ေက်ာင္းသားကို ဓာတ္ႀကိဳးျဖင့္ ႐ိုက္ႏွက္သည့္ သံဃာအား စာသင္ၾကားခြင့္ပိတ္၊ အေရးယူမႈမရွိသည့္အေပၚ ေဒသခံမ်ားေဝဖန္

Facebook

ရွမ္းျပည္နယ္ ေျမာက္ ပိုင္း သီေပါၿမိဳ႕ရွိ ေရေဟာ္ဘုန္း ေတာ္ႀကီးပညာသင္ေက်ာင္းတြင္ တတိယတန္းေက်ာင္းသားတစ္ဦး ကို ဓာတ္ႀကိဳးျဖင့္ ႐ိုက္ႏွက္သည့္ သံဃာေတာ္ကို ဥပေဒအရအေရး ယူမႈမရွိဘဲ စာသင္ၾကားခြင့္ပိတ္ ပင္ျခင္းအေပၚ ေဒသတြင္းအရပ္ ဘက္အဖြဲ႕အစည္းမ်ားက ေဝဖန္ ေနသည္။

ရေဟာ္ဘုန္းေတာ္ႀကီး ပညာသင္ေက်ာင္းတြင္ တတိယ တန္း ေက်ာင္းသားတစ္ဦးကို သံဃာတစ္ပါးက ဓာတ္ႀကိဳးျဖင့္ ႐ိုက္ႏွက္မႈ ၾသဂုတ္ ၁၃ ရက္၌ ျဖစ္ ခဲ့သည္ဟု ေဒသခံမ်ားက ေျပာ သည္။ ႐ိုက္ႏွက္ခံရသည့္ေက်ာင္း သား၏ ေက်ာျပင္တြင္ ဒဏ္ရာ အမ်ားအျပားရွိၿပီး အဆိုပါ ဓာတ္ပံုသည္ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လာရာ ႐ိုက္ႏွက္သူသံဃာေတာ္၏ လုပ္ရပ္အေပၚ ေဝဖန္ေနသည္။

ထိုျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေရေဟာ္ေက်ာင္းထုိင္ဆရာေတာ္ ဦးပညာသိရီက လူမႈကြန္ရက္မွတစ္ဆင့္ သတင္းထုတ္ျပန္ခဲ့သည္။

Facebook

‘‘ေက်ာင္းအုပ္ဆရာေတာ္၊ ေရေဟာ္ေက်ာင္းထုိင္ဆရာေတာ္ သင္ၾကားေရးဆရာေတာ္မ်ား၊ ေက်ာင္းဆရာ၊ ဆရာမမ်ား၊ ၿမိဳ႕ နယ္သာသနာေရးမွဴး၊ ၿမိဳ႕နယ္ဒု ပညာေရးမွဴး၊ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးႏွင့္ ေက်ာင္းသားမိဘမ်ား စံုညီေရွ႕ေမွာက္တြင္ အ႐ိုက္ခံရ ေသာ ေက်ာင္းသား၏ မိဘႏွင့္ မိသားစုအား ေက်နပ္ေအာင္ ေတာင္းပန္ၿပီး ႐ိုက္မိေသာ ေက်ာင္းဆရာ ဦးပၪၥင္းအား စာ သင္ၾကားခြင့္ ပိတ္လိုက္သည္’’ဟု ေဖာ္ျပထားသည္။

အေရးယူမႈ တစ္စံုတစ္ရာ မရွိဘဲ စာသင္ၾကားခြင့္ ပိတ္ပင္ ျခင္းသည္ လံုေလာက္ေသာ ေျဖ ရွင္းခ်က္မဟုတ္ဟု အရပ္ဘက္အ ဖြဲ႕အစည္းမ်ားက မွတ္ခ်က္ျပဳ သည္။

‘‘တကယ္ေတာ့ လံုးဝမ႐ိုက္ သင့္ပါဘူး။ ကေလးခ်င္းရန္ျဖစ္ တာဆိုတဲ့အတြက္ ေျဖရွင္းတဲ့ နည္းက အရမ္းၾကမ္းတမ္းလြန္း တယ္။ စာသင္ခြင့္ပိတ္လိုက္႐ံုနဲ႔ သူ႔အျပစ္သူျမင္ပါ့မလား။ က်ဴး လြန္ခဲ့တဲ့ အမွားနဲ႔ျပင္ဆင္ခြင့္ျပဳ တဲ့အခ်ိန္ အတိုင္းအတာတစ္ခုထိ တစ္စံုတစ္ခုအေရးယူသင့္တယ္ လို႔ ျမင္ပါတယ္။ ကၽြန္မေျပာေန တာ ကေလးကို႐ိုက္တဲ့ကိစၥပါ။ ႐ိုက္သူက ဘုန္းႀကီးျဖစ္လို႔၊ ဆရာ မျဖစ္လို႔၊ေယာက္်ားျဖစ္လို႔၊ မိန္းမ ျဖစ္လို႔ဆိုတဲ့ အျမင္မ်ိဳးမရွိပါဘူး။ ဘယ္သူကပဲ က်ဴးလြန္ က်ဴးလြန္ ထိုက္သင့္တဲ့အေရးယူမႈေတာ့ရွိ သင့္တယ္’’ ဟု ၈၈ မ်ိဳးဆက္ၿငိမ္း ခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အ စည္း (လား႐ိႈးၿမိဳ႕နယ္တာဝန္ခံ) ေဒၚသန္းသန္းေအးက ေျပာ သည္။

Facebook

‘‘လည္ပင္းမွာပါ ဒဏ္ရာရ တယ္။ ဒါက သာမန္ကိစၥေတာ့ မဟုတ္ဘူးေလ။ ၀ိုင္ယာႀကိဳးႏွစ္ ေခ်ာင္းနဲ႔ ႐ိုက္တယ္ေျပာတယ္။ အခုဆုိ ကေလးဒဏ္ရာေတြက အညိဳအမည္း စြဲေနတယ္။ ကေလးက အိပ္လုိ႔၊ လွဲလုိ႔ေတာင္ မရဘူး။ ဆရာက တပည့္ကုိဆုံးမ တဲ့အေပၚမွာ ဒီေလာက္ဒဏ္ရာ ေတြရတာ၊ ကေလးဒဏ္ရာေတြ ျမင္ရတာ ရင္ထဲတကယ္ မ ေကာင္းဘူးဗ်’’ ဟု ႐ိုက္ႏွက္ခံရ ေသာ ေက်ာင္းသားကို ေတြ႕ဆုံခဲ့ သည့္ သီေပါၿမိဳ႕ေဒသခံတစ္ဦးက ေျပာသည္။

ၾသဂုတ္ ၁၃ ရက္က ျဖစ္ပြား သည့္ အေျခအေနကုိ ေရေဟာ္ ေက်ာင္းမွ ဦပၪၥင္းေရ၀တက ေအာက္ပါအတုိင္း မိန္႔သည္။

‘‘ကေလးႏွစ္ဦးက စကား မ်ားတယ္။ ဦးပၪၥင္းေလးက က ေလးေတြကုိ ဆူၿပီးေတာ့မွ ဖ်န္ ေျဖတာ။ ဖ်န္ေျဖတာကုိ ကေလး ေတြက မေခ်မငံျဖစ္တဲ့အခါ နည္း နည္းစိတ္ဆုိးရင္း လက္လြန္သြား တယ္ ဒကာႀကီး။ ကေလးမိဘေတြ ကုိ သြားေခၚၿပီး ေတာင္းပန္လုိက္ တယ္’’

႐ိုက္ႏွက္ခံရေသာ ကေလး ငယ္၏ မိဘ၊ ေဆြမ်ိဳးမ်ားကုိ ေက်ာင္းထိုင္ဆရာေတာ္ႏွင့္ ဌာန ဆုိင္ရာ တာ၀န္ရွိသူမ်ားကိုေတာင္း ပန္ၿပီး အားလုံးက ေက်နပ္လက္ ခံသည္ဟု ဦးေရ၀တက မိန္႔သည္။ သို႔ေသာ္ ေက်နပ္မႈမရွိ၍ ဥပေဒ အတုိင္း အေရးယူမည္ဆုိပါက ေဆာင္ရြက္မည္ဟု မိန္႔ၾကားသည္။

Facebook

႐ိုက္ႏွက္ေသာ သံဃာေတာ္ သည္ ဥပေဒဘြဲ႕ ေနာက္ဆုံးတက္ ေနသူျဖစ္ေၾကာင္း သီေပါၿမိဳ႕နယ္ ဒုတိယၿမိဳ႕နယ္ ပညာေရးမွဴး ဦးေဇာ္မင္းထြန္းက ေျပာသည္။ ေရေဟာ္ ဘုန္းေတာ္ႀကီးပညာ သင္ေက်ာင္း တြင္ သူငယ္တန္းမွ အ႒မတန္းအထိ ေက်ာင္းသား ၆၄၂ ဦး သင္ၾကားေနသည္။

ေက်ာင္းသား၏မိခင္ ေဒၚျဖဴ ျဖဴေအာင္က သား႐ိုက္ႏွက္ခံရမႈ အေပၚ ၀မ္းနည္းရေသာ္လည္း ျပႆနာႀကီးထြားမည္ကုိ စုိးရိမ္၍ ေက်ေအးခဲ့သည္ဟု ေျပာသည္။

‘‘ကၽြန္မကေတာ့ တစ္ေန႔ လုပ္မွ တစ္ေန႔စားရတာဆုိေတာ့ ျပႆနာႀကီးမွာစုိးလုိ႔ ေက်းေအး ေပးလုိက္တာ’’

ကေလးငယ္ကို ႐ိုက္ႏွက္ ျပစ္ဒဏ္ေပးျခင္း၊ ႐ုပ္ပုိင္းဆုိင္ရာ ႏွိပ္ကြပ္အႏိုင္က်င့္ျခင္းျခင္း ျပဳ လုပ္ေၾကာင္း ျပစ္မႈထင္ရွားပါက အနည္းဆုံးတစ္လမွ အမ်ားဆုံး ေျခာက္လအထိ ေထာင္ဒဏ္ျဖစ္ ေစ၊ အနည္းဆုံးက်ပ္တစ္သိန္းမွ အမ်ားဆုံး က်ပ္သုံးသိန္းအထိေငြ ဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ ေစ ခ်မွတ္ရမည္ျဖစ္ေၾကာင္း က ေလးသူငယ္ အခြင့္အေရးဆိုင္ရာ ဥပေဒ၌ ေဖာ္ျပထားသည္။

‘‘ကေလးက ေျပာတယ္။ ေက်ာင္းမေနရဲေတာ့ဘူးတဲ့။ ထပ္ ႐ိုက္မွာစုိးလုို႔တဲ့။ မ႐ိုက္ေတာ့ဘူး လုိ႔ေတာ့ ကၽြန္မကဆုံးမလုိက္ တယ္’’ ဟု ကေလးမိခင္ ေဒၚျဖဴျဖဴ ေအာင္ကေျပာသည္။

Source: 7daydaily


#Unicode Version

ရှမ်းပြည်နယ် မြောက် ပိုင်း သီပေါမြို့ရှိ ရေဟော်ဘုန်း တော်ကြီးပညာသင်ကျောင်းတွင် တတိယတန်းကျောင်းသားတစ်ဦး ကို ဓာတ်ကြိုးဖြင့် ရိုက်နှက်သည့် သံဃာတော်ကို ဥပဒေအရအရေး ယူမှုမရှိဘဲ စာသင်ကြားခွင့်ပိတ် ပင်ခြင်းအပေါ် ဒေသတွင်းအရပ် ဘက်အဖွဲ့အစည်းများက ဝေဖန် နေသည်။

ရဟော်ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် တတိယ တန်း ကျောင်းသားတစ်ဦးကို သံဃာတစ်ပါးက ဓာတ်ကြိုးဖြင့် ရိုက်နှက်မှု သြဂုတ် ၁၃ ရက်၌ ဖြစ် ခဲ့သည်ဟု ဒေသခံများက ပြော သည်။ ရိုက်နှက်ခံရသည့်ကျောင်း သား၏ ကျောပြင်တွင် ဒဏ်ရာ အများအပြားရှိပြီး အဆိုပါ ဓာတ်ပုံသည် လူမှုကွန်ရက်တွင် ပျံ့နှံ့လာရာ ရိုက်နှက်သူသံဃာတော်၏ လုပ်ရပ်အပေါ် ဝေဖန်နေသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေဟော်ကျောင်းထိုင်ဆရာတော် ဦးပညာသိရီက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

‘‘ကျောင်းအုပ်ဆရာတော်၊ ရေဟော်ကျောင်းထိုင်ဆရာတော် သင်ကြားရေးဆရာတော်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ မြို့ နယ်သာသနာရေးမှူး၊ မြို့နယ်ဒု ပညာရေးမှူး၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ကျောင်းသားမိဘများ စုံညီရှေ့မှောက်တွင် အရိုက်ခံရ သော ကျောင်းသား၏ မိဘနှင့် မိသားစုအား ကျေနပ်အောင် တောင်းပန်ပြီး ရိုက်မိသော ကျောင်းဆရာ ဦးပဉ္စင်းအား စာ သင်ကြားခွင့် ပိတ်လိုက်သည်’’ဟု ဖော်ပြထားသည်။

အရေးယူမှု တစ်စုံတစ်ရာ မရှိဘဲ စာသင်ကြားခွင့် ပိတ်ပင် ခြင်းသည် လုံလောက်သော ဖြေ ရှင်းချက်မဟုတ်ဟု အရပ်ဘက်အ ဖွဲ့အစည်းများက မှတ်ချက်ပြု သည်။

‘‘တကယ်တော့ လုံးဝမရိုက် သင့်ပါဘူး။ ကလေးချင်းရန်ဖြစ် တာဆိုတဲ့အတွက် ဖြေရှင်းတဲ့ နည်းက အရမ်းကြမ်းတမ်းလွန်း တယ်။ စာသင်ခွင့်ပိတ်လိုက်ရုံနဲ့ သူ့အပြစ်သူမြင်ပါ့မလား။ ကျူး လွန်ခဲ့တဲ့ အမှားနဲ့ပြင်ဆင်ခွင့်ပြု တဲ့အချိန် အတိုင်းအတာတစ်ခုထိ တစ်စုံတစ်ခုအရေးယူသင့်တယ် လို့ မြင်ပါတယ်။ ကျွန်မပြောနေ တာ ကလေးကိုရိုက်တဲ့ကိစ္စပါ။ ရိုက်သူက ဘုန်းကြီးဖြစ်လို့၊ ဆရာ မဖြစ်လို့၊ယောက်ျားဖြစ်လို့၊ မိန်းမ ဖြစ်လို့ဆိုတဲ့ အမြင်မျိုးမရှိပါဘူး။ ဘယ်သူကပဲ ကျူးလွန် ကျူးလွန် ထိုက်သင့်တဲ့အရေးယူမှုတော့ရှိ သင့်တယ်’’ ဟု ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း (လားရှိုးမြို့နယ်တာဝန်ခံ) ဒေါ်သန်းသန်းအေးက ပြော သည်။

‘‘လည်ပင်းမှာပါ ဒဏ်ရာရ တယ်။ ဒါက သာမန်ကိစ္စတော့ မဟုတ်ဘူးလေ။ ဝိုင်ယာကြိုးနှစ် ချောင်းနဲ့ ရိုက်တယ်ပြောတယ်။ အခုဆို ကလေးဒဏ်ရာတွေက အညိုအမည်း စွဲနေတယ်။ ကလေးက အိပ်လို့၊ လှဲလို့တောင် မရဘူး။ ဆရာက တပည့်ကိုဆုံးမ တဲ့အပေါ်မှာ ဒီလောက်ဒဏ်ရာ တွေရတာ၊ ကလေးဒဏ်ရာတွေ မြင်ရတာ ရင်ထဲတကယ် မ ကောင်းဘူးဗျ’’ ဟု ရိုက်နှက်ခံရ သော ကျောင်းသားကို တွေ့ဆုံခဲ့ သည့် သီပေါမြို့ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ် ၁၃ ရက်က ဖြစ်ပွား သည့် အခြေအနေကို ရေဟော် ကျောင်းမှ ဦပဉ္စင်းရေဝတက အောက်ပါအတိုင်း မိန့်သည်။

‘‘ကလေးနှစ်ဦးက စကား များတယ်။ ဦးပဉ္စင်းလေးက က လေးတွေကို ဆူပြီးတော့မှ ဖျန် ဖြေတာ။ ဖျန်ဖြေတာကို ကလေး တွေက မချေမငံဖြစ်တဲ့အခါ နည်း နည်းစိတ်ဆိုးရင်း လက်လွန်သွား တယ် ဒကာကြီး။ ကလေးမိဘတွေ ကို သွားခေါ်ပြီး တောင်းပန်လိုက် တယ်’’

ရိုက်နှက်ခံရသော ကလေး ငယ်၏ မိဘ၊ ဆွေမျိုးများကို ကျောင်းထိုင်ဆရာတော်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများကိုတောင်း ပန်ပြီး အားလုံးက ကျေနပ်လက် ခံသည်ဟု ဦးရေဝတက မိန့်သည်။ သို့သော် ကျေနပ်မှုမရှိ၍ ဥပဒေ အတိုင်း အရေးယူမည်ဆိုပါက ဆောင်ရွက်မည်ဟု မိန့်ကြားသည်။

ရိုက်နှက်သော သံဃာတော် သည် ဥပဒေဘွဲ့ နောက်ဆုံးတက် နေသူဖြစ်ကြောင်း သီပေါမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇော်မင်းထွန်းက ပြောသည်။ ရေဟော် ဘုန်းတော်ကြီးပညာ သင်ကျောင်း တွင် သူငယ်တန်းမှ အဋ္ဌမတန်းအထိ ကျောင်းသား ၆၄၂ ဦး သင်ကြားနေသည်။

ကျောင်းသား၏မိခင် ဒေါ်ဖြူ ဖြူအောင်က သားရိုက်နှက်ခံရမှု အပေါ် ဝမ်းနည်းရသော်လည်း ပြဿနာကြီးထွားမည်ကို စိုးရိမ်၍ ကျေအေးခဲ့သည်ဟု ပြောသည်။

‘‘ကျွန်မကတော့ တစ်နေ့ လုပ်မှ တစ်နေ့စားရတာဆိုတော့ ပြဿနာကြီးမှာစိုးလို့ ကျေးအေး ပေးလိုက်တာ’’

ကလေးငယ်ကို ရိုက်နှက် ပြစ်ဒဏ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွပ်အနိုင်ကျင့်ခြင်းခြင်း ပြု လုပ်ကြောင်း ပြစ်မှုထင်ရှားပါက အနည်းဆုံးတစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ် စေ၊ အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေ ချမှတ်ရမည်ဖြစ်ကြောင်း က လေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ၌ ဖော်ပြထားသည်။

‘‘ကလေးက ပြောတယ်။ ကျောင်းမနေရဲတော့ဘူးတဲ့။ ထပ် ရိုက်မှာစိုးလို့တဲ့။ မရိုက်တော့ဘူး လို့တော့ ကျွန်မကဆုံးမလိုက် တယ်’’ ဟု ကလေးမိခင် ဒေါ်ဖြူဖြူ အောင်ကပြောသည်။

Source: 7daydaily