Sponsored

ယနေ့ မတ်လ ၂၃ ရက်နေ့ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ ၅၄ ဦးနဲ့ စင်ကာပူနိုင်ငံအတွက် အမြင့်ဆုံးကူးစက်ခြင်း အဖြစ် စံချိန်တင်ခဲ့ကာ ယခုဆိုလျှင်စုစုပေါင်းကူးစက်ခံရသူ ၅၀၉ ဦးအထိရှိလာပြီလည်းဖြစ်ပါတယ်။

ယနေ့ ထပ်တိုးကူးစက်မှုထဲမှ ၄၈ဦးဟာ ပြည်ပမှ ဝင်ရောက်လာသူတွေဖြစ်ကာ ၎င်းတို့ဟာ ဥရောပ၊ မြောက်အမေရိကနဲ့ အာရှနိုင်ငံတွေကို ခရီးသွားခဲ့တဲ့မှတ်တမ်းတွေ တွေ့ရပါတယ်။ ၄၇ ဦးဟာ စင်ကာပူနိုင်ငံသားနဲ့ အလုပ်ပါမစ်ဖြင့် လုပ်ကိုင်နေသူတွေဖြစ်ကာ တစ်ဦးကတော့ အလည်အပတ်ရောက်ရှိလာသူဖြစ်ပါတယ်။

@StraightTimes

၄၈ဦးထဲမှ ၃၄ ဦးဟာ ဗြိတိန်နိုင်ငံက ပြန်လည်ရောက်ရှိလာကြတာလည်းဖြစ်ပါတယ်။ သုံးဦးမှာ အမေရိကန် နဲ့ ငါးဦးကတော့ အင်ဒိုနီးရှားကို သွားခဲ့ကြတာကိုတွေ့ရပါတယ်။ သို့ပေမယ့် ကူးစက်မှု ၆ခုကိုတော့ ခြေရာခံနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

Sponsored

ကူးစက်မှုတိုးလာသည်နှင့်အမျှ ပြန်လည်သက်သာလာသူတွေလည်းရှိနေကာ မတ်လ ၂၃ ရက်နေ့မှာ ၈ဦးကို ဆေးရုံဆင်းခွင့်ပေးလိုက်ပြီလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်စုစုပေါင်း ပြန်လည်သက်သာလာသူမှာ ၁၅၂ ဦး နဲ့ ဆေးရုံတွင်လက်ရှိ ၃၅၅ ဦးကျန်ရှိနေပါတယ်။

@CNA

လက်ရှိအချိန်အထိ နှစ်ဦးသေဆုံးကာ ၁၅ ယောက် ကတော့ စိုးရိမ်အခြေအနေပါ။ ဒါ့အပြင် ယနေ့ ကူးစက်ခံရသူတွေထဲမှာ အသက် ၄၀ အရွယ် အလုပ်လုပ်ခွင့်ပါမစ်ကိုင်ဆောင်သူ မြန်မာအမျိုးသားတစ်ဦးပါဝင်လာခဲ့ပါတယ်။ ထိုသူဟာ ယခုအတောအတွင်း ခရီးသွားမှတ်တမ်းမရှိပဲ စင်ကာပူနိုင်ငံအတွင်း ကူးစက်ခံရတာဖြစ်ပါတယ်။ ဘယ်လိုကူးစက်လည်းဆိုတာကတော့ ခြေရာခံနေဆဲပါ။

၅၀၉ ဦးမြောက်ကူးစက်ခံရသူ အသက် ၅၃နှစ်အရွယ် စင်ကာပူနိုင်ငံသားဟာ ၂၁ ရက်နေ့က သေဆုံးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသားနဲ့ထိတွေ့မှုရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် ယနေ့ မတ်လ ၂၃ ရက်မှာ စင်ကာပူမှာစာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တာကိုလည်းတွေ့ရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဝေဖန် မှှုတွေရှိနေပေမယ့် စင်ကာပူ ပညာရေးဝန်ကြီးကတော့ ကလေးတွေဟာ စာသင်ကျောင်းမှာ တနေ့တာရဲ့ အချိန်အတော်အများကို ကုန်ဆုံးမှာဖြစ်တဲ့အတွက် ကျောင်းပိတ်လို့ အပြင်လျောက်သွားနေတာထက်စာလျှင် ပိုပြီးလုံခြုံကြောင်းပြန်လည်ရှင်းပြပါတယ်။

ဒါ့အပြင် ဖျားနာတဲ့ ကျောင်းသားရှိခဲ့လျှင်ချက်ချင်းပင် သီးခြားခွဲထားမှာဖြစ်ကာ ကုသမှုတွေလုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် အိမ်မှာ ဖျားနာနေပြီး အချိန်လွန်မှ ဆေးရုံရောက်ရှိလာတာထက်စာလျှင် ကူးစက်နိုင်မှုကို ပိုမိုထိန်းချုပ်နိုင်ကြောင်းပြန်လည် ရှင်းပြထားတာကို လည်း လူမှုကွန်ရက်စာမျက်နှာမှာ တွေ့ခဲ့ရပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *