ဆတ်သားခြောက်
ဆတ်သားခြောက်
ဆတ်သားခြောက်
Credit
#Unicode Version
ဆတ်မွေးမြူ ရေးခြံ တစ်ခြံမှမရှိပဲ ဆတ်သားခြောက်ကို လိုသလောက်ရနေတဲ့ နိုင်ငံ
စဉ်းစားကြည့်တော့ မြန်မာပြည်မှာ ဆတ်မွေးမြူရေးခြံ ဆိုလို့တစ်ခြံမျှ မရှိ။
သို့သော် တစ်နိုင်ငံလုံးကဈေးတွေမှာ ဆတ်သားခြောက် ရသဗျ။
ဒီတော့ စုံစမ်းကြည့် မိတယ်။သိရသလောက်က သိုးသား။ဆိတ်သား။ကျွဲပေါက်သားဆိုပဲ။
တကယ်တော့ အဲ့အသားတွေသာ တကယ်ဝယ်စားမိရင်တော့ အစစ်လိုတန်သလိုပဲ။
ဆတ်သားခြောက်
ဆတ်တစ်ကောင်မိဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။
မြန်မာပြည်မှာ ဆတ်ကောင်ရေက ခပ်နည်းနည်းရယ်။
ဒါတောင်တောတွင်းမှာမုဆိုးတွေ ၁၀ယောက်မှာ ၁ယောက်မိခဲတွေ့ခဲတယ်။
ဒီတော့ကာ ပြည်တွင်းမှာ ဈေးတိုင်း အလွယ်တကူရနေတဲ့ ဆတ်သားခြောက်ဆိုတာ တွေက မေးခွန်းထုတ်စရာတွေပါ။
ဆတ်သားခြောက်
ဆိုလိုတာက အခြားအသားတွေအရောင်ဆိုးပြီး ရောင်းနေရင်တော့မသိ။
သေချာတာက အမဲသားနဲ့ အခြားအသားတွေကို အရောင်ဆိုးပြီး ရောင်းနေကြတာပါပဲ ။
သင်သာ အမဲသားမစား ခွေးသားမစားသူတစ်ယောက်ဆိုရင်တော့ ဆတ်သားခြောက်ကို ဘယ်တော့မှ မစားပါနဲ့ လို့အကြံပြုပါရစေ။
Credit