Sponsored

နယ်ခံရဲတပ်ဖွဲ့ကိုတိုင်သော်လည်း မဖမ်းဆီးလို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ကာ မတ်လ၉ရက်နေ့ နေ့လယ်ပိုင်းကချောက်မြို့နယ် စလေမြို့ ထောက်ရှာကန်ကျေးရွာတောင်ဘက် ယာခင်း သရက်ပင်အုပ်အတွင်း ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ ဦးအောင်ဝင်း

စပါးပေါ်ချိန် ၊ ပဲပေါ်ချိန် ၊ နှမ်းပေါ်ချိန်တွေမှာ ကျေးလက်ဒေသအနှံ့ လုပ်နေကြတဲ့ လေးကောင်ဂျင်ဝိုင်း ၊ ကြက်ဝိုင်း စတဲ့ အာဝါဒေး ဝိုင်းတွေရဲ့ ဒုက္ခ မသေးလှပါဘူး၊ စာမေးပွဲတွေရှိလို့ ၊ ကစားဝိုင်းတွေ အရေးယူပေးပါလို့ ချောက်မြို့နယ် စလေရဲစခန်းမှူးကို (ယခုနယ်ပြောင်းသွားသည့်စခန်းမှူး) (၃) ကြိမ်ပြောတာတောင် ၊ မရပါဘူးတဲ့ ၊ မဖမ်းဆီးလို့ တိုင်တန်းသူက ကျနော်ဆီ အသိပေတိုင်တန်းလာတဲ့အတွက် အခုလို့ ဆင်းဖမ်းရတာပါလို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက မကွေးဂျာနယ်ကိုပြောပါတယ်။

ဓါတ်ပုံ ဦးအောင်ဝင်း

အခုလို ဖမ်းဆီးတဲ့အခါမှာ ဝန်ကြီးချုပ်နဲ့အတူ ဝန်ကြီးချုပ်လုံခြုံရေးရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့နဲ့ မကွေးခရိုင်ရဲတပ်ဖွဲ့များပါဝင်ပေမယ့် လောင်းကစားသမားများ ထွက်ပြေးသွားလို့ သက်သေခံပစ္စည်းများသာ သိမ်းဆီးရမိတယ်လို့ သိရပါတယ်။ သက်သေခံပစ္စည်းအဖြစ် ဘီယာပုလင်းနဲ့ဘီယာဗူးများ၊စားအိုးစားခွက်များ လောင်းကစားဆက်စပ်ပစ္စည်းများ၊ တိုက်ကြက်၁ကောင်တို့ သိမ်းဆီးရမိတယ်လို့ သိရပါတယ်။

Sponsored
ဓါတ်ပုံ ဦးအောင်ဝင်း

လောင်းကစားလုပ်နေတဲ့နေရာကို စလေ မိုလာလမ်းခွဲကနေ ဝင်ရတာပါ၊ နေရာရှာရတာ မလွယ်ဘူး ၊ လူစိမ်းမြင်တာနဲ့ ပြေးကြပြီ ၊လူက‌တော့မမိဘူး၊ ထွက်ပြေးတာပေါ့၊ လုပ်တဲ့‌နေရာက ကားလားလည်းမြင် ၊ဆိုင်ကယ်လာလဲမြင်၊ လူလာလဲ မြင်၊ သွားရေးလာရေးမလွယ်ဘူး၊ ယာခင်းထဲမှာသရက်ပင်အုပ်အုပ်ကြီးအောက်မှာရှိနေတာ လူစိမ်းလာရင်တန်းမြင်တဲ့နေရာလေ၊ ပစ္စည်းတွေထားပြီးထွက်ပြေးကြတာပေါ့လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

သတင်း ရွာသား(မကွေး)
မကွေးဂျာနယ်မှ ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *