Star Awards ​မှ ​ပေးအပ်မ​ယ့်​ People Choice Award အတွက်​ ​နေတိုးနဲ့ အလင်း​ရောင်​တို့ ထပ်​မံ နှုတ်​ထွက်

Star Awards

Star Awards မှ ​ပေးအပ်​မယ့်​ People Choice Award အတွက်​ လျာထားခံရတဲ့ စာရင်းက​နေ ခီ​မောင်​နှံ၊ သက်​မွန်​မြင့်တို့ အပြင်​ ​နေတိုးနဲ့ အလင်း​ရောင်​တို့ပါ ထပ်​မံ နှုတ်​ထွက်​သွားတယ်​လို့ သိရပါတယ်​။

အဆိုပါ ဆုများအတွက်​ ပရိသတ်​များဟာ မိုဘိုင်းဖုန်းမှ တဆင့် 8690 ဆိုတဲ့ နံပါတ်ကို ​SMS တ​စောင်​ ၁၅ ကျပ်​နှုန်းနဲ့ အကန်​အသတ်​ မရှိ Vote ​ပေးရမှာ ဖြစ်​​ပါတယ်​။

Star Awards

People Choice Award ​အတွက်​ ကျ​နော့်​ကို ​အ​​ကြောင်းကြားခြင်း မရှိခဲ့သလို ကျ​နော်​ ပါဝင်ပြီး ကျ​နော့်​ကိုချစ်တဲ့ ပရိတ်သတ်​တွေ ​ငွေကုန်​ကြေးကျ​ခံ vote လုပ်​​ပေးရတဲ့ စနစ်နဲ့ သွား​နေတယ်ဆိုတာ ကျ​နော်​ကိုယ်တိုင်လည်း Facebook စာမျက်​နှာ​ပေါ်​ရောက်မှ သိခဲ့ရတဲ့​အတွက်​ ​အစတည်း​က ကိုယ်တိုင်ပါဝင် ယှဉ်ပြိုင်​နေခဲ့ခြင်း မဟုတ်လို့ နှုတ်ထွက်​တယ်ဆိုတဲ့ စ​ကားမသုံးချင်​ပေမယ့်​ကျ​နော်​ ဒီ People Choice Award ​မှာ​ ပါဝင်ခြင်း မရှိ​တော့​​ကြောင်း ပရိတ်သတ်​တွေကို ​အသိ​ပေးပါရ​စေ“လို့ ​နေတိုးက ​ရေးသား တင်​ထားပါတယ်​။

Star Awards

Via: The Irrawaddy