Sponsored

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅)ရပ်ကွက် ရှိ စီဘီဘဏ်၌ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် အမျိုးသားတစ်ဦးက ဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဗုံးဟု ယူဆရသော အရာ၀တ္ထုကို ချထားခဲ့ပြီး

ရဲဇာနည်

ငွေကျပ်သိန်း(၆၀၀)ခန့် လုယူထွက်ပြေးမှုဖြစ်ပွားခဲ့ သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၃၂၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့‌ေြကာင်း သိရသည်။

အဆိုပါအမှုအား ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အင်ကြင်းမြိုင်လမ်း နေ တရားခံ စိုးကျော်ကျော်(၄၇)နှစ်၊ (ဘ)ဦးလှအောင်အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် YGN 5K/xxxx Probox ယာဉ်၊ လုယက်သွားသော မြန်မာငွေကျပ် သိန်း(၃၇၀)ကျော်၊ လုယူငွေများဖြင့် လဲလှယ်ထားသော အမေရိကန်ဒေါ်လာ(၇၀၀၀) တို့နှင့်အတူ ဖမ်းဆီးရမိပြီး

Sponsored
ရဲဇာနည်

တရားခံ စိုးကျော်ကျော်မှာ အရေးကြီးငွေလိုအပ်နေသည့်အတွက် ပြစ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူအနေဖြင့် သေနတ်အတု၊ ဗုံးအတုတို့ဖြင့် ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း၊ အများပြည်သူများအနေဖြင့်လည်း စိုးရိမ်ထိတ်လန့်ဖွယ်ရာမရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

Credit- ရဲဇာနည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *