Sponsored

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အင်ကုန်းကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းမှာ ဖေဖော်ဝါရီ ၅ ရက် မနက် ၁ နာရီကျော်က မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး လှည့်ကင်းစစ်ဆေးပြန်လာတဲ့ အင်းစိန်ခရိုင်ရုံး ဒုရဲမှူးတဦး အခင်းဖြစ်နေရာမှာ သေဆုံးသွား ပါတယ်။

အင်းစိန်ခရိုင်ဒုရဲမှူးစိုးလှိုင်ဟာ တိုက်ကြီးမြို့နယ်၊ ဥက္ကံနယ်မြေရဲစခန်းမှ လှည့်ကင်းအဖွဲ့ကို စစ်ဆေးပြီးကားနဲ့အပြန် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၅၇ အရောက်မှာ တဘက်ယာဉ်ကြောက မောင်းနှင်လာတဲ့ ၁၂ ဘီးတွဲကားနဲ့ လမ်းအလယ်မှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။

Photo: မေသွယ်

အဆိုပါ ယာဉ်တိုက်မှုမှာ ဒုရဲမှူးစိုးလှိုင်ရဲ့ နား/နှာခေါင်းသွေးထွက်ဒဏ်ရာ၊ နဖူးဖုယောင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ယာဉ်မောင်း တင်မျိုးအောင်ကတော့ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာ၊ ဝဲလက်နာကျင်ဒဏ်ရာ၊ ဝဲပေါင်နာကျင်ဒဏ်ရာ တွေရရှိခဲ့တဲ့အတွက် တိုက်ကြီးဆေးရုံမှာ အတွင်းလူနာ(မစိုးရိမ်ရ)အနေနဲ့ ပိုဆောင်ထားတယ်လို့ တိုက်ကြီးမြို့မရဲစခန်းက သိရပါတယ်။

Sponsored
Photo: မေသွယ်

ယာဉ်တိုက်မှုနဲ့ပတ်သတ်ပြီး တိုက်ကြီးမြို့မရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လမ်းလယ်ခေါင်မှာ တိုက်မိတဲ့အတွက် တွဲကားယာဉ်မောင်း ဇင်မင်းထက်နဲ့ အငှားယာဉ်မောင်း တင်မျိုးအောင်တို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က ၃၃၇/၂၇၈ တို့နဲ့ အမှုဖွင့် ထားပါတယ်။

သတင်း – မေသွယ်
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *