Sponsored

တောင်ဥက္ကလာပမြို့နယ်မှာ အင်္ဂလန်က ပြန်လာသူကို စစ်ဆေးဖို့သွားရောက်ရာမှာ လက်မခံတဲ့အတွက် ရဲအကူအညီနဲ့စစ်ဆေးခဲ့ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

အသက် ၃၆နှစ်အရွယ် အဲဒီအမျိုးသားဟာ အင်းစိန်မြို့နယ်မှာတွေ့ခဲ့တဲ့ ကိုဗစ် -၁၉ အတည်ပြုလူနာနဲ့အတူ လေယာဉ်တစ်စီးတည်း စီးပြန်လာသူဖြစ်ပါတယ်။

Photo: DVB

လက်ရှိမှာတော့ သူ့ကို လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီး နေအိမ်အတွင်းမှာ အစောင့်အကြပ်နဲ့အတူ ၁၄ရက်သီးသန့်စောင့်ကြည့်သွားမယ်လို့ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကဒီဗွီဘီကို ပြောပါတယ်။

Sponsored

အင်းစိန် မြို့နယ်တွင် နေထိုင်သည့် အင်္ဂလန်နိုင်ငံမှ ပြန်လာသော ၂၆ နှစ်ရွယ်အမျိုးသားတစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ် ၂၅ ရက် နံနက် ၁ နာရီခန့်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ အတည်ပြုလူနာ ၃ဦးရှိနေပြီး အားလုံးက ပြည်ပက ပြန်လာသူတွေ ဖြစ်ပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *