Sponsored

မြောက်အာရေဗျပင်လယ်အတွင်း စစ်ဆင်ရေးခုတ်မောင်းနေတဲ့ အမေရိကန်ရေတပ်ဖျက်သင်္ဘောတစ်စီး၏ ရုရှစစ်ရေယာဉ်တစ်စင်းက အမေရိကန်ဖက်က သတိပေးချက်ကို မသိကျိုးကျွန်ပြုပြီး ဒေါသတကြီး ချည်းကပ်ခုတ်မောင်းလာရာ တိုက်မိလုဘေးအထိ ဖြစ်ခဲ့တယ်လို့ အမေရိကန်ရေတပ်က သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။

CNN က ရရှိတဲ့ ဗီဒီယိုမှာ ရုရှစစ်သင်္ဘောဟာ အမေရိကန် USS Farragut ဆီ ရုတ်ချည်း ချည်းကပ်လာရာ ပေ ၁၈၀ အနားထိ ရောက်ပြီးမှ လမ်းကြောင်းပြောင်းသွားကြောင်း နှစ်ဖက်ကာကွယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

Getty Images

အခု ဖြစ်စဉ်ဟာ အမေရိကန်နဲ့ ရုရှစစ်တပ်ကြား နီးကပ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေထဲက နောက်ဆုံးတစ်ခုဖြစ်ပြီး ဒါဟာ ဘေးအန္တရာယ်များပြီး တမင်ရန်ဆွတာဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။

Sponsored

ကုန်လွန်ခဲ့တဲ့ ခုနစ်လခန့်ကလည်း ပစိဖိတ်မှာ အမေရိကန်နဲ့ ရုရှစစ်သင်္ဘောတွေ တေ့ဆိုင်မှုဖြစ်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်မှာတော့ အမေရိကန်စစ်သင်္ဘောဟာ တိုက်မိတာမဖြစ်ရအောင် လမ်းကြောင်းပြောင်းခုတ်မောင်းခဲ့ရတာ ဖြစ်ပါတယ်။

Getty Images

ပြီးခဲ့တဲ့နှစ်က အဲဒီ စစ်သင်္ဘောချင်း တေ့ဆိုင်မှုကို အမေရိကန်စစ်သင်္ဘောပေါ်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ သင်္ဘောရဲ့ ပဲ့ပိုင်းကနေ ရုရှသင်္ဘောပေါ်က စစ်သားတွေကိုတောင် လှမ်းမြင်ရတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ ဇန်နဝါရီ ၉ ရက်က မြောက်အာရေဗျပင်လယ်မှာ USS Farrgut သင်္ဘော ပုံမှန်လုပ်ငန်းစဉ်ခုတ်မောင်းနေချိန် ရုရှရေတပ်သင်္ဘောတစ်စီးက ရန်လိုပြင်းပြစွာ ချည်းကပ်လာတယ်။”လို့ အရှေ့အလယ်ပိုင်းမှာ တာဝန်ထမ်းနေတဲ့ အမေရိကန် ရေတပ် တပ်မဟာ အမှတ်ငါးက ထုတ်ပြန်ပါတယ်။

Getty Images

ရုရှဖက်က ငြင်းဆန်ထုတ်ပြန်ရာမှာတော့ အမေရိကန်သင်္ဘောဟာ အန္တရာယ်ရှိတဲ့ မောင်းနှင်မှုကို လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ချေပထားပါတယ်။

Rf; CNN
မောင်သံဆင့်

XYZ News ၏ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *