Sponsored

ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း အသင်း ကွင်းလယ်လူ ဘရူနိုဗာနန်ဒက်စ်ဟာ မန်ယူနိုက်တက် အသင်းဆီပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမူရရှိခဲ့ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေ တာက ရက်သတ္တပတ် တစ်ပတ်ခန့်ကြာမြင့်နေတာဖြစ်ပါတယ်။

လက်တွေ့မှာတော့ အပြီးသတ်ခေါ် ယူနိုင်ခြင်းမရှိသေးပေမယ့်လည်း ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိ အပြောင်းအရွှေ့မပိတ်ခင်မှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေဆဲဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းက မာရီတီမို အသင်းကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းခေါင်း ဆောင်အဖြစ် ဆက်လက်ပွဲထွက်ကစားခဲ့ပါတယ်။

Getty Images

အဆိုပါပွဲစဉ်မှာ ဖာနန်ဒက်စ် အတွက် နောက်ဆုံးပွဲစဉ်ဖြစ်လေမလားဆိုတဲ့ သတင်းထောက်တွေရဲ့အမေးကိုတော့ နည်းပြ ဂျော့ဆဲလက်က အတည်မပြုနိုင်ကြောင်း ဝန်ခံ သွားခဲ့တာဖြစ်ပါတယ်။ စပို့တင်းနည်းပြက ပြောကြားရာမှာတော့ “ မာရီတီမိုနဲ့ ပွဲက သူ့ရဲ့ နောက်ဆုံးနူတ်ဆက်ပွဲဖြစ်လာမလားဆိုတာ ကျွန်တော် ပြောလို့ မရနိုင်ပါဘူး။ ကျွန်တော်ကတော့ သူဆက်ရှိနေတာကို သဘောကျပါတယ်။အခုတော့ သူဆက်နေမလား မနေ ဘူးလားဆိုတာ ကျွန်တော်မသိပါဘူး။ဒါပေမယ့် အနည်းဆုံး ရာသီကုန်ဆုံးချိန်အထိတိုင်အောင် တော့ သူ့ကို အသင်းလူစာရင်းမှာ ထည့်သွင်းထားချင်ပါတယ်။

Sponsored
Getty Images

ဘရူနိုဖာနန်ဒက်စ်က ကွဲပြားခြားနားတဲ့ ကစား သမားတစ်ဦးဖြစ်ပြီးဘယ်သူမှ မမြင်နိုင်တဲ့အမြင်တွေ သူ့မှာရှိတယ်။ သူ့ကို ဆုံးရူံးရမယ်ဆိုရင် ပေါ်တူဂီ မှာရှိတဲ့ ဘယ်အသင်းမဆို ဆုံးရူံးမူရှိမှာပါ။ ဒါကြောင့် သူထွက်မယ်ဆိုရင်တော့ ကျွန်တော်တို့ အဖြေ တစ်ခုရှာဖွေသွားဖို့လိုအပ်ပါလိမ့်မယ်” လို့ စပို့တင်းလစ္စဘွန်းနည်းပြ ဂျော့ဆဲလက်က ပြောပြ သွားခဲ့ တာဖြစ်ပါတယ်။

Getty Images

မန်ယူနိုက်တက်အသင်းဟာ စပို့တင်းဘက်ကအလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးထက်ပေါင်၁၀ သန်းခန့် ကွာဟနေတာကြောင့် ဆက်လက် ဆွေးနွေးနေရခြင်းဖြစ်တယ်လို့လညး်သိရပါတယ်။ယူနိုက်တက် အသင်းဟာ ဖာနန်ဒက်စအတွက် ပေါင် ၄၆သန်းနဲ့ အတူ နောက်ထပ်အပိုဆုကြေး ပေါင်၁၆သန်းရရှိ နိုင်မယ့် မက်လုံးနဲ့ ကမ်းလှမ်းထားတာဖြစ်တယ်လို့သိရပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *