သာမန္ user ေတြမသိႏုိင္တဲ့ ဖုန္းထဲက လ်ိဳ႕ဝွက္ functions မ်ား

ဖုန္းထဲက လ်ိဳ႕ဝွက္ functions မ်ား

အခုေခတ္မွာ အိတ္ထဲမွာ ဖုန္းတစ္လံုးမရွိတဲ့သူဆိုတာ မရွိသေလာက္ရွားသြားပါျပီ ။ ဒါေပမယ့္ ဒီဖုန္းကို ပရုိဆန္ဆန္အသံုးမျပဳတတ္ေသးကေတာ့ တပံုတပင္ရွိေနပါေသးတယ္။ ဒီေတာ့ ေန႕စဥ္သံုးစြဲေနတဲ့ စမတ္ဖုန္းေတြကို ဘယ္လိုမ်ိဳး ပရိုဆန္ဆန္ သံုးရမလဲဆုိတာကိုေျပာျပသြားမွာပါ ။

၁။ ဘတၳရီ

ဖုန္းဆိုတာ ဘတၳရီအားနဲ႕သံုးစြဲရတာျဖစ္တဲ့အတြက္ အားကုန္သြားတဲ့အခါ ဘာမွလုပ္လုိ႕ရမွာမဟုတ္ေတာ့ပါဘူး။ ဖုန္းမီးအားမရွိ ၊ မီးအားသြင္းစရာေနရာမရွိျဖစ္လာရင္ သင္စိတ္ေတြရွဳပ္လာမွာအမွန္ပါပဲ။ ဒီေတာ့ ဖုန္းအားကို ေခြ်တာသံုးမယ္ဆုိရင္ ဒီလုိျပႆနာေတြကေန လြတ္ကင္းႏိုင္ပါတယ္။ ဖုန္းအားေခြ်တာဖုိ႕အတြက္ေတာ့ automatic pixel highlighting ဆိုတာကို ပိတ္ထားလုိက္ပါ။ သာမန္ထက္ ဖုန္းအားပိုခံတာကိုေတြ႕ရပါလိမ့္မယ္။ ဒီဖန္ရွင္ဟာဖုန္းတုိင္းမွာေတာ့ မပါဝင္ပါဘူး။

ဘတၳရီ

၂။ Text to Speech

တစ္ခ်ိဳ႕အဂၤလိပ္စာအုပ္ေတြကို သင္ထုိင္ဖတ္မေနပဲ ဖုန္းက ဖတ္ျပတာကိုနားေထာင္ႏုိင္ပါတယ္။ ဒီအတြက္ေတာ့ Settings -> Accssibility မွာ Text to Speech ဆိုတဲ့ ဖန္ရွင္ေလးကိုဖြင့္ေပးထားပါ။

Text to Speech

၃။ ဖုန္းေပ်ာက္ရွာရန္

Settings -> Security -> Device Administrators ဆုိတဲ့ေနရာမွာ အမွန္ျခစ္ေလးျခစ္ေပးထားပါ။
မေတာ္တဆ ေပ်ာက္သြားခဲ့ရင္ အျခားဖုန္းတစ္လံုးထဲသို႕ သင့္ရဲ႕ဖုန္းထဲထည့္ထားတဲ့ Gmail ကုိထည့္သြင္းပါ။
ထို႕ေနာက္ http://google.com/android/devicemanager ဒီ website ကေနတစ္ဆင့္ဝင္ေရာက္ကာ ကိုယ့္ဖုန္းကိုျပန္လည္ရွာေဖြႏုိင္ပါတယ္။

ဖုန္းေပ်ာက္ရွာရန္

၄။ Guest Mode

သင့္ရဲ႕ကိုယ္ပိုင္အခ်က္အလက္ေတြ ကို တျခားသူမသိေစခ်င္ရင္ေတာ့ Guest Mode ဖြင့္ထားတာ အေကာင္းဆံုးပါပဲ။
ဖုန္းခနေလးခ်ထားတဲ့အခါမ်ိဳးမွာ တျခားသူေကာက္ကုိင္ျပီး ကိုယ့္အခ်က္အလက္ေတြကို ၾကည့္မသြားႏုိင္ေစဖုိ႕အတြက္ Guest Mode ကုိဖြင့္ထားပါ။ ဘယ္လုိဖြင့္ရလဲ ဘယ္လုိဝင္ရမလဲဆုိတာကေတာ့ ဖုန္းအမ်ိဳးအစားေပၚမူတည္ျပီးကြာျခားတဲ့အတြက္ Setting ထဲမွာဝင္ေရာက္ၾကည့္ရွဳေပးပါ။

Guest Mode

၅။ မွန္ဘီလူး

Settings -> Accessibility -> Magnification Gestures ဆိုတဲ့ဖန္ရွင္ဟာ အျမင္အာရံုနည္းပါးတဲ့သူေတြအတြက္ အေထာက္အကူေပးႏုိင္တဲ့ဖန္ရွင္တစ္ခုပါ။ ဒီဖန္ရွင္ကုိဖြင့္ထားမယ္ဆုိရင္ သံုးခ်က္ေလာက္ဆက္တိုက္ထိလုိက္ရင္ ထိလိုက္တဲ့ေနရာကုိ မွန္ဘီလူးကျဖတ္ၾကည့္သလုိ အၾကီးၾကီးျမင္ရမွာျဖစ္ပါတယ္။

မွန္ဘီလူး

၆။ Hotspot Mode

ဒါကေတာ့ အျခားသူေတြနဲ႕ ကိုယ့္ဖုန္းက အင္တာနက္ကုိေဝမွ် သံုးဖို႕အတြက္ အသံုးဝင္တဲ့ ဖန္ရွင္ေလးတစ္ခုပါပဲ။ ဖြင့္ရတာလည္း လြယ္ကူပါတယ္။ Settings -> Tethering and portable hotspot မွာ အမွန္ျခစ္ေပးလုိက္ရံုပါပဲ။

၇။ လ်ိဳ႕ဝွက္ဂိမ္း

Android 2.3 ကစျပီးေတာ့ ဂူးဂဲဟာ Android user ေတြအတြက္ လ်ိဳ႕ဝွက္ဂိမ္းေလးတစ္ခုထည့္သြင္းေပးထားပါတယ္။ ဒီဂိမ္းကုိရွာခ်င္ရင္ေတာ့ Settings -> About Phone or Tablet ကိုသြားပါ။ ထို႕ေနာက္ Android Version ဆုိတာကို အခ်က္ေပါင္းမ်ားစြာ ထိပါ ။ ဒါဆုိရင္ေတာ့ ဂူးဂဲရဲ႕လ်ိဳ႕ဝွက္ဂိမ္းေလးကုိ သင္ကစားႏိုင္ပါျပီ ။

လ်ိဳ႕ဝွက္ဂိမ္

Writer – Min Thu

ဤေဆာင္းပါးကို သတင္းႏွင့္  ဗဟုသုတဝက္ဘ္ဆိုဒ္ dailyhotnewsmm.com  မွ ကူးယူေဖာ္ျပပါသည္။


#Unicode Version

အခုခေတ်မှာ အိတ်ထဲမှာ ဖုန်းတစ်လုံးမရှိတဲ့သူဆိုတာ မရှိသလောက်ရှားသွားပါပြီ ။ ဒါပေမယ့် ဒီဖုန်းကို ပရိုဆန်ဆန်အသုံးမပြုတတ်သေးကတော့ တပုံတပင်ရှိနေပါသေးတယ်။ ဒီတော့ နေ့စဉ်သုံးစွဲနေတဲ့ စမတ်ဖုန်းတွေကို ဘယ်လိုမျိုး ပရိုဆန်ဆန် သုံးရမလဲဆိုတာကိုပြောပြသွားမှာပါ ။

၁။ ဘတ္ထရီ

ဖုန်းဆိုတာ ဘတ္ထရီအားနဲ့သုံးစွဲရတာဖြစ်တဲ့အတွက် အားကုန်သွားတဲ့အခါ ဘာမှလုပ်လို့ရမှာမဟုတ်တော့ပါဘူး။
ဖုန်းမီးအားမရှိ ၊ မီးအားသွင်းစရာနေရာမရှိဖြစ်လာရင် သင်စိတ်တွေရှုပ်လာမှာအမှန်ပါပဲ။ ဒီတော့ ဖုန်းအားကို ချွေတာသုံးမယ်ဆိုရင် ဒီလိုပြဿနာတွေကနေ လွတ်ကင်းနိုင်ပါတယ်။ ဖုန်းအားချွေတာဖို့အတွက်တော့ automatic pixel highlighting ဆိုတာကို ပိတ်ထားလိုက်ပါ။ သာမန်ထက် ဖုန်းအားပိုခံတာကိုတွေ့ရပါလိမ့်မယ်။ ဒီဖန်ရှင်ဟာဖုန်းတိုင်းမှာတော့ မပါဝင်ပါဘူး။

ဘတ္ထရီ

၂။ Text to Speech

တစ်ချို့အင်္ဂလိပ်စာအုပ်တွေကို သင်ထိုင်ဖတ်မနေပဲ ဖုန်းက ဖတ်ပြတာကိုနားထောင်နိုင်ပါတယ်။ ဒီအတွက်တော့ Settings -> Accssibility မှာ Text to Speech ဆိုတဲ့ ဖန်ရှင်လေးကိုဖွင့်ပေးထားပါ။

Text to Speech

၃။ ဖုန်းပျောက်ရှာရန်

Settings -> Security -> Device Administrators ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးခြစ်ပေးထားပါ။
မတော်တဆ ပျောက်သွားခဲ့ရင် အခြားဖုန်းတစ်လုံးထဲသို့ သင့်ရဲ့ဖုန်းထဲထည့်ထားတဲ့ Gmail ကိုထည့်သွင်းပါ။
ထို့နောက် http://google.com/android/devicemanager ဒီ website ကနေတစ်ဆင့်ဝင်ရောက်ကာ ကိုယ့်ဖုန်းကိုပြန်လည်ရှာဖွေနိုင်ပါတယ်။

ဖုန်းပျောက်ရှာရန်

၄။ Guest Mode

သင့်ရဲ့ကိုယ်ပိုင်အချက်အလက်တွေ ကို တခြားသူမသိစေချင်ရင်တော့ Guest Mode ဖွင့်ထားတာ အကောင်းဆုံးပါပဲ။
ဖုန်းခနလေးချထားတဲ့အခါမျိုးမှာ တခြားသူကောက်ကိုင်ပြီး ကိုယ့်အချက်အလက်တွေကို ကြည့်မသွားနိုင်စေဖို့အတွက် Guest Mode ကိုဖွင့်ထားပါ။ ဘယ်လိုဖွင့်ရလဲ ဘယ်လိုဝင်ရမလဲဆိုတာကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီးကွာခြားတဲ့အတွက် Setting ထဲမှာဝင်ရောက်ကြည့်ရှုပေးပါ။

Guest Mode

၅။ မှန်ဘီလူး

Settings -> Accessibility -> Magnification Gestures ဆိုတဲ့ဖန်ရှင်ဟာ အမြင်အာရုံနည်းပါးတဲ့သူတွေအတွက် အထောက်အကူပေးနိုင်တဲ့ဖန်ရှင်တစ်ခုပါ။ ဒီဖန်ရှင်ကိုဖွင့်ထားမယ်ဆိုရင် သုံးချက်လောက်ဆက်တိုက်ထိလိုက်ရင် ထိလိုက်တဲ့နေရာကို မှန်ဘီလူးကဖြတ်ကြည့်သလို အကြီးကြီးမြင်ရမှာဖြစ်ပါတယ်။

မှန်ဘီလူး

၆။ Hotspot Mode

ဒါကတော့ အခြားသူတွေနဲ့ ကိုယ့်ဖုန်းက အင်တာနက်ကိုဝေမျှ သုံးဖို့အတွက် အသုံးဝင်တဲ့ ဖန်ရှင်လေးတစ်ခုပါပဲ။ ဖွင့်ရတာလည်း လွယ်ကူပါတယ်။ Settings -> Tethering and portable hotspot မှာ အမှန်ခြစ်ပေးလိုက်ရုံပါပဲ။

၇။ လျို့ဝှက်ဂိမ်း

Android 2.3 ကစပြီးတော့ ဂူးဂဲဟာ Android user တွေအတွက် လျို့ဝှက်ဂိမ်းလေးတစ်ခုထည့်သွင်းပေးထားပါတယ်။ ဒီဂိမ်းကိုရှာချင်ရင်တော့ Settings -> About Phone or Tablet ကိုသွားပါ။ ထို့နောက် Android Version ဆိုတာကို အချက်ပေါင်းများစွာ ထိပါ ။ ဒါဆိုရင်တော့ ဂူးဂဲရဲ့လျို့ဝှက်ဂိမ်းလေးကို သင်ကစားနိုင်ပါပြီ ။

လျို့ဝှက်ဂိမ်

Writer – Min Thu

ဤဆောင်းပါးကို သတင်းနှင့်  ဗဟုသုတဝက်ဘ်ဆိုဒ် dailyhotnewsmm.com  မှ ကူးယူဖော်ပြပါသည်။