ့ရာတြင္ Best Picture Award ဆုကို ‘ လေရာင္ျဖာတဲ့ အင္းေလးမွာ’ ဇာတ္ကားကလည္းေကာင္း၊ Special Award (Costume and Make – Up) ကို ‘ မီ’ ဇာတ္ ကားမွ မိတ္ကပ္ ေမဦး၊ Special Award (Setting and Special Effects) ကို ‘ ဒု႒ဝတီကို လြန္၍’ ဇာတ္ကား၊ Special Award(Performance) ကို ‘ ဇာတိေျမ’ ဇာတ္ကားမွ မိုရီဆာကီဝင္းကလည္းေကာင္းရရွိခဲ့သည္။ မိုရီဆာကီဝင္းအတြက္ ဆုကို ေဒၚနန္းေမာက္ေလာဝ္ဆိုင္က ကိုယ္စား လက္ခံရယူခဲ့သည္။

ဆက္လက္၍ ပြဲတက္လာသူမ်ားအနက္မွ ဖက္ရွင္အက်ဆုံး ဧည့္သည္အတြက္ ေပးအပ္သည့္ Stellar Star (Guest) Award ကို သ႐ုပ္ေဆာင္ ပိုင္ေဇရဲထြန္း၏ ဇနီး မဇင္သဲႏိုင္က ရရွိခဲ့ၿပီး ဆုခ်ီးျမႇင့္ေပးအပ္ခဲ့သည္။ ယင္းေနာက္ ေတးသံရွင္ ေဇာ္ဝင္းထြဋ္က ေတးသီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖခဲ့ၿပီးေနာက္ ႐ုပ္ရွင္အတြက္ေပးအပ္သည့္ Best Theme Song Award ဆုရရွိသည့္ ‘ ခ်ဴဆီ’ ဇာတ္ကားကို ေၾကညာဆု ခ်ီးျမႇင့္ခဲ့သည္။

ဓာတ္ပံု – ၾကည္ႏိုင္

Star Awards ဆုေပးပြဲမွ ႐ုပ္ရွင္အတြက္ ဆုမ်ားကို ဆက္လက္ ေ႐ြးခ်ယ္ေပးအပ္ရာတြင္ Rising Star Award (Male) အား ခါရာ၊ Rising Star Award (Female) အား ေမျမင့္မိုရ္၊ Best Cinematography Award အား ‘ မီ’ ဇာတ္ကားျဖင့္ ဒါ႐ိုက္တာ ဏႀကီးတို႔က ရရွိခဲ့သည္။ ယင္းေနာက္ ပြဲတက္လာသည့္ အႏုပညာရွင္ထဲမွ ေ႐ြးခ်ယ္ေပးအပ္သည့္ Fashion Star (Female) ဆုကို ဝတ္မႈန္ေ႐ႊရည္က ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီးေနာက္ ဓိရာမိုရ္ ႏွင့္အဖြဲ႕၏ ‘ ဧရာဝတီ’ ေတးသီခ်င္းျဖင့္ ေဖ်ာ္ေျဖမႈကို တင္ဆက္ခဲ့သည္။

ေဖ်ာ္ေျဖေရး အစီအစဥ္အၿပီးတြင္ ဆုမ်ားကို ဆက္လက္ေၾကညာေပးအပ္ရာ Best Actor In A Leading Role Award ကို ‘ တိမ္တိုက္တံတား’ ဇာတ္ကားမွ ေနတိုး၊ Best Actress In A Supporting Award ကို ‘ သုံး ေရာင္ျခယ္’ ဇာတ္ကားျဖင့္ ေ႐ႊသမီး၊ Best Director Award ကို ‘ ဥပါယ္တံမ်ဥ္’ ဇာတ္ကားမွ ဒါ႐ိုက္တာ ခရစ္စတီးနားခီ၊ Best Actor In A Supporting Role Award ကို ‘ ငယ္ကြၽန္’ ဇာတ္ကားမွ လူမင္း၊ Best Actress In A Leading Role Award ကို ပိုင္ၿဖိဳးသုက ‘ မီ’ ဇာတ္ကားတို႔ျဖင့္ အသီးသီးဆုမ်ားရရွိခဲ့ ၾကသည္။

ဓာတ္ပံု – ထက္ေဝ

႐ုပ္ရွင္အတြက္ေပးအပ္သည့္ဆု ၁၅ ကို တစ္ဆုလွ်င္ ေ႐ႊေရာင္ဆုတံဆိပ္ႏွင့္ ဆုေၾကးေငြက်ပ္ သိန္း ၅၀ ကိုလည္း ႐ုပ္သံဇာတ္လမ္းတြဲမ်ားအတြက္ ေ႐ြးခ်ယ္ေပးအပ္သည့္ ဆုငါးဆုကို တစ္ဆုလွ်င္ ေငြေရာင္ဆုတံဆိပ္ႏွင့္ ဆုေၾကး ေငြက်ပ္ သိန္း ၃၀ စီ ေပးအပ္ခ်ီးျမႇင့္ခဲ့သည္ဟု သိရသည္။

ဓာတ္ပံု – ထက္ေဝ

အဆိုပါ ဆုမ်ားအျပင္ ဝတ္စားဆင္ယင္မႈ ဖက္ရွင္ဆု ၃ ဆုကို ေအာင္သမာဓိေ႐ႊဆိုင္မွ ျပဳလုပ္ထားသည့္ ေ႐ႊႏွစ္က်ပ္သား ရင္ထိုးကို ေပးအပ္ခဲ့သည္ဟု သိရသည္။

Star Awards ဆုေပးပြဲႀကီးမွာ ေပးအပ္ခဲ့တဲ့ ဆုေတြကေတာ့ ရုပ္သံဇာတ္လမ္းတြဲ ဆု ၅ ဆု၊ ဖက္ရွင္ဆု ၃ ဆု၊ ရုပ္ရွင္ဆု ၁၅ ဆုနဲ႔ စုစုေပါင္း ၂၃ ဆု ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။

Star Awards ဆု ရရိွခဲ့တဲ့ ႐ုပ္သံဇာတ္လမ္းတြဲဆု ၅ ဆုကေတာ့ —

၁။ ဇာတ္ကားဆု – “ပန္းႏွစ္ပြင့္ စီးခ်င္း” ဇာတ္လမ္းတြဲ
၂။ ဒါ႐ိုက္တာဆု – ဒါ႐ိုက္တာ ေက်ာ္သူ (ပုဂံၿမိဳ႕သူ ဇာတ္လမ္းတြဲ)
၃။ အမ်ိဳးသား သ႐ုပ္ေဆာင္ဆု – ေဒါင္း (ပုဂံၿမိဳ႕သူ ဇာတ္လမ္းတြဲ)
၄။ အမ်ိဳးသမီး သ႐ုပ္ေဆာင္ဆု – ေမမီကိုကို (ပ်ားရည္အိုင္ ဇာတ္လမ္းတြဲ)
၅။ Special Award (TV Series) – “ဘဝထဲက ဝတၳဳ၊ ဝတၳဳထဲက ဘဝ” တို႔ ျဖစ္ပါတယ္။

အေကာင္းဆံုး ဖက္ရွင္ဆုမ်ား အေနနဲ႔ Fashion Star (Male) Award – ခါရာ ၊Fashion Star (Female) Award – ဝတ္မႈံေ႐ႊရည္နဲ႔ Stellar Star (Guest) Award – မဇင္သဲႏိုင္တုိ႔ ရရိွခဲ့ပါတယ္။

ဓာတ္ပံု – ၾကည္ႏိုင္

Star Awards ရုပ္ရွင္ဆုမ်ားအေနနဲ႔ကေတာ့ —

၁။Honourable Award – ဒါ႐ိုက္တာ ဦးဝင္းေဖ
၂။Best Story Award – ဆရာေတာ္ အရွင္ ဆႏၵာဓိက (အေသလွတဲ့သူ – မုန္းစြဲ)
၃။Best Picture Award – “လေရာင္ျဖာတဲ့ အင္းေလးမွာ”
၄။Special Award (Costume and Make – Up) – မိတ္ကပ္ ေမဦး (မီ)
၅။Special Award (Setting and Special Effects) – “ဒု႒ဝတီကို လြန္၍” ရုပ္ရွင္ျဖင့္ ေအာင္ေက်ာ္ထြန္း
၆။Special Award (Performance) – မိုရီဆာကီဝင္း (ဇာတိေျမ)
၇။ Best Theme Song Award – “ခ်ဴဆီ”ရုပ္ရွင္ (မ်က္ႏွာဖုံးမ်ား သီခ်င္းျဖင့္ ေတးဆို – ေမ)
၈။Rising Star Award (Male) – ခါရာ (Dimensions – မ်က္ႏွာျပင္မ်ား)
၉။Rising Star Award (Female) – ေမျမင့္မိုရ္ (မိုးပန္းပြင့္ရဲ႕ သေကၤတ)
၁၀။Best Cinematography Award – ဒါ႐ိုက္တာ ဏႀကီး (မီ)
၁၁။Best Director Award – ဒါ႐ိုက္တာ ခရစၥတီးနားခီ (ဥပါယ္တံမ်ဥ္)
၁၂။Best Actor In A Leading Role Award – ေနတိုး (တိမ္တိုက္တံတား)
၁၃။Best Actress In A Leading Role Award – ပိုင္ၿဖိဳးသု (မီ)
၁၄။Best Actor In A Supporting Award – လူမင္း (ငယ္ကြၽန္)
၁၅။Best Actress In A Supporting Award – ေ႐ႊသမီး (သုံးေရာင္ျခယ္) တို႔ ရရိွခဲ့ပါတယ္။

ဓာတ္ပံု – ထက္ေဝ

Star Awards ဆုေပးပြဲမွာေတာ့ ဆုရရွိသူေတြအတြက္ ေငြက်ပ္ သိန္း ၅၀ နဲ႔ ဆုတံဆိပ္ေတြ ခ်ီးျမႇင့္ခဲ့ၿပီး ဒီဆုေပးပြဲႀကီးကို ျမန္မာႏိုင္ငံ သတင္းစာဆရာမ်ား အသင္းက ႀကီးမႉးက်င္းပကာ Stellar Seven Entertainment က Organizer အျဖစ္ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Via: Eleven Media & The Irrawaddy


#Unicode Version

ပထမဆုံးအကြိမ်အဖြစ် စီစဉ်ကျင်းပသည့် Star Awards Movie /TV 2018 ဆုချီးမြှင့်ပွဲကို ဧပြီလ ၅ ရက်တွင် တွင် Thuwanabhumi Event Park ၌ ကျင်းပခဲ့ပြီး ပရိသတ်များ မျှော်လင့်အားပေးခဲ့ကြသည့် အနုပညာရှင်များ ဆုအသီးသီးရရှိခဲ့ကြသည်။

ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ပေးအပ်ချီးမြှင့်မည့် Star Award ဆုပေးပွဲကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကြီးမှူးကျင်းပခြင်းဖြစ်ကာ STELLAR SEVEN ENTERTAINMENT GROUP မှ Organizer အဖြစ် လက်တွဲကာ စီစဉ်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဆုပေးပွဲကို နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် Star Awards ဆုပေးပွဲ၏ Theme Songs ကို ဓိရာမိုရ်၏ ဂီတကဗျာ အဖွဲ့သားများဖြင့် တင်ဆက်ခဲ့သည်။

Star Awards Movie /TV 2018 ဆုချီးမြှင့်ပွဲတွင် ပထမဆုံးဆုအဖြစ် Honourable Award ဆုကို ကြေညာပေးအပ်ခဲ့ရာ ဒါရိုက်တာ ဦးဝင်းဖေက ဆုရရှိခဲ့သည်။ ယင်းဆုချီးမြှင့်မှုအပြီးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က Star Awards Movie /TV 2018 ဆုချီးမြှင့်ပွဲအတွက် ပေးပို့လာသည့် သဝဏ်လွှာကို မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်က ဖတ်ကြားခဲ့သည်။ ယင်းနောက်တွင် Star Awards Movie /TV 2018 ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး ဝင်းငြိမ်းက ဆုပေးပွဲနှင့်ပတ်သက်ပြီး အဖွင့်စကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းရုပ်သံလိုင်းများ၌ပြသခဲ့ကြသည့် ရုပ်သံဇာတ်လမ်းတွဲများအတွက် ဆုများကိုကြေညာပေးအပ်ခဲ့ရာ Best TV Series Award ကို ‘ ပန်းနှစ်ပွင့်စီးချင်း’ ရုပ်သံဇာတ်လမ်းတွဲက လည်းကောင်း၊ Best TV Series Director Award ကို ‘ ပုဂံမြို့သူ’ ဇာတ်လမ်းတွဲဖြင့် ဒါရိုက်တာ ကျော်သူ၊ Best TV Series Actor Award ကို သရုပ်ဆောင် ဒေါင်းက ပုဂံမြို့သူ ဇာတ်လမ်းတွဲဖြင့်လည်းကောင်း၊ Best TV Series Actress Award ကို သရုပ်ဆောင် မေမီကိုကိုက ‘ ပျားရည်အိုင်’ ဇာတ်လမ်းတွဲ ဖြင့်လည်းကောင်း၊ Best TV Series Special Award ကို ‘ ဘဝထဲကဝတ္ထု ဝတ္ထုထဲကဘဝ’ ဇာတ်လမ်းတွဲများဖြင့် ဦးသိန်းစိုး(သီဟရတနာ) တို့က ဆုများအသီး သီးရရှိခဲ့ကြသည်။

ယင်းဆုများအနက် ကိုယ်တိုင်တက်ရောက်ရယူနိုင်ခြင်းမရှိသည့် ဒါ ရိုက်တာကျော်သူအတွက် ဆုကို မိခင်ဖြစ်သူ ဒေါ်မြသန်းကလည်းကောင်း၊ ဒေါင်းအတွက် ကိုယ်စားအဖြစ် အကယ်ဒမီများရှင် ရန်အောင်ကလည်း ဆုများကို တက်ရောက်ရယူပေးခဲ့သည်။

ယင်းနောက်တွင် ပွဲတက်လာသူ အနုပညာရှင်များထဲမှ ဖက်ရှင်အကျဆုံးသူအား Fashion Star (Male) ဆုချီးမြှင့်ရာတွင် ခါရာက ရရှိခဲ့သည်။ ထို့နောက်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက Star Award Movie/TVဆုချီးမြှင့် ပွဲအတွက် ပေးပို့လာသည့် သဝဏ်လွှာကို အစီအစဉ်တင်ဆက်သူ သရုပ်ဆောင် အရိုင်းက ဖတ်ကြားခဲ့သည်။

ထို့နောက်တွင် ၂၀၁၈ ခုနှစ်အတွင်း ပြသခဲ့ကြသည့် မြန်မာရုပ်ရှင်ဇာတ်ကား ၈၃ ကားအနက်မှ စကာတင်ရွေးချယ်ခဲ့သည့် ဇာတ်ကား ၂၃ ကားမှ Star Awards ဆုရရှိသည့်ဇာတ်ကားများကို ဆက်လက်ကြေညာခဲ့သည်။ ယင်းဆုများအနက် ပထမဆုံးဆုအဖြစ် Best Story Award ဆုကို ‘ မုန်းစွဲ’ ဇာတ်ကား၏ ဇာတ်လမ်းပိုင်ရှင် ဆရာတော်အရှင်ဆန္ဒာဓိက ရှိရာ ရွှေပါရမီတောရ ကျောင်းသို့သွားရောက် ဆပ်ကပ်လှူဒါန်းမှုကို ပရိုဂျက်တာ မှတစ်ဆင့် ပြသခဲ့သည်။

ထို့နောက်တွင် ဆုများကိုထပ်မံကြေညာ ပေးအပ်ခဲ့ရာတွင် Best Picture Award ဆုကို ‘ လရောင်ဖြာတဲ့ အင်းလေးမှာ’ ဇာတ်ကားကလည်းကောင်း၊ Special Award (Costume and Make – Up) ကို ‘ မီ’ ဇာတ် ကားမှ မိတ်ကပ် မေဦး၊ Special Award (Setting and Special Effects) ကို ‘ ဒုဋ္ဌဝတီကို လွန်၍’ ဇာတ်ကား၊ Special Award(Performance) ကို ‘ ဇာတိမြေ’ ဇာတ်ကားမှ မိုရီဆာကီဝင်းကလည်းကောင်းရရှိခဲ့သည်။ မိုရီဆာကီဝင်းအတွက် ဆုကို ဒေါ်နန်းမောက်လောဝ်ဆိုင်က ကိုယ်စား လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပွဲတက်လာသူများအနက်မှ ဖက်ရှင်အကျဆုံး ဧည့်သည်အတွက် ပေးအပ်သည့် Stellar Star (Guest) Award ကို သရုပ်ဆောင် ပိုင်ဇေရဲထွန်း၏ ဇနီး မဇင်သဲနိုင်က ရရှိခဲ့ပြီး ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် တေးသံရှင် ဇော်ဝင်းထွဋ်က တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် ရုပ်ရှင်အတွက်ပေးအပ်သည့် Best Theme Song Award ဆုရရှိသည့် ‘ ချူဆီ’ ဇာတ်ကားကို ကြေညာဆု ချီးမြှင့်ခဲ့သည်။

Star Awards ဆုပေးပွဲမှ ရုပ်ရှင်အတွက် ဆုများကို ဆက်လက် ရွေးချယ်ပေးအပ်ရာတွင် Rising Star Award (Male) အား ခါရာ၊ Rising Star Award (Female) အား မေမြင့်မိုရ်၊ Best Cinematography Award အား ‘ မီ’ ဇာတ်ကားဖြင့် ဒါရိုက်တာ ဏကြီးတို့က ရရှိခဲ့သည်။ ယင်းနောက် ပွဲတက်လာသည့် အနုပညာရှင်ထဲမှ ရွေးချယ်ပေးအပ်သည့် Fashion Star (Female) ဆုကို ဝတ်မှုန်ရွှေရည်က ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဓိရာမိုရ် နှင့်အဖွဲ့၏ ‘ ဧရာဝတီ’ တေးသီချင်းဖြင့် ဖျော်ဖြေမှုကို တင်ဆက်ခဲ့သည်။

ဖျော်ဖြေရေး အစီအစဉ်အပြီးတွင် ဆုများကို ဆက်လက်ကြေညာပေးအပ်ရာ Best Actor In A Leading Role Award ကို ‘ တိမ်တိုက်တံတား’ ဇာတ်ကားမှ နေတိုး၊ Best Actress In A Supporting Award ကို ‘ သုံး ရောင်ခြယ်’ ဇာတ်ကားဖြင့် ရွှေသမီး၊ Best Director Award ကို ‘ ဥပါယ်တံမျဉ်’ ဇာတ်ကားမှ ဒါရိုက်တာ ခရစ်စတီးနားခီ၊ Best Actor In A Supporting Role Award ကို ‘ ငယ်ကျွန်’ ဇာတ်ကားမှ လူမင်း၊ Best Actress In A Leading Role Award ကို ပိုင်ဖြိုးသုက ‘ မီ’ ဇာတ်ကားတို့ဖြင့် အသီးသီးဆုများရရှိခဲ့ ကြသည်။

ရုပ်ရှင်အတွက်ပေးအပ်သည့်ဆု ၁၅ ကို တစ်ဆုလျှင် ရွှေရောင်ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း ၅၀ ကိုလည်း ရုပ်သံဇာတ်လမ်းတွဲများအတွက် ရွေးချယ်ပေးအပ်သည့် ဆုငါးဆုကို တစ်ဆုလျှင် ငွေရောင်ဆုတံဆိပ်နှင့် ဆုကြေး ငွေကျပ် သိန်း ၃၀ စီ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆုများအပြင် ဝတ်စားဆင်ယင်မှု ဖက်ရှင်ဆု ၃ ဆုကို အောင်သမာဓိရွှေဆိုင်မှ ပြုလုပ်ထားသည့် ရွှေနှစ်ကျပ်သား ရင်ထိုးကို ပေးအပ်ခဲ့သည်ဟု သိရသည်။

Star Awards ဆုပေးပွဲကြီးမှာ ပေးအပ်ခဲ့တဲ့ ဆုတွေကတော့ ရုပ်သံဇာတ်လမ်းတွဲ ဆု ၅ ဆု၊ ဖက်ရှင်ဆု ၃ ဆု၊ ရုပ်ရှင်ဆု ၁၅ ဆုနဲ့ စုစုပေါင်း ၂၃ ဆု ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Star Awards ဆု ရရှိခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲဆု ၅ ဆုကတော့ —

၁။ ဇာတ်ကားဆု – “ပန်းနှစ်ပွင့် စီးချင်း” ဇာတ်လမ်းတွဲ
၂။ ဒါရိုက်တာဆု – ဒါရိုက်တာ ကျော်သူ (ပုဂံမြို့သူ ဇာတ်လမ်းတွဲ)
၃။ အမျိုးသား သရုပ်ဆောင်ဆု – ဒေါင်း (ပုဂံမြို့သူ ဇာတ်လမ်းတွဲ)
၄။ အမျိုးသမီး သရုပ်ဆောင်ဆု – မေမီကိုကို (ပျားရည်အိုင် ဇာတ်လမ်းတွဲ)
၅။ Special Award (TV Series) – “ဘဝထဲက ဝတ္ထု၊ ဝတ္ထုထဲက ဘဝ” တို့ ဖြစ်ပါတယ်။

အကောင်းဆုံး ဖက်ရှင်ဆုများ အနေနဲ့ Fashion Star (Male) Award – ခါရာ ၊Fashion Star (Female) Award – ဝတ်မှုံရွှေရည်နဲ့ Stellar Star (Guest) Award – မဇင်သဲနိုင်တို့ ရရှိခဲ့ပါတယ်။

Star Awards ရုပ်ရှင်ဆုများအနေနဲ့ကတော့ —

၁။Honourable Award – ဒါရိုက်တာ ဦးဝင်းဖေ
၂။Best Story Award – ဆရာတော် အရှင် ဆန္ဒာဓိက (အသေလှတဲ့သူ – မုန်းစွဲ)
၃။Best Picture Award – “လရောင်ဖြာတဲ့ အင်းလေးမှာ”
၄။Special Award (Costume and Make – Up) – မိတ်ကပ် မေဦး (မီ)
၅။Special Award (Setting and Special Effects) – “ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင်ဖြင့် အောင်ကျော်ထွန်း
၆။Special Award (Performance) – မိုရီဆာကီဝင်း (ဇာတိမြေ)
၇။ Best Theme Song Award – “ချူဆီ”ရုပ်ရှင် (မျက်နှာဖုံးများ သီချင်းဖြင့် တေးဆို – မေ)
၈။Rising Star Award (Male) – ခါရာ (Dimensions – မျက်နှာပြင်များ)
၉။Rising Star Award (Female) – မေမြင့်မိုရ် (မိုးပန်းပွင့်ရဲ့ သင်္ကေတ)
၁၀။Best Cinematography Award – ဒါရိုက်တာ ဏကြီး (မီ)
၁၁။Best Director Award – ဒါရိုက်တာ ခရစ္စတီးနားခီ (ဥပါယ်တံမျဉ်)
၁၂။Best Actor In A Leading Role Award – နေတိုး (တိမ်တိုက်တံတား)
၁၃။Best Actress In A Leading Role Award – ပိုင်ဖြိုးသု (မီ)
၁၄။Best Actor In A Supporting Award – လူမင်း (ငယ်ကျွန်)
၁၅။Best Actress In A Supporting Award – ရွှေသမီး (သုံးရောင်ခြယ်) တို့ ရရှိခဲ့ပါတယ်။

Star Awards ဆုပေးပွဲမှာတော့ ဆုရရှိသူတွေအတွက် ငွေကျပ် သိန်း ၅၀ နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပြီး ဒီဆုပေးပွဲကြီးကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းက ကြီးမှူးကျင်းပကာ Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Via: Eleven Media & The Irrawaddy