မီးေလာင္ေပါက္ကြဲမူေတြျဖစ္ပြားလာတဲ့ Samsung Galaxy Note 9

Samsung Galaxy Note 9

နယူးေယာက္မွာ ေနထိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္က သူမရဲ႕ Samsung Galaxy Note 9 ဟာ ပိုက္ဆံအိတ္အတြင္း မီးေလာင္ေပါက္ကြဲမႈ ျဖစ္ပြားခဲ့တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

အိမ္ၿခံေျမပြဲစားတစ္ေယာက္ျဖစ္တဲ့ Diane Chung ဟာ ဒီလအေစာပိုုင္းက ျဖစ္ပြားခဲ့တဲ့ အဆိုပါ ျဖစ္ရပ္အတြက္ Queens တရား႐ံုးမွာ တရားစြဲဆိုမႈတစ္ရပ္ ျပဳလုပ္ခဲ့ပါတယ္။

သူမဟာ ဖုန္းကို အသံုးျပဳေနစဥ္အတြင္း ဖုန္းက အလြန္ပူလာတဲ့အတြက္ေၾကာင့္ ပိုက္ဆံအိတ္ထဲ ျပန္ထည့္ခဲ့တယ္လို႔ မစၥ Chung က ေျပာပါတယ္။

Samsung Galaxy Note 9

ခဏအၾကာ ဓာတ္ေလွကားထဲ သူမေရာက္ရိွေနခ်ိန္မွာ ပိုက္ဆံအိတ္ထဲကေန အသံစူးစူးနဲ႔အတူ မီးခိုးေတြ ထြက္လာခဲ့တယ္လို႔ သူမက ဆိုပါတယ္။ အဲ့ဒီေနာက္ သူမက ပိုက္ဆံအိတ္ကို ဓာတ္ေလွကား ၾကမ္းျပင္ေပၚ ပစ္ခ်ခဲ့ေပမယ့္လည္း မီးၿငိမ္းသြားျခင္း မရိွဘူးလို႔ New York Post က ေဖာ္ျပခဲ့ပါတယ္။

ဓာတ္ေလွကားတံခါး ပြင့္လာခ်ိန္မွာ သူမဟာ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ အိတ္ကို တံခါးအျပင္ဘက္ေရာက္ေအာင္ ကန္ထုတ္ခဲ့ပါတယ္။

အဲ့ဒီေနာက္ အနီးအနားက လူတစ္ေယာက္က ဖုန္းကို အဝတ္နဲ႔ေကာက္ကိုင္ၿပီး ေရပံုးတစ္ခုထဲ ထည့္ခဲ့တယ္လို႔ သူမက ေျပာၾကား ခဲ့ပါတယ္။ သူမ ႀကံဳေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ဟာ အလြန္တုန္လႈပ္ဖြယ္ရာေကာင္းခဲ့သလို အိတ္အတြင္းက အရာမွန္သမွ်ဟာလည္း ပ်က္စီးသြားခဲ့တာေၾကာင့္ ေဖာက္သည္ေတြနဲ႔ အဆက္အသြယ္ မလုပ္ႏိုင္ခဲ့ဘူးလို႔ မစၥ Chung က New York Post ထံ ေျပာၾကား ခဲ့ပါတယ္။

Samsung ေျပာေရးဆိုခြင့္ရိွသူတစ္ေယာက္ကေတာ့ ကုမၸဏီအေနနဲ႔ Samsung Galaxy Note 9 နဲ႔ပတ္သက္ၿပီး အလားတူ အစီရင္ခံစာေတြ မရရိွထားေၾကာင္း ၾသဂုတ္လ ၂၄ ရက္က ထုတ္ျပန္ခ်က္မွာ ေျပာၾကားခဲ့သလို မစၥ Chung ရဲ႕ တိုင္ၾကားခ်က္ကိုလည္း စစ္ေဆးေနတယ္လို႔ ဆိုခဲ့ပါတယ္။

ပိုက္ဆံအိတ္ထဲကေန အသံစူးစူးနဲ႔အတူ မီးခိုးေတြ ထြက္လာခဲ့တယ္လို႔ သူမက ဆိုပါတယ္

၂၀၁၆ ခုႏွစ္တုန္းက lithium ဘက္ထရီရဲ႕ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ဖုန္းဒါဇင္ေပါင္းမ်ားစြာ မီးေလာင္ေပါက္ကြဲမႈ ျဖစ္ပြားခဲ့တဲ့ေနာက္ Samsung က ဖုန္းသန္းေပါင္းမ်ားစြာကို ျပန္လည္သိမ္းဆည္းခဲ့သလို Galaxy Note 7 ထုတ္လုပ္ေရာင္းခ်မႈကိုလည္း ရပ္ဆိုင္းခဲ့ပါတယ္။

Ref: Newshub


#Unicode version

နယူးယောက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်က သူမရဲ့ Samsung Galaxy Note 9 ဟာ ပိုက်ဆံအိတ်အတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

အိမ်ခြံမြေပွဲစားတစ်ယောက်ဖြစ်တဲ့ Diane Chung ဟာ ဒီလအစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်အတွက် Queens တရားရုံးမှာ တရားစွဲဆိုမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

သူမဟာ ဖုန်းကို အသုံးပြုနေစဉ်အတွင်း ဖုန်းက အလွန်ပူလာတဲ့အတွက်ကြောင့် ပိုက်ဆံအိတ်ထဲ ပြန်ထည့်ခဲ့တယ်လို့ မစ္စ Chung က ပြောပါတယ်။

Samsung Galaxy Note 9

ခဏအကြာ ဓာတ်လှေကားထဲ သူမရောက်ရှိနေချိန်မှာ ပိုက်ဆံအိတ်ထဲကနေ အသံစူးစူးနဲ့အတူ မီးခိုးတွေ ထွက်လာခဲ့တယ်လို့ သူမက ဆိုပါတယ်။ အဲ့ဒီနောက် သူမက ပိုက်ဆံအိတ်ကို ဓာတ်လှေကား ကြမ်းပြင်ပေါ် ပစ်ချခဲ့ပေမယ့်လည်း မီးငြိမ်းသွားခြင်း မရှိဘူးလို့ New York Post က ဖော်ပြခဲ့ပါတယ်။

ဓာတ်လှေကားတံခါး ပွင့်လာချိန်မှာ သူမဟာ ကြောက်ကြောက်လန့်လန့်နဲ့ အိတ်ကို တံခါးအပြင်ဘက်ရောက်အောင် ကန်ထုတ်ခဲ့ပါတယ်။

အဲ့ဒီနောက် အနီးအနားက လူတစ်ယောက်က ဖုန်းကို အဝတ်နဲ့ကောက်ကိုင်ပြီး ရေပုံးတစ်ခုထဲ ထည့်ခဲ့တယ်လို့ သူမက ပြောကြား ခဲ့ပါတယ်။ သူမ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ဟာ အလွန်တုန်လှုပ်ဖွယ်ရာကောင်းခဲ့သလို အိတ်အတွင်းက အရာမှန်သမျှဟာလည်း ပျက်စီးသွားခဲ့တာကြောင့် ဖောက်သည်တွေနဲ့ အဆက်အသွယ် မလုပ်နိုင်ခဲ့ဘူးလို့ မစ္စ Chung က New York Post ထံ ပြောကြား ခဲ့ပါတယ်။

Samsung ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ ကုမ္ပဏီအနေနဲ့ Samsung Galaxy Note 9 နဲ့ပတ်သက်ပြီး အလားတူ အစီရင်ခံစာတွေ မရရှိထားကြောင်း သြဂုတ်လ ၂၄ ရက်က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့သလို မစ္စ Chung ရဲ့ တိုင်ကြားချက်ကိုလည်း စစ်ဆေးနေတယ်လို့ ဆိုခဲ့ပါတယ်။

ပိုက်ဆံအိတ်ထဲကနေ အသံစူးစူးနဲ့အတူ မီးခိုးတွေ ထွက်လာခဲ့တယ်လို့ သူမက ဆိုပါတယ်

၂၀၁၆ ခုနှစ်တုန်းက lithium ဘက်ထရီရဲ့ ချို့ယွင်းချက်ကြောင့် ဖုန်းဒါဇင်ပေါင်းများစွာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နောက် Samsung က ဖုန်းသန်းပေါင်းများစွာကို ပြန်လည်သိမ်းဆည်းခဲ့သလို Galaxy Note 7 ထုတ်လုပ်ရောင်းချမှုကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

Ref: Newshub