Sponsored

အင်ဒိုနီးရှားအစိုးရက COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် နိုင်ငံအဝှမ်း ဗလီတွေမှာ သောကြာနေ့ဆုတောင်းပွဲတွေကို နှစ်ပတ်ကြာရပ်တန့်ထားဖို့ တားမြစ်ခဲ့ပါတယ်။

ယခုထုတ်ပြန်ချက်ဟာ ဗလီတွေအတွက်တင်မဟုတ်ပါဘူး။ခရစ်ယာန်ဘာသာဝင်တွေရဲ့ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းတာတွေကို လည်း နှစ်ပတ်ကြာရပ်တန့်ထားဖို့ မတ်လ ၁၉ရက်နေ့က အာဏာပိုင်တွေက တားမြစ်ခဲ့တာပါ။ ယခုသတိပေးတားမြစ်ချက်ကို အချို့သော ဗလီတွေက လိုက်နာခဲ့ပေမယ့် အချို့ကတော့ မလိုက်နာခဲ့ပါဘူး။

@CNA

အင်ဒိုနီရှားနိုင်ငံသား Mr Adnan Munawar ဆိုသူက သူ့အိမ်နားက ဗလီတစ်ခုမှ သောကြာနေ့ဆုတောင်းပွဲပြုလုပ်နေသံကြားရတယ်လို့ လည်း ဆိုပါတယ်။ သို့ပေမယ့် ဗလီတာဝန်ခံတွေက ဆုတောင်းပွဲတက်ရောက်မည့်သူတွေကို ကိုယ်ပိုင်ဖျာယူလာခဲ့ဖို့နဲ့ ဖျားနာနေပါက မတက်ရောက်ဖို့ သတိပေးခဲ့တယ်လို့ဆိုပါတယ်။

Sponsored

မတ်လ ၂၀ ရက်နေ့ သောကြာနေ့မှာတော့ လူပေါင်းရာချီပြီး ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ ယခုလိုဆုတောင်းပွဲ ဆက်လက်လုပ်ဆောင်နေကြတာ ဗလီတစ်ခုတည်းမဟုတ်ပါဘူး။ မြို့တော်ဂျကာတာ က ဗလီထက်ဝက်လောက်ပါဝင်တယ်လို့ လည်း ဆိုကြပါတယ်။

အာဏာပိုင်တွေက တားမြစ်နေပေမယ့် the Indonesian Council of Ulema ကတော့ နိုင်ငံတဝှမ်းက ဗလီတွေကို ၎င်းတို့အနီးအနားပတ်ဝန်းကျင်ဒေသ တွေမှာ ရောဂါထိန်းချုပ်လို့မရမှာသာ ဝတ်ပြုဆုတောင်းတာတွေ ရပ်တန့်ဖို့ တိုက်တွန်းထားပါတယ်။

@CNA

၎င်းထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး ဂျကာတာ အစိုးရ အရာရှိက ” ယခုလို လိုက်နာမှုအားနည်းပါက ရောဂါဟာ ထိန်းမနိုင်သိမ်းမရဖြစ်လာနိုင်တယ်လို့ “သတိပေးပါတယ်။ သောကြာနေ့ နောက်ဆုံးသတင်းတွေအရ အင်ဒိုနီးရှားမှာ စုစုပေါင်းကူးစက်ခံရသူ ၃၆၉ဦးရှိပြီဖြစ်ကာ ထိုအထဲမှ ၂၁၅ ဦးဟာ ဂျကာတာမြို့သူမြိုှုသားတွေဖြစ်ပါတယ်။

သေဆုံးသူ ၃၂ နှစ်ယောက် ထဲက ၈ယောက်ဟာလည်း ဂျကာတာ ကဖြစ်ပါတယ်။သို့ပေမယ့်လည်း ဂျကာတာ ပတ်ဝန်းကျင် မြို့တွေက ဗလီတွေကတော့ နောက်လ ၄ ရက်နေ့အထိ ဆုတောင်းပွဲတွေ ရပ်နားထားဖို့ သဘောတူပြီးဖြစ်ပါတယ်။

အချို့သော ယုံကြည်သူတွေက ” ဗလီမှာ ဝတ်တက်မှ ထိရောက်တယ်လို့ ယူဆကြပြီး ၊ ဗလီသွားဖို့မကြောက်ကြပါနဲ့၊ ယုံကြည်မှုအပြည့်ရှိပါလို့ ” လည်းတိုက်တွန်းကြတာကို တွေ့ရပါတယ်။ ဂျကာတာက အရှေ့တောင်အာရှရဲ့အကြီးဆုံး ဗလီဖြစ်တဲ့ Istiqlal က သောကြာနေ့မှာ ဝတ်ပြုဆုတောင်းမှုမလုပ်ဘူး လို့ကြေငြာပေမယ့် လူဒါဇင်နဲ့ချီပြီး ဝတ်ပြုဖို့ရောက်ရှိလာကြပါတယ်။ ဒါ့ကြောင့် အင်ဒိုနီးရှားအစိုးရအနေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ဖိတ်ခေါ်ကာ အသေအချာ ဖြောင်းဖြပြောဆိုသွားဖို့ စီစဉ်နေကြရပါပြီ။

ဂျကာတာက ခရစ်ယာန်ဘုရားကျောင်းတွေကတော့ တနင်္ဂနွေဆုတောင်းပွဲတွေကို နောက်နှစ်ပတ်တိတိရပ်နားထားမယ်လို့ကြေငြာ ခဲ့ပါတယ်။ ၎င်းအစား အင်တာနက်မှ တဆင့်တရားဟောပြောမှုတွေကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *