ဝန်ကြီးများရုံးထဲက အနှိပ်ခန်း ကို ဖျက်သိမ်းမည်

De Beau Wellness Centre Myanmar

ရန်ကုန်မြို့၊ ဝန်ကြီးများရုံးတွင် စင်ကာပူနိုင်ငံ အခြေစိုက် De Beau Wellness Centreမှ လာရောက် ဖွင့်လှစ်ထားသော SPA ကို ဖျက်သိမ်းမည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ တိုင်းဒေသ ကြီး လွှတ် တော် ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

ဝန်ကြီးများရုံးတွင် Spa အပါအဝင် ဈေးဆိုင်ခန်းများဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် ဌာနလေးခုတို့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က နိုဝင်ဘာ ၈ရက်နေ့တွင် ကြားနာမှု ပြုလုပ် ခဲ့သည်။

တစ်ဖက်ကတော့ ပထမဆုံးသူတို့ကတော့ ဒါဟာသူတို့အကြောင်းပြတာပေါ့နော်။ ဒါက Spaမဟုတ်ပါဘူး။ ကျန်းမာရေးစင်တာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်းရှိပါတယ်ဆိုတဲ့အချက်အလက်တွေပြောတယ်။ သို့သော်လည်း နိုင်ငံတကာမှာရှိတာ နိုင်ငံတကာအပိုင်းပေါ့။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးတွေရဲ့ ခံစားချက်၊ ကျွန်တော်တို့နိုင်ငံရဲ့ အဓိကအထိမ်းအမှတ်ကြီးဖြစ်တဲ့ ဒီနေရာကြီးကို အမျိုးသားရေး စိတ် ဓာတ် အနေနဲ့ ထိန်းသိမ်းရမယ့်နေရာကြီးဖြစ်တဲ့အတွက်ကြောင့် ဒါကို ကော်မတီကနေ လက်မခံကြောင်း ကျွန်တော်တို့ပြောပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဘက်ကနေပြီးတော့ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သူတို့ဖျက်သိမ်း လိုက်ပါမယ်” ဟု ဦးလှဌေးက ပြောသည်။

De Beau Wellness Centre Myanmar

အဆိုပါ ကြားနာမှုတွင် လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးများရုံးသည် သမိုင်းဝင်အထင်ကရ အဆောက် အအုံဖြစ်ပြီး မြန်မာနိုင်ငံ၏ တန်ဖိုးအကြီးမားဆုံး အဆောက်အအုံဖြစ်သည့်အတွက် Spa ဖွင့်ခြင်းသည် မဖြစ်သင့် ဟုဆိုကာ အဓိကထားကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ထို့အပြင် Spa ကို ခွင့်ပြုမိန့်မပါပဲ ဖွင့်ထားခြင်းဖြစ်ကြောင်း၊ Spa ဖျက်သိမ်းရန်အတွက် ရက်အတိအကျ မသတ်မှတ်ထားကြောင်း ၎င်းကဆက်ပြောသည်။

De Beau Wellness Centre အမည်ရှိ Spa ကို ဝန်ကြီးများရုံးတွင် အောက်တိုဘာ ၂၆ရက်နေ့က ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်အတွင်း ပြည်တွင်းရှိ လူမှုကွန်ယက်အသုံးပြုသူများအကြားတွင် ဝေဖန်မှုများ ပြင်းပြင်းထန် ထန် ဖြစ်ပေါ်ခဲ့သည်။

ဖြစ်ခဲ့သင့်တာက   အတွင်း ဝန်ရုံးကို   လွယ်လွယ်ကူကူ  လက် လွှဲ  မပေးခဲ့သင့်ဘူး၊    ငှားရင်တောင် ငှားတဲ့  condition       တင်းတင်း ကျပ်ကျပ်ရှိသင့်တယ်၊   ဒါမလုပ်ရ ဘူး၊   ဒါပဲ လုပ်ရမယ်၊   ဒီလိုထိန်း သိမ်းရမယ်၊    ဒီစီးပွားရေးတွေပဲ လုပ်ခွင့်ရှိမယ် ဘာညာပေါ့။

De Beau Wellness Centre Myanmar

အာဇာနည်ကြီးများရဲ့ဂုဏ် သိက္ခာကိုထိပါးတဲ့အောက်ပါလုပ် ငန်းတွေလုပ်ခွင့်မရှိကြောင်း    တိတိ ကျကျဖေါ်ပြခဲ့သင့်တယ်။ ဖြစ် သင့်တာက    အဲသည်လိုမလုပ်ခဲ့ဘဲ အခုမှ     ငွေကြေးရင်းနှီးပြီးသား  လိုက်တင်းကျပ်   ပိတ်ခိုင်းတာ    လည်း     မလုပ်သင့်ဘူး။

ကျွန်တော်တို့တွေ   ကိုယ် ဆုံး ဖြတ်ချက်မှားခဲ့ရင်   သူများကို  အ ပြစ်တင်တာထက်  ကိုယ့်ကို ယ်ကို နုတ်ထွက်သတ်သေပစ်တဲ့ ဂျပန် သွေးလေး   နည်းနည်းရှိစေချင် တယ်။

မဆင်မခြင်   ခွင့်ပြုပေးပြီးပြန် ပိတ်ရတဲ့လုပ်ငန်းတွေကြောင့် လက်ရှိမှာ   အိမ်နီးချင်းကော အဝေးကနိုင်ငံခြားကုမ္ဗဏီတွေ ကြား    စီးပွားရေးဂုဏ်သိက္ခာ ကျပေါင်းများလှပါပြီ။   

အတွင်းဝန်ရုံးက     ဆပာ    ဟာ ခပ်ပေါပေါလိင်ကိုဦးတည်ထား တဲ့မာဆက်လို့    ယုံထင်ကြောင်ထင် စွပ်စွဲတာထက်    သေချာစိစစ်ပြီး ချပြတာ     ပိုကောင်းပါတယ်။

မဝေးလှတဲ့ပန်းဆိုးတန်းခုံး ကျော်အောက်က       ထိုင်ခုံနဲ့နှိပ်နေ သူတွေကို  အတွင်းဝန်ရုံးက     သစ် ပင်တွေအောက်ကို  ပြောင်းဖွင့် ပေးထားရင်   အင်္ဂလိပ်ခေတ်ကို ထင်ဟပ်တဲ့   ဝန်ဆောင်မှုလို့   သဘောကျတဲ့လူရှိကောင်းရှိနိုင် တယ်။

သဘောကတော့      အတူတူပါ  ပဲ။    ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့နေရာ   အ  ဆောက်အအုံထဲ   မာဆတ်  ဖွင့်တာ တော့    အများနဲ့အတူ   ဘယ် လိုမှ  သဘောမတူပါဘူး။   ဒါပေမဲ့  ပန်းချီ ပြခန်းတွေ၊   စားသောက်  ဆိုင်တွေ၊  ရုံးတွေနဲ့   တခြားလုပ်ငန်း  တွေ    လုပ် တာတော့   မတားစေချင်  တော့ဘူး။   အဆောက်အအုံက  အ  ဆင်ခြင်မဲ့   ငှားပြီးခဲ့ပြီလေ။

အစိုးရအဆက်ဆက်   မပြင်နိုင် တဲ့  ပြင်ဆင်မှုတွေ    ငွေကုန်ကြေးကျ  ခံပြီး  ပြင်ထားလို့  လူတိုင်းသွား ကြည့်ချင်  တဲ့  နေရာဖြစ်လာပါပြီ။   အာဇာနည်  ခေါင်းဆောင်ကြီးတွေ  အကြောင်း  ပြု     ပြည်သူနဲ့   ရန်တိုက် ပေးတာ  တော့    မလုပ်သင့်တော့ ဘူး။

ကယား၊  မွန်နဲ့   ချင်းမှာလည်း   အယူအဆကွဲကုန်တယ်။     နေရာ တ  ကာ  ဗိုလ်ချုပ်   တ  တတ်တဲ့    နိုင်ငံ ရေး  သမားတွေကြောင့်    ဗိုလ်ချုပ် လည်း      နေစရာ    မရှိ      တော့  ဘူး။   သည်လို  ရေးတာ     ဆဲကြ မှာ  သိပါ တယ်။   ကျွန်တော် လွဲတာ ရှိရင်   ဆဲတာ  ထက်  ဆင်ခြင်ခြင်းနဲ့    ဝေ ဖန်ခြင်း  ဉာဏ် သွားရှေ့ထားပြီး   ထောက်ပြ ပေးကြပါခင်ဗျာ  ဆိုပြီး လူမှုကွန်ရက်    သုံးစွဲသူတစ်ဦးက  မျှဝေထားပါတယ်။

De Beau Wellness Centre Myanmar

ရန်ကုန်စီးပွားရေးတက္ကသိုလ်  ပါမောက္ခချုပ်  ဒေါက်တာတင်ဝင်း က  တော့    ဝန်ကြီးများရုံးနဲ့  သည် ကျန်း  မာရေးစင်တာနဲ့    အလှအပ ရေးရာ   လုပ်ငန်းတွေနဲ့   အနှိပ်ခန်း တွေဟာ        အပ်စပ်မှုမရှိ ဘူးလို့   သူ့ အမြင်ပြောပါတယ်။

စီးပွားရေးအရ    ရင်းနှီးမြှုပ်နှံသူ  တွေအနေနဲ့လည်း     အခြားဟိုတယ် လို  နေရာမျိုးတွေမှာ    ဖွင့်လို့ရတာ  ကြောင့်   သည်သမိုင်းကြီးတဲ့  နေရာ  မျိုးမှာ   မလုပ်သင့်ဘဲ   နေရာဒေသ  ရွေးပြီး   လုပ်သင့်တယ်လို့  ပြောပါ  တယ်။

သူက  “ဒီလုပ်ငန်းကိုပိတ်လိုက် တာနဲ့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ  ကို   မထိခိုက်နိုင်ပါဘူး၊  စာချုပ်ချုပ်  ခဲ့တုန်းက   ချုပ်ခဲ့တယ်ဆိိုရင်   ဖျက်  သိမ်းလို့  မရဘူးပေါ့၊  ဖျက်သိမ်းမယ်  ဆိိုရင်  လျော်ကြေးပြန်ပေးရမှာပေါ့၊  ဘယ်လိုချုပ်ခဲ့တယ်ဆိုတာ      ပြန်  ကြည့်ရမယ်၊  ဒီလိုနေရာမှာ  ဒီလုပ်  ငန်းဖွင့်တာ   ဘယ်သူ  မှကြိုက်မယ် မထင်ပါဘူး၊  လုပ်စရာ  ရှားလို့    ဒီနေ ရာ မှာ   လုပ်ရသလား” လို့    ပြောပါ တယ်။

ဝန်ကြီးများရုံးအဆောက်အဦကို (၁၈၈၉)ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၅)ခုနှစ်၌ ပြီးစီးခဲ့သည်။ ဆောက်လုပ်စဉ်က တောင်ဘက်အဆောက်အဦကို စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၃)ခုနှစ်အရောက်တွင် အရှေ့ဘက်၊ အနောက်ဘက်စသည့် ကျန်အဆောက်အဦများကို ဆက်လက်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးများရုံးကို လွတ်လပ်ရေးခေတ်မတိုင်ခင်က အတွင်းဝန်ရုံးဟု ခေါ်ဝေါ်ခဲ့ကြပြီး (၁၉၄၈)ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးအခမ်းအနားနှင့် အလံတင်ပွဲကိုလည်း ဝန်ကြီးများရုံး၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။