Sponsored

ပညာရေးဝန်ထမ်းတွေရဲ့ လစာကိုမယူဘဲ ပြန်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က မောင်နှမရွာနားမှာ အေအေ အဖွဲ့ဝင်တွေက စက်လှေတစ်စီးကို စစ်ဆေးခဲ့ပြီး အဲဒီလှေပေါ်မှာ ပါလာတဲ့ ရဲတပ်ဖွဲ့ပိုင် ပိုက်ဆံ ကျပ် ၄၃ သိန်းကျော်ကို သိမ်းဆည်းပြီး ဆရာမတွေရဲ့ လစာ ကျပ် သိန်း ၂၀ကိုတော့ ပြန်ပေးလိုက်တယ်လို့ ခိုင်သူခက ပြောပါတယ်။

ပလက်ဝမြို့နယ် ပညာရေးမှူးရုံ

ရဲတပ်ဖွဲ့ပိုက်ဆံကိုတော့ ကျနော်တို့ သိမ်းဆည်းလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကိုတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပိုက်ဆံဖြစ်နေလို့ သိမ်းလိုက်တာ။ လက်နက်ကိုင်ပတ်သက်ရင်တော့ သိမ်းသင့်ရင်သိမ်းမှာပဲ။ ဖျက်ဆီးသင့်ရင် ဖျက်ဆီးမှာပဲ”လို့ ခိုင်သုခက ပြောပါတယ်။

Sponsored

ပညာရေးဝန်ထမ်းတွေရဲ့ လစာကို ပြန်ပေးလိုက်ပြီဆိုပေမယ့် ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ပေးလိုက်တယ်ဆိုတာနဲ့ ကာယကံရှင်တွေလက်ထဲကို ငွေတွေပြန်ရောက်မရောက်တော့ မသိရသေးပါဘူး။

ထက်ဝေအောင်

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *