ဦးစိုးထွန်းရှိန်ကို မန္တလေးလေဆိပ်မှတဆင့် လုံခြုံရေးယာဉ်တန်းဖြင့် ရမည်းသင်းသို့ ဖမ်းဆီးခေါ်ဆောင်

Photo - Kaung Zaw Hein / MPA

တရားခံပြေးအဖြစ်ကြေညာခံထားရပြီး ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အား တာချီလိတ်လေဆိပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် လုံခြုံရေးယာဉ်တန်းဖြင့် ရမည်းသင်းသို့ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ – ဟန်စိုးထိုက်

ဦးစိုးထွန်းရှိန်အား ထိုင်းနိုင်ငံတွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ(၆)ရက် နေ့လယ်ပိုင်းတွင် နိုင်ငံတကာရဲတပ်ဖွဲ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ မော်တော်ယာဉ်(၂)စီးဖြင့် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် ခေါ်ဆောင်လာချိန်တွင် ချစ်ကြည်ရေးတံတား၏တာချီလိတ်ဘက်ခြမ်း၌ အသင့်စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ယာဉ်တန်းဖြင့် တာချီလိတ်လေဆိပ်သို့ခေါ်ဆောင်သွားခဲ့သည်။

@Facebook

နှစ်ဖက် ရဲတပ်ဖွဲ့တွေ ချိတ်ဆက် လွှဲပြောင်းခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူ ဦးချမ်းမြေ့စောက ဘီဘီစီကို ပြောပါတယ်။

လေဆိပ်တန်းပြီး ဆင်းသွားတယ်၊ ဒီဘက်ကလည်း ရဲအဖွဲ့အစောင့်အရှောက်နဲ့ပေါ့နော်၊ သူ့ကို တယောက်တည်း သီးသန့်လွှဲတာခင်ဗျ၊ တခြားလူတွေနဲ့ ရောခေါ်လာတာမျိုးတော့ မဟုတ်ဘူး၊ ဒီဘက်မှာ လက်ခံပြီးတော့ တခါတည်း လေဆိပ်တန်းဆင်းသွားတာ သူတယောက်တည်းကို၊ ကားပေါ်မှာ အလုံပိတ်နဲ့ အထဲမှာ ဘာမှ မမြင်ရပါဘူး၊ ကားအလုံပိတ်နဲ့ လွှဲသွားတာ” လို့ သူက ပြောပါတယ်။

ယင်းနောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ(၄)နာရီ မိနစ်(၂၀)တွင်ရောက်ရှိလာခဲ့ပြီး VIP ထွက်ပေါက်တဆင့် လုံခြုံရေးယာဉ်တန်းဖြင့် ဆက်လက်ခေါ်ဆောင်သွားခဲ့သည်။

Photo – Kaung Zaw Hein / MPA

သွားတာက အရာရှိကြီးတွေပဲ သွားတာ။ ဘယ်မှာချုပ်မလဲဆိုတာလည်း ပြောလို့မရသေးပါဘူး”ဟု ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောကြားခဲ့သည်။

ဦးစိုးထွန်းရှိန်ပိုင်ဆိုင်သည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် ရမည်းသင်းမြို့နယ်ရှိ ဧက ၆၀ဝ၀ ကျော်ရှိသည့် မိုးထိမိုးမိ ရွှေ လုပ်ကွက်ကြီးတွင် နိုင်ငံတော်အစိုးရ နှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်ခဲ့ပြီး သတ်မှတ်ထားသည့် ရွှေပိတ်သာများကို နိုင်ငံတော်ကိုပေးသွင်းခြင်း၊ တရားမဝင် ရွှေဆက်လက်တူးဖော် ခြင်းများကြောင်း ဦးစိုးထွန်းရှိန်အပါအဝင် ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့အား ရမည်းသင်းမြို့မရဲစခန်းတွင် (ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ ကျင့်-၅၁၂တို့ဖြင့် အမှုဖွင့်ထားပြီး တရားခံပြေးအဖြစ် ကြေညာထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။