Sponsored

မန္တလေးမြို့ ၃၃လမ်းနှင့် ၃၄ လမ်းကြား၊ ရရလမ်းနှင့် ၇၈ လမ်းကြားရှိ ရတနာပုံစျေး Sky Walk အဆောက်အအုံတွင် ယမန်နေ့(ဇန်နဝါရီ ၁၇)ညနေ ၆ နာရီ ၁၀ မိနစ်ခန့်မှ စတင်၍ မီးလောင်မှုဖြစ်ပွားရာ Level 5 အဆင့်အအထိ အဆင့်ဆင့် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ မြို့တော်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများပူပေါင်း၍ ငြိမ်းသတ်ခဲ့ကြရာ ယနေ့(ဇန်နဝါရီ ၁၈ ရက်) နံနက် ၅နာရီ ၃မိနစ်ခန့်တွင် လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်သည့် သတင်းရလျှင်ရချင်း Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ပြီး၊ ညနေ ၆နာရီ ၁၃ မိနစ်ခန့်တွင် Level 2 ယာဉ်အုပ်စုများ၊ ညနေ ၆နာရီ ၃၅ မိနစ်ခန့်တွင် Level 4 ယာဉ်အုပ်စုများနှင့် ည ၇ နာရီ ၂၃ မိနစ်အချိန်ခန့်တွင် Level 5 ယာဉ်အုပ်စုများဖြင့် ငြိမ်းသတ်ခဲ့သည်။

Photo: မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ထိုသို့ ငြိမ်းသတ်ခဲ့ရာ ယနေ့(ဇန်နဝါရီ ၁၈) နံနက် ၂ နာရီ ၂ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ နံနက် ၅နာရီ ၃ မိနစ်တွင် လုံးဝငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Sponsored

ယခုမီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျှက်ရှိသည်။ မီးသင့်ဆုံးရှုံးမှုစာရင်းအတိအကျကိုမူ မသိရှိရသေးချေ။

Photo: မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

မန္တလေး ရတနာပုံစျေးမှာ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း မီးလောင်မှုဖြစ်ပွားခဲ့ဖူးပြီး ဆိုင်ခန်းပေါင်းထောင်ကျော်နှင့် ကျပ်ငွေ သန်းနှစ်ထောင်ကျော်ဖိုးခန့် မီးသင့်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

Source: မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *