Sponsored

လစ်ဗာပူးတောင်ပံတိုက်စစ်မှူးမာနေးဟာ ပြီးခဲတဲ့တစ်ပတ်က ဝုဗ်အသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ တဲ့ပွဲစဉ် မှာ ခြေထောက်ကြွက်သားဒဏ်ရာကြောင့်လူးစားလဲခံခဲ့ရပါတယ်။

ဒဏ်ရာအခြေအနေ သက်သာမူမရှိတာကြောင့် ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ရှရူးဘူရီအသင်းနဲ့ပွဲကိုလွဲချော်ခဲ့တဲ့မာနေး ဟာလက်ရှိအချိန်ထိလည်းပြန်လည်ကောင်းမွန်လာခြင်းမရှိသေးတာဖြစ်ပါတယ်။လစ်ဗာပူးအသင်းဟာ လာမယ့်တစ်ပတ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကစားရဖို့ရှိသလို ဆောက်သမ်တန် အသင်း နဲ့ လည်း၁ရက်သာခြားပြီး ဆက်တိုက်ကစားဖို့ရှိနေတာဖြစ်ပါတယ်။

Getty Images

လစ်ဗာပူးနည်းပြကလော့ပ်ကတော့မာနေးအနေနဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမှာ ပါဝင်ကစားနိုင်မှာမဟုတ် သလို ဆောက်သမ်တန်အသင်းနဲ့ကစားမယ့် ဖေဖော်ဝါရီ၁ရက်နေ့ပွဲစဉ်ကို တောင်လွဲချော်နိုင်ကြောင်း အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

Sponsored

ကလော့ပ်က “ ဆာဒီယိုက ဝက်စ်ဟမ်းနဲ့ပွဲစဉ်အတွက် ပါဝင် မှာ မဟုတ်သလို ဆောက်သမ်တန်နဲ့ပွဲမှာလည်း ပါဝင်ဖို့မသေချာပါဘူး။အဲဒီ၂ပွဲပြီးရင်တော့ သူ ကစားနိုင် လောက်ပါတယ်။သူက ကြွက်သားပေါက်ပြဲသွားတဲ့ ဒဏ်ရာသေးသေးလေးရခဲ့တာဆိုပေမယ့်လည်း နည်းနည်းတော့ ပြင်းထန်ပါတယ်။သူ့ရဲ့ဒဏ်ရာအရမ်းကြီးမပြင်းထန်တဲ့အတွက်တော့ ကျွန်တော်တို့ ကံ ကောင်းပါတယ်။သူ၃ပွဲလောက်ပဲလွဲချော်နိုင်ပါတယ်” လို့လစ်ဗာပူးနည်းပြ ကလော့ပ်ကအတည်ပြုသွား ခဲ့တာဖြစ်ပါတယ်။

Getty Images

မာနေးဟာ အခုနှစ်ဘောလုံးရာသီမှာစုစုပေါင်း၃၁ပွဲအထိကစားပြီးချိန်မှာ သွင်းဂိုး၁၅ဂိုးနဲ့ ဂိုဖန်တီးမူ ၁၁ကြိမ်အထိပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်အသင်းတွေနဲ့ပွဲ မှာ လွဲချော်နိုင်တာကြောင့် လစ်ဗာပူးအသင်းရဲ့ ရူံးပွဲမရှိစံချိန်ထပ်တင်နိုင်ဖို့အတွက်တော့ အခက် အ ခဲတွေ့ဖို့ရှိနေတာဖြစ်ပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *