ကေလးမီးဖြားမႈကို Live လႊင့္ ျပသခဲ့တဲ့ ဂ်ပန္ အျပာမင္းသမီးေဟာင္း

ဂ်ပန္အျပာမင္းသမီးေဟာင္းရဲ႕ ကေလးမီးဖြားမႈ Live ထုတ္လႊင့္ခ်က္ကို ၾကည့္ရႈသူ သိန္းခ်ီရွိ

ယခင္က နာမည္ေက်ာ္ ဂ်ပန္ အျပာမင္းသမီးေဟာင္း ျဖစ္ခဲ့ၿပီး ယခုအခါ ပူပူေႏြးေႏြး မိခင္ျဖစ္လာတဲ့ Sola Aoi ကေတာ့ သူ႕ရဲ႕ အႁမႊာကေလးႏွစ္ဦး ေမြးဖြားခ်ိန္မွာ တျခား မိဘ အမ်ားစုနဲ႕ မတူတဲ့ လုပ္ရပ္တခုကို လုပ္ေဆာင္ခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ အျပာမင္းသမီးေဟာင္းဟာ သူ႕ရဲ႕ ကေလးမီးဖြားပုံ ဗီဒီယိုကို သူ႕ခင္ပြန္းကိုတင္ ျပသခဲ့တာ မဟုတ္ဘဲ တခ်ိန္တည္းမွာ လူေပါင္း ၂ သိန္းေက်ာ္ကိုပါ တိုက္ရိုက္ ထုတ္လႊင့္ ျပသခဲ့ပါတယ္။ အဲ့ဒီ အျပာမင္းသမီးဟာ ဂ်ပန္အြန္လိုင္းခ်န္နယ္ တခုျဖစ္တဲ့ Abema TV အစီအစဥ္မွာ “Welcome to the World, Sola’s Baby” ဆိုတဲ့ နာမည္နဲ႕ ေမလ ၁ ရက္ေန႕က သူ႕ရဲ႕ အႁမႊာကေလးႏွစ္ဦး ေမြးဖြားပုံကို မွတ္တမ္းတင္ Live လႊင့္ ျပသခဲ့တာ ျဖစ္ပါတယ္။

scmp

အဲဒီတိုက္ရိုက္ Live ထုတ္လႊင့္ခ်က္ဟာ ဧၿပီလ ၃၀ ရက္ ည ၉ နာရီကေန ေနာက္တေန႕ နံနက္ ၁၁ နာရီအထိ ၾကာျမင့္ခဲ့ပါတယ္။ Sola ရဲ႕ ခင္ပြန္း DJ Non ဟာ Weibo မွ ဇနီးအစား ေမလ ၁ ရက္ေန႕ နံနက္ ၁၁ နာရီ ၁၁ မိနစ္မွာ ပို႔စ္တင္ခဲ့ပါတယ္။

အဲဒီ ပို႔စ္မွာေတာ့ အႁမႊာသားေလးႏွစ္ဦးကို ေအာင္ေအာင္ျမင္ျမင္ ေမြးဖြားနိုင္ခဲ့တဲ့ အေၾကာင္း၊ ၂ ဒႆမ ၂ ကီလိုဂရမ္နဲ႕ ၂ ဒႆမ ၅ ကီလိုဂရမ္စီ ရွိတဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ သူ႕ဇနီးကိုလည္း ေက်းဇူးတင္ေၾကာင္း၊ ဒုကၡမ်ားခဲ့ရေၾကာင္း၊ သူတို႔တမိသားစုလုံး ေပ်ာ္႐ႊင္စြာေနထိုင္နိုင္ဖို႔ ဆုေတာင္းပါေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

အဲဒီ တိုက္ရိုက္ထုတ္လႊင့္ခ်က္ကို ၾကည့္ရႈသူေတြဟာ အႁမႊာကေလးႏွစ္ဦးရဲ႕ မ်က္ႏွာေတြကိုသာမက ကေလးေတြရဲ႕ ငိုသံကိုလည္း ထုတ္လႊင့္ခ်ိန္အတြင္းမွာ ၾကားခဲ့ရပါတယ္။ မင္းသမီးေဟာင္း Sola ကလည္း မီးဖြားၿပီးတဲ့ေနာက္ က်န္းက်န္းမာမာ ရွိတဲ့အေၾကာင္း အဲဒီထုတ္လႊင့္ေနခ်ိန္မွာ စခရင္မွာေပၚလာၿပီး ေျပာဆိုခဲ့ပါတယ္။

ေဖ်ာ့ေတာ့ေနတဲ့ မ်က္ႏွာရွိေပမယ့္ စိတ္အေနအထား ေကာင္းမြန္ေနပုံ ရပါတယ္။ အဲဒီ တိုက္ရိုက္ ထုတ္လႊင့္ခ်က္မွာ သူ႕ရဲ႕ ခင္ပြန္း က ဇနီးသည္ Sola ဟာ အစာအာသီသ ျပင္းျပေနၿပီးေတာ့ ေဆး႐ုံကေန ျပင္ဆင္ေပးတဲ့ အစားအစားေတြနဲ႕ ဘယ္ေတာ့မွ ဗိုက္မဝတဲ့အေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

scmp

Sola ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြျဖစ္တဲ့ အျပာမင္းသမီး Yuma Asami နဲ႕ Mihiro တို႔လည္း တိုက္ရိုက္ထုတ္လႊင့္ေနစဥ္အတြင္းမွာ ပါဝင္လာခဲ့တာ ေတြ႕ရပါတယ္။ Sola ဟာ တ႐ုတ္နိုင္ငံမွာ နာမည္ေက်ာ္ၾကားတာေၾကာင့္ အျခား တိုက္ရိုက္ထုတ္လႊင့္တဲ့ ခ်န္နယ္တခုကလည္း တ႐ုတ္ဘာသာျပန္နဲ႕တကြ ျပန္တင္ေပးခဲ့ပါတယ္။

အဲဒီထုတ္လႊင့္မႈ အခ်ိန္ ၃၀ မိနစ္အတြင္းမွာ တ႐ုတ္နဲ႕ ဂ်ပန္ခ်န္နယ္ ႏွစ္ခုလုံးမွာ ၾကည့္ရႈမႈ အႀကိမ္အေရအတြက္ ၁ သိန္းေက်ာ္စီရွိခဲ့တာ ေတြ႕ရပါတယ္။ ယခုအခ်ိန္အထိ Sola ရဲ႕ ကေလးမီးဖြားမႈ ဗီဒီယိုကို ၾကည့္ရႈသူ ၂ သန္း ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။ သူဟာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႕မွာ ဂီတပညာရွင္ DJ Non နဲ႕လက္ထပ္ခဲ့ၿပီး အဲဒီႏွစ္ ဒီဇင္ဘာလ ၁၂ ရက္ေန႕မွာ ကိုယ္ဝန္လြယ္ထားရၿပီ ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

Ref:asiaone
Via: The Irrawaddy


#Unicode Version

ယခင်က နာမည်ကျော် ဂျပန် အပြာမင်းသမီးဟောင်း ဖြစ်ခဲ့ပြီး ယခုအခါ ပူပူနွေးနွေး မိခင်ဖြစ်လာတဲ့ Sola Aoi ကတော့ သူ့ရဲ့ အမြွှာကလေးနှစ်ဦး မွေးဖွားချိန်မှာ တခြား မိဘ အများစုနဲ့ မတူတဲ့ လုပ်ရပ်တခုကို လုပ်ဆောင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် အပြာမင်းသမီးဟောင်းဟာ သူ့ရဲ့ ကလေးမီးဖွားပုံ ဗီဒီယိုကို သူ့ခင်ပွန်းကိုတင် ပြသခဲ့တာ မဟုတ်ဘဲ တချိန်တည်းမှာ လူပေါင်း ၂ သိန်းကျော်ကိုပါ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါတယ်။ အဲ့ဒီ အပြာမင်းသမီးဟာ ဂျပန်အွန်လိုင်းချန်နယ် တခုဖြစ်တဲ့ Abema TV အစီအစဉ်မှာ “Welcome to the World, Sola’s Baby” ဆိုတဲ့ နာမည်နဲ့ မေလ ၁ ရက်နေ့က သူ့ရဲ့ အမြွှာကလေးနှစ်ဦး မွေးဖွားပုံကို မှတ်တမ်းတင် Live လွှင့် ပြသခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ရိုက် Live ထုတ်လွှင့်ချက်ဟာ ဧပြီလ ၃၀ ရက် ည ၉ နာရီကနေ နောက်တနေ့ နံနက် ၁၁ နာရီအထိ ကြာမြင့်ခဲ့ပါတယ်။ Sola ရဲ့ ခင်ပွန်း DJ Non ဟာ Weibo မှ ဇနီးအစား မေလ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်မှာ ပို့စ်တင်ခဲ့ပါတယ်။

အဲဒီ ပို့စ်မှာတော့ အမြွှာသားလေးနှစ်ဦးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တဲ့ အကြောင်း၊ ၂ ဒဿမ ၂ ကီလိုဂရမ်နဲ့ ၂ ဒဿမ ၅ ကီလိုဂရမ်စီ ရှိတဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့ဇနီးကိုလည်း ကျေးဇူးတင်ကြောင်း၊ ဒုက္ခများခဲ့ရကြောင်း၊ သူတို့တမိသားစုလုံး ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ဆုတောင်းပါကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အဲဒီ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ကြည့်ရှုသူတွေဟာ အမြွှာကလေးနှစ်ဦးရဲ့ မျက်နှာတွေကိုသာမက ကလေးတွေရဲ့ ငိုသံကိုလည်း ထုတ်လွှင့်ချိန်အတွင်းမှာ ကြားခဲ့ရပါတယ်။ မင်းသမီးဟောင်း Sola ကလည်း မီးဖွားပြီးတဲ့နောက် ကျန်းကျန်းမာမာ ရှိတဲ့အကြောင်း အဲဒီထုတ်လွှင့်နေချိန်မှာ စခရင်မှာပေါ်လာပြီး ပြောဆိုခဲ့ပါတယ်။

ဖျော့တော့နေတဲ့ မျက်နှာရှိပေမယ့် စိတ်အနေအထား ကောင်းမွန်နေပုံ ရပါတယ်။ အဲဒီ တိုက်ရိုက် ထုတ်လွှင့်ချက်မှာ သူ့ရဲ့ ခင်ပွန်း က ဇနီးသည် Sola ဟာ အစာအာသီသ ပြင်းပြနေပြီးတော့ ဆေးရုံကနေ ပြင်ဆင်ပေးတဲ့ အစားအစားတွေနဲ့ ဘယ်တော့မှ ဗိုက်မဝတဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Sola ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်တဲ့ အပြာမင်းသမီး Yuma Asami နဲ့ Mihiro တို့လည်း တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်းမှာ ပါဝင်လာခဲ့တာ တွေ့ရပါတယ်။ Sola ဟာ တရုတ်နိုင်ငံမှာ နာမည်ကျော်ကြားတာကြောင့် အခြား တိုက်ရိုက်ထုတ်လွှင့်တဲ့ ချန်နယ်တခုကလည်း တရုတ်ဘာသာပြန်နဲ့တကွ ပြန်တင်ပေးခဲ့ပါတယ်။

အဲဒီထုတ်လွှင့်မှု အချိန် ၃၀ မိနစ်အတွင်းမှာ တရုတ်နဲ့ ဂျပန်ချန်နယ် နှစ်ခုလုံးမှာ ကြည့်ရှုမှု အကြိမ်အရေအတွက် ၁ သိန်းကျော်စီရှိခဲ့တာ တွေ့ရပါတယ်။ ယခုအချိန်အထိ Sola ရဲ့ ကလေးမီးဖွားမှု ဗီဒီယိုကို ကြည့်ရှုသူ ၂ သန်း ကျော် ရှိသွားပြီဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဂီတပညာရှင် DJ Non နဲ့လက်ထပ်ခဲ့ပြီး အဲဒီနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Ref:asiaone
Via: The Irrawaddy