Sponsored

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် စမိုင်းလ်က ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားနိုင်တာ ဖြစ်ပါတယ်။

ငွေကြေးပြည့်စုံကြွယ်ဝတဲ့ စမိုင်းလ်တို့ မိသားစုက အလှူအတန်းတွေကိုလည်း အမြဲမပြတ် ပြုလုပ်နေတာ ဖြစ်ပါတယ်။ လှူနိုင်တန်းနိုင်လွန်းလို့ တစ်နေ့တစ်ခြား တိုးပွားလာတဲ့ စမိုင်းလ်တို့ မိသားစုကို ပရိသတ်တွေကလည်း အားပေးချစ်ခင်ကြပါတယ်။

@Facebook

စမိုင်းလ်တို့ မိသာစုက ဒီနေ့မှာလည်း သစ်တံခါးဆရာတော်ကြီးရဲ့ ကျောင်းဝန်းအတွင်းမှာ ကျောင်းဆောင်သစ်တစ်ဆောင်ကို ပန္နက်ချ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Sponsored
@Facebook

ဒါ့အပြင် မနက်ဖြန် ဇန်နဝါရီ်လ (၁၉) ရင်နေ့မှာလည်း သစ်တံခါးဆရာတော်ကြီးရဲ့ မွေးနေ့အလှူအဖြစ် ဟမ်းဖုန်းအလုံးပေါင်း (၁၁၀) ကို မဲဖောက်လှူဒါန်းပေးမယ့်အကြောင်းကို အခုလိုပဲ ပြောထားပါတယ်။

“သစ်တံခါးဆရာတော်ရဲ့မွေးနေ့အလှူအဖြစ် ကျမတို့မိသားစုမှ မနက်ဖြန် နေ့လည် ၁ နာရီ ၃နာရီ အထိ ဖုန်းအလုံး ၁၁၀ အားကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်နော်”

@Facebook

“မိမိအတွက်တကယ်လိုအပ်နေတယ်ဆိုရင် မနက်ဖြန်နေ့လည် ၁နာရီမှာ လှိုင်သာယာ ၁၀ရပ်ကွက် သစ်တံခါးကျောင်းမှာ လာရောက်ကံစမ်းနိုင်ပါတယ်ရှင် ဆိုပြီး မျှဝေလာပါတယ်။စမိုင်းလ်တို့ မိသားစုကတော့ အလှူရေစက် လက်နဲ့မကွာအောင် လှူဒါန်းတာ အားကျစရာပါပဲနော်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *