ဝတ္လစ္စလစ္သရဲအျဖစ္ သ႐ုပ္ေဆာင္မယ့္ အလွမယ္ေ႐ႊအိမ္စည္

ေရႊအိမ္စည္

အလွမယ္ ေ႐ႊအိမ္စည္က မၾကာခင္ရိုက္ကူးမယ့္ “The Naked Ghost @စြဲ”႐ုပ္ရွင္ကားႀကီးမွာ ပထမဆုံးေခါင္းေဆာင္မင္းသမီးအျဖစ္ သ႐ုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ဝတ္လစ္စလစ္သရဲအျဖစ္သ႐ုပ္ေဆာင္ရမယ့္ ဇာတ္႐ုပ္နဲ႕ပတ္သက္ၿပီးေ႐ႊအိမ္စည္က အခုလိုဆိုပါတယ္။

ေဝဖန္မႈကေတာ့ရွိမွာပဲ။ ေသခ်ာေပါက္ရွိမွာ။ ေကာင္းတဲ့ကားေတြရိုက္ေနတာေတာင္မွ ေဝဖန္ခံေနရတာဆိုေတာ့ေလ။ ဒီကားက ပက္ပက္စက္စက္ေဝဖန္ခံရမွာ ၊ အိမ္စည္က အဓိကေပါ့ေနာ္။ အဲဒါကလည္းမွန္းထားၿပီးသားပါ။ နည္းနည္းေလးေပၚတာေတာင္မွ ေျပာေနတဲ့ေခတ္ႀကီးမွာေလ။ ဒီဇာတ္လမ္းမွာက အဝတ္မပါတဲ့သရဲဆိုေတာ့ ေသေရာေလ။ အိမ္စည္ကေတာ့ အဲဒီအပိုင္းကို ဂ႐ုမစိုက္ေတာ့ဘူး။ အႏုပညာလို႔ပဲ ျမင္ထားတယ္။

ေရႊအိမ္စည္

အႏုပညာအရလုပ္တယ္။ ဇာတ္လမ္းအရ လုပ္မွာဆိုေတာ့ ကိုယ့္ဘက္က ရွင္းျပစရာမလိုေတာ့ဘူး။ အိမ္စည္သေဘာက်လိဳ႕ ရိုက္တာ။ မႀကိဳက္ရင္မၾကည့္နဲ႕”လို႔ အလွမယ္ ေ႐ႊအိမ္စည္က ဧရာဝတီကိုေျပာပါတယ္။

The Naked Ghost @ စြဲ”႐ုပ္ရွင္ကားႀကီး လက္ခံလိုက္မိခ်ိန္က ခံစားခ်က္ကိုလည္း အခုလိုေျပာျပပါတယ္။

အိမ္စည္က အကုန္လုံးကိုသိရွိနားလည္ၿပီးေတာ့မွ လက္ခံလိုက္တာ။ ဘယ္လိုပုံစံလဲဆိုတာကို ကိုၿငိမ္းခ်မ္းေက်ာ္က ေသခ်ာလာရွင္းျပတယ္။ အဲဒီအခ်ိန္မွာပဲ အရမ္းသေဘာက်သြားတာ။ အိမ္စည္က အခုမွသ႐ုပ္ေဆာင္ကို စဝင္ကာစဆိုေတာ့ေလ။ အဲဒီလိုကာရိုက္တာႀကီးလုပ္ရမွာ တခုခုမျဖစ္ဘူးလားေပါ့ေနာ္။ အိမ္စည္က မျဖစ္ဘူးလို႔။ သေဘာက်တယ္လို႔။ အဲဒီကာရိုက္တာမ်ိဳး အရမ္းလုပ္ခ်င္တာလို႔”

ဒီေလာကမွာက အယူရွိတယ္ေလ။ စဝင္ကာစဆိုရင္ လွလွေလးဝင္တာတို႔၊ ဇာတ္႐ုပ္လွလွေလးေတြပဲ စရိုက္တာတို႔၊ ဗီလိန္ကာရိုက္တာေတြ မလုပ္ဖို႔တို႔ ၊ပရိသတ္သနားမယ့္ ကာရိုက္တာမ်ိဳးေတြပဲ စဥ္းစားတတ္ၾကတာေလ။ အိမ္စည္က အဲ့ဒီလိုမ်ိဳးမစဥ္းစားဘူး။ ႀကိဳက္လည္းမႀကိဳက္ဘူး။ ဒီကာရိုက္တာမ်ိဳးပဲႀကိဳက္တယ္၊ လုပ္မယ္ဆိုၿပီး လုပ္ျဖစ္သြားတာ”လို႔ ဆိုပါတယ္။

ဒီဇာတ္ကားမွာ The Naked Ghost ျဖစ္ေနတဲ့အတြက္ ခႏၶာကိုယ္ႀကံ့ခိုင္လွပမႈကို အဓိကျပင္ဆင္သြားမယ္လို႔လည္း ေ႐ႊအိမ္စည္က ဆိုပါတယ္။

Gym ေတြကစားရေတာ့မယ္ေလ။ ဗိုက္ေတြခ်ရေတာ့မယ္ေလ။ Gym ႏွစ္လမကစားမိတဲ့ အက်ိဳးေက်းဇူးေတြက အခုျပန္ကစားရေတာ့မယ္။ လွေအာင္ျပန္လုပ္ရေတာ့မွာေပါ့။ ဇာတ္ေကာင္အရ အဝတ္အစားမပါဘူးဆိုေတာ့ အဝတ္အစားနဲ႕ထိန္းလို႔မရေတာ့ဘူး။ ကိုယ့္ Body နဲ႕ပဲထိန္းရေတာ့မွာေပါ့”လို႔ေ႐ႊအိမ္စည္က ဆိုပါတယ္။

The Naked Ghost

တခါမလုပ္ဖူးတဲ့ဇာတ္႐ုပ္၊ ပထမဆုံးေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္ရမယ့္႐ုပ္ရွင္အတြက္ ခံစားမႈအပိုင္းကိုလည္း အခုလိုဆိုပါတယ္။

စိတ္ဖိစီးတာေတာ့မရွိဘူး။ အိမ္စည္ကေပ်ာ္တယ္။ ကိုယ္တခါမွမလုပ္ဖူးတဲ့ အလုပ္တခုေပါ့ေနာ္။ ကိုယ့္အလုပ္ကေလးကို Suprise ျဖစ္ေနေတာ့ ေကာင္းတာေပါ့ေနာ္။ မိတ္ကပ္အစမ္းလိမ္းၾကည့္ရမွာဆိုေတာ့ အဲဒါေတြလည္း သေဘာက်တယ္။ သူတို႔က Detail လုပ္မွာေလ။ ဒီကားက အိမ္စည့္အလွကတ္ထက္စာရင္ သရဲခန္းက ပိုမ်ားတယ္။ အဲဒါကိုပိုသေဘာက်တယ္။ Make up Effect ေတြနဲ႕သြားမွာဆိုေတာ့ေလ။ ဟိုေန႕က အိမ္စည္ဇာတ္ၫႊန္းဖတ္လိုက္တာ အိမ္စည္စကားေျပာရမယ့္အ ခန္းက သုံး၊ ေလးခြန္းေလာက္ပဲ။ ေျပာရမယ့္အခန္းကလည္း ‘ေၾသာ္’၊’အင္း’ ဒါနဲ႕ပဲၿပီးမွာ”

Facial Expression ကေတာ့မ်ားတယ္။ အဲဒါကေတာ့ အိမ္စည္က ကိုၿငိမ္းခ်မ္းေက်ာ္နဲ႕ေရာ၊ဒ ါရိုက္တာနဲ႕ေရာ Crew အဖြဲ႕ေတြနဲ႕ေရာတိုင္ပင္ၿပီးမွ လုပ္ရမွာေပါ့ေနာ္။ Guide Line ေတြအမ်ားႀကီး လိုပါတယ္” လို႔ ေျဖပါတယ္။

ဒီဇာတ္ကားမွာအိမ္စည္က ဇာတ္လမ္းအရ ဝတ္လစ္စလစ္သရဲမေလးဆိုေပမယ့္ အသားကပ္ဝတ္စုံ၊ ကင္မရာလွည့္ကြက္ေတြနဲ႕ သ႐ုပ္ေဆာင္ရမွာျဖစ္ပါတယ္။ အသားကပ္ဝတ္စုံတစုံနဲ႕ ျပည္ပနိုင္ငံမ်ားအထိသြားမယ့္ ႐ုပ္ရွင္အေပၚစိတ္ခံစားမႈ ကိုလည္း ေ႐ႊအိမ္စည္က အခုလိုေျပာပါတယ္။

စိတ္လႈပ္ရွားတယ္။ ကိုယ့္ရဲ႕ဝတ္လစ္စလစ္ပုံကို ဆယ္နိုင္ငံက ျမင္ၾကမွာဆိုေတာ့ေလ။ ျမန္မာနိုင္ငံကလူေတြအပါအဝင္ေပါ့”လို႔ ဆိုပါတယ္။

ဒီဇာတ္႐ုပ္နဲ႕ပတ္သက္ၿပီး အားေပးမႈ၊ေဝဖန္မႈေတြအေပၚမွာလည္း “အိမ္စည့္အျမင္ကေတာ့ေလ အျမင္က်ယ္တဲ့သူကေတာ့အားေပးမွာပဲ။ မႀကိဳက္တဲ့သူကလည္း ရွိမွာပဲေလေနာ္။ ဒီမွာကေတာ့ အဆဲသန္တဲ့လူသားမ်ားဆိုေတာ့ အိမ္စည္မသိဘူး၊ ဘယ္လိုလာမလဲဆိုတာကိုေတာ့။ ဒါေပမယ့္ အဲဒီအတြက္ အသင့္ျပင္ထားတယ္”

အိမ္စည္အေနနဲ႕ ဒီကားကိုစလက္ခံမိတဲ့အခ်ိန္မွာေလ ဘယ္လိုခံယူထားလဲဆိုေတာ့ တိုက္ခိုက္မႈေတြရွိလည္း ကိုယ့္ကိုအားေပးသူေတြအတြက္ လုပ္တာ၊ အားမေပးသူေတြအတြက္လုပ္တာမဟုတ္ဘူး။ အားမေပးသူေတြကို Entertain လုပ္စရာမလိုဘူးလို႔ေတြးထားတယ္။ အိမ္စည္ကိုမႀကိဳက္ဖူးဆိုလည္း မၾကည့္နဲ႕ေပါ့။ ႀကိဳက္တဲ့သူေတြ လာၾကည့္ၾကေပါ့”လို႔ ဧရာဝတီကိုေျပာပါတယ္။

Via: The Irrawaddy


#Unicode Version

အလှမယ် ရွှေအိမ်စည်က မကြာခင်ရိုက်ကူးမယ့် “The Naked Ghost @စွဲ”ရုပ်ရှင်ကားကြီးမှာ ပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဝတ်လစ်စလစ်သရဲအဖြစ်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နဲ့ပတ်သက်ပြီးရွှေအိမ်စည်က အခုလိုဆိုပါတယ်။

ဝေဖန်မှုကတော့ရှိမှာပဲ။ သေချာပေါက်ရှိမှာ။ ကောင်းတဲ့ကားတွေရိုက်နေတာတောင်မှ ဝေဖန်ခံနေရတာဆိုတော့လေ။ ဒီကားက ပက်ပက်စက်စက်ဝေဖန်ခံရမှာ ၊ အိမ်စည်က အဓိကပေါ့နော်။ အဲဒါကလည်းမှန်းထားပြီးသားပါ။ နည်းနည်းလေးပေါ်တာတောင်မှ ပြောနေတဲ့ခေတ်ကြီးမှာလေ။ ဒီဇာတ်လမ်းမှာက အဝတ်မပါတဲ့သရဲဆိုတော့ သေရောလေ။ အိမ်စည်ကတော့ အဲဒီအပိုင်းကို ဂရုမစိုက်တော့ဘူး။ အနုပညာလို့ပဲ မြင်ထားတယ်။

ရွှေအိမ်စည်

အနုပညာအရလုပ်တယ်။ ဇာတ်လမ်းအရ လုပ်မှာဆိုတော့ ကိုယ့်ဘက်က ရှင်းပြစရာမလိုတော့ဘူး။ အိမ်စည်သဘောကျလို့ ရိုက်တာ။ မကြိုက်ရင်မကြည့်နဲ့”လို့ အလှမယ် ရွှေအိမ်စည်က ဧရာဝတီကိုပြောပါတယ်။

The Naked Ghost @ စွဲ”ရုပ်ရှင်ကားကြီး လက်ခံလိုက်မိချိန်က ခံစားချက်ကိုလည်း အခုလိုပြောပြပါတယ်။

အိမ်စည်က အကုန်လုံးကိုသိရှိနားလည်ပြီးတော့မှ လက်ခံလိုက်တာ။ ဘယ်လိုပုံစံလဲဆိုတာကို ကိုငြိမ်းချမ်းကျော်က သေချာလာရှင်းပြတယ်။ အဲဒီအချိန်မှာပဲ အရမ်းသဘောကျသွားတာ။ အိမ်စည်က အခုမှသရုပ်ဆောင်ကို စဝင်ကာစဆိုတော့လေ။ အဲဒီလိုကာရိုက်တာကြီးလုပ်ရမှာ တခုခုမဖြစ်ဘူးလားပေါ့နော်။ အိမ်စည်က မဖြစ်ဘူးလို့။ သဘောကျတယ်လို့။ အဲဒီကာရိုက်တာမျိုး အရမ်းလုပ်ချင်တာလို့”

ဒီလောကမှာက အယူရှိတယ်လေ။ စဝင်ကာစဆိုရင် လှလှလေးဝင်တာတို့၊ ဇာတ်ရုပ်လှလှလေးတွေပဲ စရိုက်တာတို့၊ ဗီလိန်ကာရိုက်တာတွေ မလုပ်ဖို့တို့ ၊ပရိသတ်သနားမယ့် ကာရိုက်တာမျိုးတွေပဲ စဉ်းစားတတ်ကြတာလေ။ အိမ်စည်က အဲ့ဒီလိုမျိုးမစဉ်းစားဘူး။ ကြိုက်လည်းမကြိုက်ဘူး။ ဒီကာရိုက်တာမျိုးပဲကြိုက်တယ်၊ လုပ်မယ်ဆိုပြီး လုပ်ဖြစ်သွားတာ”လို့ ဆိုပါတယ်။

ဒီဇာတ်ကားမှာ The Naked Ghost ဖြစ်နေတဲ့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်လှပမှုကို အဓိကပြင်ဆင်သွားမယ်လို့လည်း ရွှေအိမ်စည်က ဆိုပါတယ်။

Gym တွေကစားရတော့မယ်လေ။ ဗိုက်တွေချရတော့မယ်လေ။ Gym နှစ်လမကစားမိတဲ့ အကျိုးကျေးဇူးတွေက အခုပြန်ကစားရတော့မယ်။ လှအောင်ပြန်လုပ်ရတော့မှာပေါ့။ ဇာတ်ကောင်အရ အဝတ်အစားမပါဘူးဆိုတော့ အဝတ်အစားနဲ့ထိန်းလို့မရတော့ဘူး။ ကိုယ့် Body နဲ့ပဲထိန်းရတော့မှာပေါ့”လို့ရွှေအိမ်စည်က ဆိုပါတယ်။

The Naked Ghost

တခါမလုပ်ဖူးတဲ့ဇာတ်ရုပ်၊ ပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရမယ့်ရုပ်ရှင်အတွက် ခံစားမှုအပိုင်းကိုလည်း အခုလိုဆိုပါတယ်။

စိတ်ဖိစီးတာတော့မရှိဘူး။ အိမ်စည်ကပျော်တယ်။ ကိုယ်တခါမှမလုပ်ဖူးတဲ့ အလုပ်တခုပေါ့နော်။ ကိုယ့်အလုပ်ကလေးကို Suprise ဖြစ်နေတော့ ကောင်းတာပေါ့နော်။ မိတ်ကပ်အစမ်းလိမ်းကြည့်ရမှာဆိုတော့ အဲဒါတွေလည်း သဘောကျတယ်။ သူတို့က Detail လုပ်မှာလေ။ ဒီကားက အိမ်စည့်အလှကတ်ထက်စာရင် သရဲခန်းက ပိုများတယ်။ အဲဒါကိုပိုသဘောကျတယ်။ Make up Effect တွေနဲ့သွားမှာဆိုတော့လေ။ ဟိုနေ့က အိမ်စည်ဇာတ်ညွှန်းဖတ်လိုက်တာ အိမ်စည်စကားပြောရမယ့်အ ခန်းက သုံး၊ လေးခွန်းလောက်ပဲ။ ပြောရမယ့်အခန်းကလည်း ‘သြော်’၊’အင်း’ ဒါနဲ့ပဲပြီးမှာ”

Facial Expression ကတော့များတယ်။ အဲဒါကတော့ အိမ်စည်က ကိုငြိမ်းချမ်းကျော်နဲ့ရော၊ဒ ါရိုက်တာနဲ့ရော Crew အဖွဲ့တွေနဲ့ရောတိုင်ပင်ပြီးမှ လုပ်ရမှာပေါ့နော်။ Guide Line တွေအများကြီး လိုပါတယ်” လို့ ဖြေပါတယ်။

ဒီဇာတ်ကားမှာအိမ်စည်က ဇာတ်လမ်းအရ ဝတ်လစ်စလစ်သရဲမလေးဆိုပေမယ့် အသားကပ်ဝတ်စုံ၊ ကင်မရာလှည့်ကွက်တွေနဲ့ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ အသားကပ်ဝတ်စုံတစုံနဲ့ ပြည်ပနိုင်ငံများအထိသွားမယ့် ရုပ်ရှင်အပေါ်စိတ်ခံစားမှု ကိုလည်း ရွှေအိမ်စည်က အခုလိုပြောပါတယ်။

စိတ်လှုပ်ရှားတယ်။ ကိုယ့်ရဲ့ဝတ်လစ်စလစ်ပုံကို ဆယ်နိုင်ငံက မြင်ကြမှာဆိုတော့လေ။ မြန်မာနိုင်ငံကလူတွေအပါအဝင်ပေါ့”လို့ ဆိုပါတယ်။

ဒီဇာတ်ရုပ်နဲ့ပတ်သက်ပြီး အားပေးမှု၊ဝေဖန်မှုတွေအပေါ်မှာလည်း “အိမ်စည့်အမြင်ကတော့လေ အမြင်ကျယ်တဲ့သူကတော့အားပေးမှာပဲ။ မကြိုက်တဲ့သူကလည်း ရှိမှာပဲလေနော်။ ဒီမှာကတော့ အဆဲသန်တဲ့လူသားများဆိုတော့ အိမ်စည်မသိဘူး၊ ဘယ်လိုလာမလဲဆိုတာကိုတော့။ ဒါပေမယ့် အဲဒီအတွက် အသင့်ပြင်ထားတယ်”

အိမ်စည်အနေနဲ့ ဒီကားကိုစလက်ခံမိတဲ့အချိန်မှာလေ ဘယ်လိုခံယူထားလဲဆိုတော့ တိုက်ခိုက်မှုတွေရှိလည်း ကိုယ့်ကိုအားပေးသူတွေအတွက် လုပ်တာ၊ အားမပေးသူတွေအတွက်လုပ်တာမဟုတ်ဘူး။ အားမပေးသူတွေကို Entertain လုပ်စရာမလိုဘူးလို့တွေးထားတယ်။ အိမ်စည်ကိုမကြိုက်ဖူးဆိုလည်း မကြည့်နဲ့ပေါ့။ ကြိုက်တဲ့သူတွေ လာကြည့်ကြပေါ့”လို့ ဧရာဝတီကိုပြောပါတယ်။

Via: The Irrawaddy